ဗီတာမင် PP နဲ့ အသားအရေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 6, 2020 . 2 mins read
Share now

ဗီတာမင် PP ဆိုလို့ ရှိလို့လား၊ ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီး မအံ့ဩ သွားနဲ့နော်။ ဗီတာမင် PP ဆိုတာက ဗီတာမင် B အုပ်စုဝင် ဗီတာမင် B3 ပါ။

ဒီ ဗီတာမင်က စားသုံးလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးမှု တာဝန်ကို အဓိက ထမ်းဆောင်နေတာပါ။ ခန္ဓာကိုယ်က ပရိုတင်း နဲ့ အဆီတွေကို အသုံးပြုဖို့ ထောက်ပံ့ပေးသလို အာရုံကြောစနစ် ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ အလှအပအတွက်တော့ ဆံသားနဲ့ အသားအရေ ကျန်းမာလှပစေဖို့လည်း ကူညီ အားဖြည့်ပေးပါသေးတယ်။

ဗီတာမင် PP က အသားအရေအတွက် ဘာလုပ်ပေးလဲ…………

ဗီတာမင် PP၊ ဗီတာမင် B3၊ niacinamide လို့ အမည်နာမ အမျိုးမျိုး ရှိတဲ့ ဗီတာမင်လေးက အသားအရေအတွက် လိုအပ်တဲ့ ပရိုတင်းတွေကို ထောက်ပံ့ပေးပြီး ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ အစိုဓာတ် ထိန်းပေးတာနဲ့အတူ အခုလို အလှအပ အကျိုးကျေးဇူးလေးတွေကိုလည်း ပေးပါသေးတယ်။

ကိုယ်ခံအား ကောင်းစေတယ်

Niacinamide  က ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးသလို အရေပြားတွေကို တင်းရင်း ကျန်းမာစေဖို့လည်း ကူညီပေးပါတယ်။

အရေပြားအပေါ်ယံလွှာကို ကာကွယ်ပေးတယ်

Niacinamide  က အရေပြား အပေါ်ယံလွှာကို ကာကွယ်ပေးတဲ့ ceramide (lipid) ကို ဖြစ်ပေါ်စေပြီး အရေပြားကို အစိုဓာတ် ထိန်းပေးပါတယ်။ အရေပြား ခြောက်သွေ့ ကြမ်းတမ်းတာ နဲ့ နှင်းခူတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အရောင် ကျစေနိုင်တယ်

အရေပြားမှာ ဝက်ခြံ၊ နှင်းခူတို့လိုမျိုး အရေပြား ပြဿနာတွေကြောင့် နီမြန်းရောင်ရမ်းတာကို သက်သာစေဖို့လည်း ဗီတာမင် PP က အားဖြည့်ပေးပါသေးတယ်။

ချွေးပေါက် ကျဉ်းစေတယ်

ဗီတာမင် PP က အရေပြားကို အစိုဓာတ် ထိန်းပေးပြီး ချွေးပေါက်တွေကို ထိန်းညှိပေးတာကြောင့် ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

အဆီမပြန်စေဖို့ ထိန်းပေးတယ်

အစိုဓာတ် ထိန်းပေးတာကြောင့် အသားအရေကို ခြောက်သွေ့မှု ကင်းစေသလို အဆီဂလင်းတွေကိုလည်း အဆီတွေ အများကြီး မထွက်စေဖို့ ထိန်းညှိပေးတာကြောင့် အဆီပြန်ခြင်း ကင်းစေမှာပါ။

နေလောင်ဒဏ်ကနေ ကာကွယ်ပေးတယ်

ဗီတာမင် PP က အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်စေဖို့လည်း အားဖြည့်ပေးပါတယ်။

အမည်းစက်တွေကို လျော့ပါးစေတယ်

ဗီတာမင် PP က ကော်လာဂျင် ထွက်ရှိလာစေဖို့ လှုံ့ဆော်ပေးတာကြောင့် အရေပြားပေါ်က အမည်းစက်တွေ အမာရွတ်တွေ လျော့ပါးစေဖို့ အားဖြည့်ပေးပါတယ်။ အစက်အပြောက် ကင်းစင်တဲ့ အလှတရားကို ဖန်တီးပေးနိုင်မှာပါ။

အရေးအကြောင်းတွေ လျော့ပါးစေတယ်

ဗီတာမင် PP က နေရောင်​ကြောင့် အသားအရေ အိုမင်းတာနဲ့ အရေးအကြောင်း ဖြစ်ပေါ်တာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာကိုလည်း ကာကွယ်ပေးပါတယ်။

ဝက်ခြံ သက်သာစေတယ်

ဝက်ခြံတွေ၊ အဆီဖုတွေကြောင့် စိတ်ညစ်နေသူတွေအတွက်လည်း ဗီတာမင် PP က ကူညီပေးနိုင်ပါတယ်။ ဝက်ခြံ သက်သာစေပြီး အသားအရေ ကောင်းလာစေဖို့လည်း အားဖြည့်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်မှုကနေ ကာကွယ်ပေးတယ်

စိတ်ဖိစီးမှု၊ နေရောင်၊ အဆိပ်အတောက်တွေ၊ ညစ်ညမ်းမှုတွေလိုမျိုး အရာတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးတဲ့ တာဝန်ကိုလည်း ဗီတာမင် PP က လုပ်ဆောင်ပေးပါတယ်။

ကဲ………….. ဗီတာမင် PP က အလှအပဗီတာမင်ရယ်လို့ တင်စားရလောက်တဲ့အထိ ကောင်းတယ်ဟုတ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲတာက ခံရခက်ပြီး အခန့်မသင့်ရင် နာတာ၊ ပိုးဝင်တာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှီတဲ့သူတွေဆို ပိုပြီး ဂရုတစိုက် ကုသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ကိုဗစ်ကြောက်လို့ အိမ်တွင်းအောင်းနေရတာနဲ့ အပျင်းပြေ မုန့်တွေစားရင်း အထိုင်များရင်း စိတ်ဖိစီးရင်း ဝိတ်တွေ တက်လာလို့ စိတ်ညစ်နေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 23, 2020 . 2 mins read

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ဗီတာမင်ဒီဟာ ကိုဗစ် ကာကွယ်ရေးမှာရော ကုသရေးမှာပါ ကောင်းကျိုးရှိတယ်လို့ လုံလောက်တဲ့ သက်သေပြချက် မရှိသေးပါဘူး။ ဒါကြောင့် ချိန်ဆပြီး သောက်ဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 21, 2020 . 2 mins read

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 20, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read
အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read