သင့်ကလေးထိခိုက်အနာတရဖြစ်ရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကလေးဆိုတာ ကိုယ်တိုင်လှုပ်ရှားနိုင်တဲ့အရွယ်ရောက်ကတည်းက ဝမ်းလျားထိုးရင်း၊ လေးဘက်သွားရင်း ဟိုဆွဲဒီဆွဲ စူးစမ်းတတ်ကြတာကြောင့်ထိမိခိုက်မိတာတွေ ရှိတတ်ပါတယ်။ လမ်းလျှောက်တတ်တဲ့အရွယ်ကိုရောက်ရင်လည်းပြေးလွှားဆော့ကစားရင်း မတော်တဆအနာတရဖြစ်တတ်ပါတယ်။

ကလေးအများစုက ချော်လဲပြီး ဒူးပြဲတာ၊ အချွန်နဲ့ခြစ်မိတာ၊ ရှတာ ထိခိုက်ဒဏ်ရာတွေ မကြာခဏဖြစ်တတ်ပါတယ်။ ဒီဒဏ်ရာတွေလောက်က ပုံမှန်အားဖြင့် အသေးစားတွေဖြစ်ပြီး အနာကျက်လွယ်တာကြောင့် မိဘတွေအနေနဲ့ထိုက်သင့်တဲ့ ဂရုစိုက်စောင့်ရှောက်မှုပေးနိုင်ရင် အကောင်းဆုံးပါ။ ထိခိုက်ဒဏ်ရာဆိုတာသေးသေး၊ ကြီးကြီး ကုသစောင့်ရှောက်မှုရှိမှဖြစ်မှာပါ။ ကလေးဆိုတာ နုနယ်လွန်းတာကြောင့် ကိုယ့်ကလေးမှာ ဒဏ်ရာရခဲ့ရင် ဘယ်တော့မှ မပေါ့ဆပါနဲ့။ အသေးစိတ်ကအစ ဂရုစိုက်ပေးသင့်ပါတယ်။

ကိုယ့်ကလေးမှာ ဒဏ်ရာရလာခဲ့ရင် ဘယ်လိုဂရုစိုက်ပေးမလဲ

  • ကလေးကို ဘာမှမလုပ်ပေးခင် ကိုယ့်လက်ကို သန့်စင်အောင်အရင်ဆေးကြောပါ။ ကလေးရဲ့အနာကို ပိုးမဝင်အောင် ကာကွယ်ပေးဖို့က ပထမဦးစားပေးဖြစ်လို့ပါ။ ကလေးကိုချော့ပြီး ထိုင်ခိုင်း၊ ဒါမှမဟုတ် လှဲနေခိုင်းပါ။
  • ဒဏ်ရာကသွေးထွက်နေရင် ပိုးသတ်ပြီးသားဂွမ်း သို့မဟုတ် သန့်ရှင်းတဲ့အဝတ်စတစ်ခုယူပြီးသွေးမတိတ်မချင်း အနာကိုဖိထားပေးပါ။
  • အနာကိုဖြည်းဖြည်းရေနဲ့ဆေးကြောပါ ဒါမှမဟုတ် ရေစိုဝတ်သန့်သန့်နဲ့ ညင်သာစွာသုတ်ပေးပါ။ အနာကို ဖန်ရည်ဆေးဖို့ရေသန့် သို့မဟုတ်salineဆေးရည်ဖျန်းဆေးသုံးနိုင်ပါတယ်။ အနာကိုဆေးရင် ရေနွေးပူမသုံးပါနဲ့။ အယ်ကိုဟော၊အိုင်အိုဒင်း၊ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် စတာတွေကို မသုံးပါနဲ့။ သူတို့က ကလေးကို နာကျင်စေတဲ့အပြင် ရေသန့်ထက်လည်းပိုမကောင်းနိုင်ပါဘူး။
  • ဒဏ်ရာသိပ်မနက်ပေမယ့် အညစ်အကြေးတွေရှိနေတယ်ဆိုရင် ဂွမ်းစလေးကို ဇာဂနာနဲ့ညှပ်ပြီး အရက်ပြန်ဆွတ်ပြီး ဒါမှမဟုတ်ရေနွေးပူကိုဆွတ်ပြီးပေရေသမျှကို ညင်သာစွာသန့်စင်ပေးပါ။
  • အနာကပ် ပလာစတာ သို့မဟုတ် ပတ်တီးစည်းပေးထားရပါမယ်။ ဒါဟာအနာကို အကာအကွယ်ဖြစ်စေပြီး အနာကျက်မြန်စေတဲ့အပြင် မထိမိတော့တဲ့အတွက် နာကျင်မှုတွေ၊သွေးပြန်စို့လာတာတွေ ကိုမဖြစ်စေတော့ပါဘူး။ ပလာစတာမကပ်ခင် Betadine လို ပိုးသတ်ဆေးတစ်ခုခုထည့်ပေးနိုင်ပါတယ်။
  • အနာဖေးတက်လာပြီဆိုရင်တော့ ပလာစတာနဲ့ ပတ်တီးတို့ကို ဖယ်ထားရပါမယ်။ အနာမှာ ညစ်ပေတာတွေ၊ ပြန်ရင်းလာတာတွေရှိလာရင်တော့ အကာအကွယ်အနေနဲ့ပြန်ဖုံးအုပ်ပေးပေါ့။
  • ကလေးတွေရဲ့အနာကို ပိုးသတ်ဖို့ အရက်ပြန်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် သို့မဟုတ် အိုင်အိုဒင်းကို မသုံးပါနဲ့။ အသားအရေမှာလောင်တာ၊ကျိန်းစပ်တာတွေဖြစ်ရပေမယ့် မဖြစ်မနေလိုအပ်တဲ့အရာတွေမဟုတ်လို့ပါ။ အရက်ပြန်ကအသားခြောက်စေနိုင်တယ်(ဒါ့ကြောင့်အနာကျက်နှေးစေတယ်)၊ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်က ကျန်းမာတဲ့ဆဲလ်တွေဖြစ်ပေါ်မှုကိုတားဆီးတယ်။ အနာကို သန့်စင်ဖို့ကရေနဲ့ဆပ်ပြာက လုံလောက်ပါတယ်။
  • အနာကိုနေ့တိုင်း စစ်ဆေးပါ။ အနာကပ်ပလာစတာလေးတွေက အသစ်လဲဖို့လွယ်ကူလို့ အနာကိုနေ့စဉ်သန့်စင်ပေးဖို့၊ စစ်ကြည့်ပေးဖို့ အဆင်ပြေစေပါတယ်။ ပလာစတာကိုရေစိုသွားရင်၊ ညစ်ပေနေရင်၊ပေါက်ပြဲနေရင် လဲပေးပါ။
  • မေးခိုင်ကာကွယ်ဆေးထိုးပါ။ အထူးသဖြင့် သံစူးတာလိုမျိုး ထိုးမိတဲ့ဒဏ်ရာမျိုးဖြစ်ရင်မေးခိုင်ပိုးဝင်နိုင်တာကြောင့် ပိုသတိထားသင့်ပါတယ်။

တကယ်လို့

  • ဒဏ်ရာက ကလေးရဲ့မျက်နှာမှာဖြစ်ခဲ့ရင်
  • ဒဏ်ရာ ကြီးရင်၊
  • သန့်စင်ပေးရခက်အောင် ညစ်ပေနေရင်၊
  • အနာမကျက်ရင်၊ ပိုးဝင်နေပြီလို့ယူဆရရင်
  • အနာတဝိုက်မှာ အရမ်းနာနေရင်၊ရောင်ရမ်းလာရင်၊
  • ဒဏ်ရာများရင် ၊အကြောင်းရင်းမသိရတဲ့ဒဏ်ရာတွေဖြစ်ရင်(ကလေးငယ်တွေမှာ)
  • ကလေးက အဖျားတက်နေရင် ဆရာဝန်အမြန်ဆုံးပြပြီး ကုသမှုခံယူသင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

အရိုးအဆစ်ပြဿနာဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်ကအဖြစ်အများဆုံးပါ။ သေသေချာချာ ကုသမှုခံယူမယ်ဆိုရင် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ်နဲ့ ကြွက်သားနာကျင်ခြင်းက အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ နာကျင်တာကို သက်သာအောင် လုပ်ရသလို နောက်ခံရောဂါကိုလည်း ရှာဖွေကုသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ ဘေဘီလေးတို့ အိပ်ပျော်စေဖို့ သတိပြုစရာလေးတွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ ခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင်

အခုလိုကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ ခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းဗိုက်တွင်း ပြည်တည်နာ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
အဆစ်အတွင်း သွေးယိုခြင်း

အဆစ်အတွင်း သွေးယိုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read