backup og meta

ဝါးကပေးတဲ့ အလှအပတရား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝါးကပေးတဲ့ အလှအပတရား

    ဝါးလို့ ပြောလိုက်ရင် အသုံးအဆောင်တွေကို ပြုလုပ်ဖို့ သုံးတဲ့အရာလို့ပဲအတော်များများက ပြေးမြင်နိုင်ပါတယ်။ ဝါးကို အလှအပအတွက် အသုံးပြုဖို့ဆိုတာ တွေးမိဖို့ ခက်နိုင်မှာပါ။

    ဒါပေမယ့် ကိုရီးယားနိုင်ငံက ထုတ်တဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ဝါးကနေ ထုတ်ထားတယ်ဆိုတာတွေကို တော်တော်များများ တွေ့ရတယ်နော်။ ဒါဆိုရင် ဒီ စကင်းကဲတွေကို ရွေးသင့်ရဲ့လား။ ရွေးသင့်တာပေါ့လို့ပဲ ဖြေပါရစေ။ ဘာလို့ ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှ ပြောပြပေးထားတာမို့ ဖတ်ကြည့်ပေးပါနော်။

    ဝါးက အသုံးအဆောင် ဆိုတာထက် ပို အသုံးဝင် ပါတယ်။

    ဝါးပင်ရဲ့ အဆီအနှစ်တွေက အလှအပတရားကို အခုလို အားဖြည့်ပေးပါတယ်။

    အာဟာရ ဖြည့်ပေးတယ်

    ဝါးမှာ အသားအရေကို glow စေတဲ့ သဘာဝ silica ပါဝင်နေပါတယ်။ ကော်လာဂျင်ကို ဖြစ်ပေါ်စေပြီး အသားအရေကို ရေဓာတ် ဖြည့်ပေးသလို အရွယ်တင်စေဖို့ အားဖြည့်ပေးပါတယ်။ အသားအရေ နူးညံ့စေပြီး တင်းရင်းလှပစေမှာပါ။

    ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

    ဝါးရဲ့ နောက်ထပ် အလှအပ အာနိသင် တစ်ရပ်က အရေပြား ရောင်ရမ်းမှုကို သက်သာစေတာပါ။ ဝက်ခြံတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားဆဲလ်တွေ အသစ်ဖြစ်စေဖို့လည်း အားဖြည့်ပေးပါတယ်။ အနာကျက်စေဖို့လည်း အားဖြည့် ပေးပါတယ်။ အရေပြားမှာဓာတ်မတည့် ဖြစ်တာကို သက်သာစေဖို့ အတွက်လည်း လိမ်းပေးလို့ ရပါတယ်။

    ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတယ်

    ဝါးပင်ရဲ့ အဆီအနှစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပြီး အရေပြားကို ရေဓာတ်ဖြည့်ပေးတာကြောင့် ဝက်ခြံ အပါအဝင် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

    အဆိပ်အတောက် ဖယ်ရှားပေးတယ်

    ဝါးပင်ရဲ့ နောက်ထပ် အစွမ်းသတ္တိတစ်ခုက ဓာတ်တိုးပစ္စည်း ပါဝင်တာပါ။ ဓာတ်တိုးပစ္စည်း ပါဝင်တာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

    အသားအရေက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကြည်လင်ဝင်းပစေမှာပါ။

    ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်

    အပေါ်မှာ ပြောပြခဲ့သလိုပဲ ဝါးပင်လေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် သူ့ရဲ့ အဆီအနှစ်ကို လိမ်းပေးတာက အသားအရေကို နေ့စဉ် ထိတွေ့မိနေတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာအရေးအကြောင်းတွေ ဖြစ်တာနဲ့ အသားအရေ ထိခိုက်ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    နေလောင်ဒဏ်ကနေ ကာကွယ်ပေးတယ်

    နေလောင်ဒဏ်​ကြောင့် အသားအရေမှာ အရေးအကြောင်း ဖြစ်တာ၊ အမည်းစက်တွေ၊ တင်းတိပ်မှဲ့ခြောက် စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းချင်ရင်တော့ ဝါးပင်ရဲ့ အဆီအနှစ်ကို လိမ်းပေးလို့ ရပါတယ်။

    ဝါးပင်ရဲ့ အဆီအနှစ်က အရေပြားကို နေလောင်ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    အသားအရေကို ရေဓာတ် ဖြည့်ပေးတယ်

    အသားအရေအတွက် အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ဝါးပင်က အသားအရေကို ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အသားအရေကို စိုပြေကြည်လင်စေပြီး အနာအဆာ ကင်းစေဖို့ အကောင်းဆုံး ကူညီပေးမှာပါ။

    ဝက်ခြံ အမာရွတ်တွေ၊ အမည်းစက်တွေ သက်သာစေဖို့ အတွက်လည်း ဝါးပင်ရဲ့ အဆီအနှစ်ကို သုံးပေးလို့ ရပါတယ်။

    အခုလောက်ဆိုရင်တော့ ဝါးပင်လေးကနေ ထုတ်ထားတဲ့ အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကို သုံးသင့်လား ဆိုတာ ဆုံးဖြတ်လို့ ရပြီ ထင်ပါတယ်နော် ………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement