Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

အရင်တုန်းကတော့ skincare ဆိုရင် Cream type ( ခရင်ပုံစံ) လိုမျိုးတွေသာ ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ gel type ( ဂျယ်လ်ပုံစံ) ၊ serum ( အဆီပုံစံ) Milk ( နို့ရည်) ဆိုပြီး အမျိုးအစားတွေ အများကြီးပေါ်လာပါတယ်။ နို့ရည် ဂျယ်လ်ပုံစံ နဲ့ ခရမ်တို့ကတော့ ရှင်းပါတယ်။ serum ကျတော့ အားလုံးနဲ့ မတူတစ်မျိုးလေးကွဲတယ်။ ရေဓာတ်ဖြည့်ပေးပေမယ့် အစိုဓာတ်ထိန်းခရင်မ်လည်း မဟုတ်ပြန်ဘူး။ အဆီတွေပါတယ်ဆိုပေမယ့် အဆီတွေချည်းစုထားတဲ့ skin care လည်းမဟုတ်ပြန်ဘူး။ ရေပါဝင်မှုများတဲ့ essence လည်းမဟုတ်ပြန်ဘူး။ ဒီတော့ serum ဆိုတာ ဘာများပါလိမ့်။ အသားအရေအတွက်ဘယ်လိုကောင်းကျိုးတွေ များရှိတာပါလိမ့်။

Serum ဆိုတာဘာလဲ။

Serum ဆိုတာအားလုံးသိကြတဲ့အတိုင်း skincare အမျိုးအစားတွေထဲ ကတစ်ခုပါ။ မျက်နှာသန့်စင်ပြီးပြီဆိုတာနဲ့ အစိုဓာတ်ထိန်းခရင်မ်မလိမ်းခင်လေးမှာ serum ကို လိမ်းပေးရပါတယ်။ ဒါမှ serum မှာပါဝင်တဲ့ အာနိသင်တွေက မျက်နှာအသားအရေထဲ တိုက်ရိုက်စိမ့်ဝင်မှာပါ။ နောက်ပြီး serum ဟာ သေးငယ်တဲ့မော်လီကျူးလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ စိမ့်ဝင်မှုအားကောင်းပြီး အာနိသင်ပါဝင်မှုကလည်း အများဆုံး အနေအထားမှာဖြစ်လို့ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်မှာပါ။

Serum နဲ့ moisturizer အစိုဓာတ်ခရင်မ်နဲ့တူလား။ ။

တူတယ်လို့ ပြောလို့ရသလို မတူဘူးလို့လည်း ပြောလို့ရပါတယ်။ ရှုပ်သွားလားမသိဘူး။ တူတဲ့အချက်ကတော့ Serumက moisturizer တွေလိုပဲ အရေပြားကို အစိုဓာတ်ထိန်းပေးပါတယ်။ မတူတဲ့အချက်ကတော့ အစိုဓာတ်ထိန်းခရင်မ်တွေလိုမျိုး အရေပြားမှာရှိတဲ့ အစိုဓာတ်တွေကို Lock ပေးတာမျိုးတော့ မဟုတ်ပါဘူး။

Serum ကို ဘယ်လောက် အကြိမ်ရေများများ အသုံးပြုပေးရမှာလဲ။ ။

ဒါကတော့ ကိုယ်သုံးတဲ့ တံဆိပ်ပေါ် မူတည်ပြီး ကွဲပြားမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့တစ်ကြိမ်လောက် အသုံးပြုတာနဲ့တင် အသားအရေကို ထိန်းသိမ်းပေးနိုင်မှာပါ။

Serum နဲ့ face oil နဲ့ ဘာကွာလဲ။

Serum နဲ့ face oil နဲ့ ကွာခြားချက်ကတော့ serum က ရေဓာတ်ကို အခြေခံထုတ်ထားတာဖြစ်ပြီး face oil ကတော့ serum ထက် အဆီပါဝင်မှု ရာခိုင်နှုန်းပိုများပါတယ်။

