backup og meta

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကိုဘယ်လိုဖယ်ရှားမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကိုဘယ်လိုဖယ်ရှားမလဲ

    ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကို ဘယ်လိုဖယ်ရှားမလဲ။

    ဝက်ခြံတွေ အစုလိုက်ပေါက်တာနဲ့တင် လုံလောက်ပါပြီ။ ဒါပေမဲ့ဝက်ခြံတွေ ပျောက်သွားတာ ကြာလှနေတာတောင် ဘုတွေဒစ်တွေနဲ့ အမှတ်တွေကျန်ရစ်ခဲ့တာကြီးက ပိုဆိုးပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒါတွေကိုကွယ်ပျောက်သွား အောင် ဖယ်ရှားပေးနိုင်တဲ့ ကုသနည်းတွေရှိနေပါတယ်။ ဒါပေမဲ့ ပထမဆုံး သင့်ကိုယ်သင် ဘာနဲ့ရင်ဆိုင်နေရတာလဲဆိုတာတော့ သိဖို့လိုအပ်ပါတယ်။ ဝက်ခြံပေါက်ပြီး အမဲစက်တွေကျန်ရစ်ခဲ့တာနဲ့ ဝက်ခြံအမာရွတ်တွေက အတော်ကြီးကို ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ကာကွယ်ခြင်း ကနေ ကုသခြင်းအထိ လုပ်ဆောင်နိုင်ဖို့ သင်ကဘာဖြစ်နေတာလဲဆိုတာနဲ့ ဘယ်လိုကုသရမလဲ ဆိုတာသိသင့်ပါတယ်။ လူတွေဟာ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို မှားလေ့ရှိကြပေမဲ့ သူတို့ကတကယ်တမ်းအတော်ကြီးကိုကွာခြားကြတာပါ။ အနီရောင် သို့မဟုတ် အညိုရောင် အသားရောင်ခြယ်တွေများလာခြင်းတွေ ဝက်ခြံနောက်မှာ ကပ်လိုက်လာတာက ယာယီ ရောင်ရမ်းခြင်းကြောင့်ပါ။ ဒီအမှတ်တွေက လအနည်းငယ် ကြာတတ်ပြီး သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ တကယ့် ဝက်ခြံအမာရွတ်တွေကတော့ မကုသမချင်း ကျန်ရစ်နေတတ်ပြီး ပုံစံအမျိုးမျိုးနဲ့လည်း ဖြစ်ပေါ်တတ်ပါသေးတယ်။ အချို့အမာရွတ်တွေက ထူပြီးထင်ရှားနေတတ်တာ သို့မဟုတ် keloid scar (အရေပြားတစ်ရှူးတွေ လိုအပ်သည်ထက်ပိုနေသော)တွေဖြစ်နေတာ ဖြစ်တတ်ပါတယ်။ အချို့အမာရွတ်တွေကတော့ အရေပြားပေါ်မှာ အနည်းငယ်သာ ပေါ်နေတတ်ပြီးသူတို့ကို atrophic scars တွေလို့ခေါ်ပါတယ်။ ဝက်ခြံကြောင့်အဖြစ်များတဲ့ atrophic scar တစ်မျိုးကိုတော့ ice pick scar (ရေခဲခွဲကိရိယာကြောင့် ရသောဒဏ်ရာလောက် သေးငယ်သောအမာရွတ်)တွေလို့ သတ်မှတ်ကြပါတယ်။ ဒီအမျိုးအစားတွေက နေရာကျယ်ကျယ်ပြန့်ပြန့်မယူဘဲအတွင်းကိုနက်ကြတာမျိုးပါ။

