အလုပ်ခွင်ကို အလုပ်ခွင်လို့ သတ်မှတ်ထားတာထက် ကိုယ့်ရဲ့ဒုတိယအိမ် လို့သတ်မှတ်ထားဖို့လိုသလို လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ့်ရဲ့ မိသားစုဝင်တွေမောင်နှမတွေလို့ သတ်မှတ်ထားဖို့လိုပါမယ်။ အရမ်းမရင်းနှီးနေရင်တောင် သူစိမ်းမဆန်နေဖို့တော့ ဂရုပြုဖို့လိုပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာက အလုပ်ခွင်မှာ စိတ်ဖိစီးမှုကင်းစေမယ့် နည်းလမ်းကောင်းတစ်ရပ်ပါ။
လေ့ကျင့်ခန်းလုပ်ပါ
စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့နည်းလမ်းတစ်ခုပေါ့။ တစ်နေ့တာမှာ အလုပ်တာဝန်တွေအရမ်းမျာေးနရင်တောင် ၁၅ မိနစ်လောက်တော့ အချိန်ပေးပြီး လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာမျိုးလေးလုပ်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အလုပ်ခွင်စိတ်ဖိစီးမှုကို ကင်းစေမယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုပါ။
ကျန်းမာပြီး အာဟာရပြည့်ဝအောင်စားသုံးပေးပါ
ခန္ဓါကိုယ်ကျန်းမာမှလည်း စိတ်ကျန်းမာမှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို ကျန်းမာပြီး အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ပြုပြင်ထားတဲ့ အစားအစာတွေ၊ အလွယ်စား၊ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။ အမျှင်ဓါတ်ကြွယ်ဝပြီး ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကိုစားပေးပါ။ရေများများသောက်ပေးပါ။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။