Serum နဲ့ essence နဲ့ကရော ဘာကွာလဲ ။ ။

Serum နဲ့ essence နဲ့က အာနိသင်အရရော သုံးရတဲ့ အချိန်အရရော ကွာခြားမှု မရှိပါဘူး။ တစ်ခုရှိတာက serum က ပိုပျစ်ပြီး essence က အရည်ဘက်ပိုရောက်ပြီး ကျဲပါတယ်။

Serum က ခဏလေးနဲ့ ပျက်စီးတတ်လား။

Serum မှာပါတဲ့ တချို့ ပါဝင်ပစ္စည်းတွေက လေနဲ့ထိတွေ့လိုက်ရင် ခဏလေးနဲ့ ပျက်စီး လွယ်တတ်ပါတယ်။ ဥပမာ ဗီတာမင် စီလိုမျိုးပေါ့။ ဗီတာမင် စီ ရဲ့ Ascorbic acid က လေထုထဲက အောက်ဆီဂျင်နဲ့ ဓာတ်ပြုလွယ်ပြီး oxidize ဖြစ်သွားတတ်လို့ အမြန်ပျက်စီးလွယ်ပါတယ်။ ဒါပေမယ့် ဗီတာမင် စီက ရေထဲ ပျော်ဝင်လွယ်တဲ့ ဗီတာမင်ဖြစ်လို့ ရေဓာတ်အခြေခံထုတ်ထားတဲ့ serum ထဲမှာတော့ ပျက်စီးဖို့ ခဲယဉ်းပါတယ်။ အဓိကက နေရောင်နဲ့ တိုက်ရိုက်မထိဖို့ရယ် ၊ အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားမယ်ဆိုရင် ပုလင်းဖွင့်ပြီး ၆ လကနေ ၁ နှစ်လောက်အထိ ခံပါတယ်။ ။

အသားအရေအလိုက် ဘယ်လိုအမျိုးအစား serum တွေကိုသုံး သင့်သလဲ ။

ဝက်ခြံသမားတွေအတွက်တော့

ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့၊ အရေပြားပြုပြင်မှု အပိုင်းကို အားပေးပြီး ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ ဗီတာမင် C အဓိက serum
ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်လည်းရှိတယ် ရောင်ရမ်းခြင်းတွေကိုလည်း လျှော့ချပေးတဲ့ retinol ပါဝင်မှု များတဲ့ serum
• အရေပြားဓာတ်မတည့်မှုတွေကို ထိန်းညှိပေးပြီး အဆီထွက်ခြင်းကို လျှော့ချတဲ့ zinc ပါဝင်တဲ့ serum
• ချွေးပေါက်ပိတ်ခြင်းကို လျှော့ချပေးတဲ့ salicylic acid ပါဝင်တဲ့ serum အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

အသားအရေခြောက်တဲ့သူတွေကတော့

• ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်လည်းရှိတယ်၊ အရေပြားကိုချောမွတ်စေတဲ့ ဗီတာမင် E အဓိကပါဝင်တဲ့ serum
• အရေပြားရဲ့ ကျုံနိုင်ဆန့်နိုင်အားကိုး ကောင်းစေပြီး အရေပြားတွင်းမှာရှိတဲ့ ceramide levels ကိုတက်စေတဲ့ niacinamide ပါဝင်တဲ့ serum
• အရေပြားရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရောင်မညီမညာဖြစ်တာကို လျှော့ချပေးတဲ့ glycolic acid နဲ့
• အရေပြားရဲ့အစိုဓာတ်ကို ပြန်ထိန်းပေးတဲ့ hyaluronic acid ပါဝင်တဲ့ serum အမျိုးအစားကိုေ ရွးချယ်ပေးရမှာ ဖြစ်ပါတယ်။

ကိုယ့်အသားအရေ မလင်းဘူး မှောင်နေတယ်လို့ ထင်နေတဲ့သူတွေကတော့

• ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ကြွယ်ဝ၊ ခရမ်းလွန်ရောင်ခြည်တွေကနေလည်း ကာကွယ်ပေးပြီး အရေပြားရဲ့ ဆဲလ်တွေကို ပြန်ပြုပြင်ပေးတဲ့ green tea extract, resveratrol, ferulic acid တို့ ပါဝင်တာတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား........ ရင်သားကြီးတာကို သဘောကျတာများပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read