    ဝက်ခြံကြောင့်ကျန်ရစ်သောအမဲစက်များကိုဖယ်ရှားခြင်း

    အဆင့် ၁

    ဖြစ်သောနေရာကိုချေးချွတ် scrub အပျော့စားနဲ့သန့်စင်ပါ။ ဒါကဆဲလ်သေတွေကို လျင်မြန်စွာဖယ်ရှားပေးပြီး ဆဲလ်သစ်တွေပြန်လည် ဖြစ်ပေါ်လာစေပါတယ်။ ပြင်းထန်စွာချေးချွတ် သန့်စင်တာက သင့်အရည်ပြားကို ထိခိုက်ပျက်စီးစေနိုင်တာ ကြောင့် sodium tetraboratedecahydrate granules သို့မဟုတ် polyethylene beads ပါဝင်တဲ့ ပိုပြီးနူး ညံ့တဲ့ scrub တွေကိုအသုံးပြုသင့်ပါတယ်။

    အဆင့် ၂

    Hydroquinone လို့ခေါ်တဲ့ အမဲစက်တွေကိုအရောင်ချွတ်နိုင်တဲ့ သို့မဟုတ် အရောင်ဖျော့သွားစေတဲ့ ဓါတုပစ္စည်းကိုသုံးဖို့ အရေပြားအထူးကု သို့မဟုတ် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ hydroquinone ကိုဆေးစာမပါဘဲဆေးဆိုင်မှာ ဝယ်လို့ရနိုင်ပေမဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေး တွေကပိုပြီးစိတ်ချရပါတယ်။ သူတို့မှာက hydroquinone ပြင်းအားပိုများပြီးအမဲ စက်တွေကိုပိုပြီးလျင်မြန်စွာပျောက်ကွယ်သွားစေနိုင်ပါတယ်။

    အဆင့် ၃

    In-office သို့မဟုတ် အိမ်မှာ chemical peeling တစ်ခုခုလုပ်ဖို့အတွက် ဆရာဝန်သို့မဟုတ် အရည်ပြားအထူးကုကိုပြော ကြည့်ပါ။ ဒီပစ္စည်းတွေမှာ glycolic, lactic or salicylic acid စတဲ့ မတူညီတဲ့ အက်ဆစ်တွေပါတာကြောင့် အမာရွတ် အသေးစား(အပျော့စား) တွေကိုကုသနိုင်ပြီးအသားအရောင်မညီတာကိုလျှော့ချပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးရမယ့် အခြားအကြောင်းအရာတစ်ခု ကတော့ dermabrasionအကြောင်းပါပဲ။ dermabrasionဆိုတာ high-speed rotation brush တွေ ablative lasers သို့မဟုတ် aluminum oxide crystals တွေနဲ့ အခြားသော ပွတ်တိုက်စားသော ပစ္စည်းတွေကိုသုံးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးကာ အမာရွတ် ဖြစ်ပေါ်ခြင်းကို လျှော့ချပေးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။

    သတိပေးချက်

    အနည်းဆုံး SPF 30 ပါဝင်တဲ့ နေလောင်ခံခရင်မ်ကို အပြင်ထွက်တိုင်းသုံးပါ။ ဒီလိုလုပ်ပေးခြင်းက အမဲစက်တွေပိုပြီး အရောင်ရင့်လာခြင်းက ကာကွယ်ပေးပြီး hydroquinone သုံးထားတဲ့အချိန်မှာတောင် နေရောင်ရဲ့အထိအတွေ့ကို ပိုသက် ရောက်စေတာကနေ သင့်အသားအရေ ကိုကာကွယ်ပေးပါတယ်။

    ဝက်ခြံတွေကိုမညှစ်ပါနဲ့။ ဝက်ခြံညှစ်တာက အမာရွတ်ထင်တာကို ပိုပြီးဆိုးရွားစေပါတယ်။ Borage oil (စဉ့်စာလပ်ဆီ) ကိုသောက်ပေးပါ။ ကယ်လီဖိုးနီးယားက Merry Clinicရဲ့အဆိုအရအဲ့ဒါကအိုမီဂါ ၆တွေကြွယ်ဝစွာပါဝင်ပြီးအရေပြား အသစ်ဖြစ်ပေါ်မှုကိုလှုံ့ဆော်ပေးပါတယ်။ သူက ရောင်ရမ်းနီရဲနေခြင်းနဲ့ အရေခွံကွာခြင်းစတဲ့ အမာရွတ်ဖြစ်ပေါ်စေတဲ့ အရာမှန်သမျှကို လျှော့ချပေးပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement