backup og meta

ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း

    ချစ်ခင်ရတဲ့သူတွေနဲ့ သက်ဆုံးတိုင် တူတူနေချင်တဲ့ဆန္ဒရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။

    ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက်

    ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရပါတယ်။ ဒီတော့ဘာတွေလုပ်ရမလဲ ကြည့်လိုက်ရအောင်လား။

    (၁) ရေများများသောက်ပါ – ခန္ဓါကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ် အနှံ့ကိုအောက်ဆီဂျင်နဲ့အာဟာရတွေ ပို့ဆောင်နိုင်စေဖို့ပါ။ အသားအရေခြောက်သွေ့တာကင်းစေသလို ဆီးဝမ်းမှန်စေနိုင်ပါတယ်။

    (၂) အိပ်ရေးဝဝအိပ်ပါ – အဝလွန်တာ၊ ဆီးချိုနဲ့နာတာရှည်ပြဿနာတွေကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိပေးပါ။

    (၃) လမ်းလျှောက်ပါ – သိပ်မဝေးတဲ့နေရာလေးတွေကို လမ်းလျှောက်သွားပေးတာက ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

    (၄) တရားထိုင်ပါ – စိတ်ဖိစီးမှုကင်းဝေးစေပြီးကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း တစ်ပတ်ကို ၃ ကြိမ်လောက် တရားထိုင်ပါ။

    (၅)လေ့ကျင့်ခန်းလုပ်ပါ – တစ်နေ့တာမှာ ပုံမှန် ၁၀ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ခံအားကောင်းစေပြီး စိတ်ရောကိုယ်ပါကျန်းမာစေမှာပါ။

    (၆) အသီးအနှံတွေများများစားပါ – သစ်သီးတွေမှာ ဗီတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝတာကြောင့်နေ့တိုင်း သစ်သီးစားပေးသင့်ပါတယ်။ ဖရဲသီး၊ တရုတ်ဇီးသီး၊ထောပတ်သီး၊ ပန်းသီး၊ သခွားမွှေး၊ ကမ္ဗလာသီး၊ ကီဝီသီး၊ မာလကာသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီးတို့ ပုံမှန်စားပေးလို့ရပါတယ်။

    (၇) အချိုလျှော့စားပါ – အချိုစားတာက လိုတာထက်ပိုရင် ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ချင်ရင်တော့ အချိုကဲတဲ့ အစားအစာတွေကိုရှောင်ပါ။

    (၈)ပြုပြင်ထားတဲ့အစားအစာတွေရှောင်ပါပြုပြင်ထားတဲ့အစားအစာတွေက အငန်ကဲတာကြောင့်သွေးတိုးနဲ့နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ပြုပြင်ထားတဲ့အစားအစာတွေထဲမှာပါတဲ့ တာရှည်ခံပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။

    (၉)ဆေးလိပ် နဲ့ အရက်ဖြတ်ပါ -ဆေးလိပ် နဲ့ အရက်ကကောင်းကျိုးလုံးဝမပေးတဲ့အရာတွေဖြစ်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်ရင် မဖြစ်မနေစွန့်လွှတ်ဖို့ လိုပါမယ်။

    (၁၀) ကဖင်းတွေလျှော့ပါ -ကော်ဖီသောက်တာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် တန်ဆေး၊လွန်ဘေးပါ။ ဒါကြောင့်ကော်ဖီအပါအဝင် ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အခြားသောစားစရာတွေကို အများကြီးမစားပါနဲ့။

    ဒီအချက်လေးတွေကိုနေ့စဉ်အလေ့အထလေးတွေဖြစ်အောင် ကိုယ်တိုင်ကနေစပြီး မွေးမြူလို့ တစ်မိသားစုလုံးမှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်လိုက်ရအောင်လား Helloဆရာဝန်ပရိသတ်ကြီးရေ…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement