စိတ်ဓာတ်ကျခြင်းကို သက်သာစေမယ့် နနွင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 5, 2020 . 1 min read
Share now

ဟင်းချက်တဲ့အခါ ထည့်သွင်း အသုံးပြုလေ့ ရှိတဲ့ အရောင်အသွေး ဝါညက်ညက်လေး နဲ့ ဟင်းရဲ့ အနံ့ကိုရော အရောင်အဆင်းကိုပါ တိုးစေတဲ့ မီးဖိုချောင် ထဲက ဆေးဖက်ဝင် ဟင်းခတ် တစ်မျိုးက ခန္ဓာကိုယ်ကို ကျန်းမာစေသလို စိတ် ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အကူ ပြုပေးပါသတဲ့။ စိတ်ကျန်းမာရေး အတွက် နနွင်းက ဘယ်လို အထောက်အကူ ပြုပေးလဲ သိချင်တယ် ဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

နနွင်းရဲ့ ကျန်းမာရေး အာနိသင်။

အာရှ ဟင်းလျာတွေကို အရောင်အသွေး လှပစေတဲ့ နနွင်းမှာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝသလို ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ curcumin ပါဝင်နေ ပါတယ်။ နနွင်းကို ရှေးယခင် ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာ တစ်ခု အဖြစ် အသုံးပြုခဲ့ ကြတာပါ။

နနွင်းက အသားအရေ ကျန်းမာ စေတာ။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေတာ အပြင် အဖြစ်အများဆုံး စိတ်ကျန်းမာရေး ပြဿနာဖြစ်တဲ့ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။

နနွင်းက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လား။

နနွင်းမှာပါတဲ့ curcumin က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု အနေနဲ့ ရောင်ရမ်းမှုတွေကို ဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ဖျက်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို လျှော့ချပေးနိုင်လေလေ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်လေလေပါ။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ နာတာရှည် ရောင်ရမ်းမှုတွေက စိတ်ဓာတ်ကျမှုကို ဖြစ်စေနိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ဖြေရှင်းချက် တိတိကျကျ မထုတ်ပေးနိုင်သေးပေမယ့် ရောင်ရမ်းမှုတွေနဲ့ စိတ်ဖိစီးမှု ကြားမှာ ဆက်စပ်မှု ရှိနေတယ်ဆိုတာကတော့ သေချာပါတယ်။

နနွင်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်တဲ့ curcumin က နာတာရှည် ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး စိတ်ဓာတ်ကျတာကို သက်သာစေဖို့ အထောက်အကူ ပြုပေးပါတယ်။

ဒါကြောင့် နနွင်း ပုံမှန် စားသုံးပေးတာက စိတ်ဖိစီးမှုကို အကောင်းဆုံး တိုက်ဖျက် ကာကွယ်ပေးနိုင်မယ့် နည်းလမ်း တစ်ခုပါ။

နနွင်းရဲ့ အရောင်အသွေး ဖြစ်တဲ့ အဝါရောင် ညက်ညက်လေးက စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တာပါ။ အရောင်အသွေး အရရော ပါဝင်နေတဲ့ ဒြပ်ပေါင်းဖြစ်တဲ့ curcumin ကပါ စိတ်ကျန်းမာစေဖို့ စိတ်ပျော်ရွှင်စေဖို့ အကောင်းဆုံး ပံ့ပိုးပေးနိုင်တာကြောင့် စိတ်ကျန်းမာချင်တယ် စိတ်ဓာတ်ကျမှု ကင်းချင်တယ် ဆိုရင် နနွင်းကို ပုံမှန်လေး စားသုံး ပေးစေချင်ပါတယ်။

စိတ်ဓာတ်ကျတာကို သက်သာချင်တယ် ဆေးတွေလည်း မသောက်ချင်ဘူးဆိုရင် နနွင်းကို စိတ်ဓာတ်ကျမှု သက်သာစေဖို့ သဘာဝ ကုထုံးအဖြစ် အသုံးပြုပေးလို့ ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲသလို ဆေးဖက်ဝင်အပင်အဖြစ်လည်းသုံးပါတယ်။လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ သုံးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိတယ် ဘာတွေ စားရမလဲ။

အရေပြားပြဿနာ မှန်သမျှက မသက်သာပါဘူး။ ဆိုရီရေးစစ် အရေပြား ပြဿနာကို ခံစားနေရတယ်ဆိုရင်တော့ ပိုဆိုးပြီပေါ့။ အရေပြားကျန်းမာဖို့က အရေးကြီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

အဆုတ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းပါ။ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ဖလှယ်ပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လောက ပျော်ရွှင်မှုကို ရှာပုံတော်ဖွင့်ရာဝယ်…

ပျော်ရွှင်မှု ဘဝ နေထိုင်မှုပုံစံ စိတ်ချမ်းသာ စိတ်ပျော်ရွှင်မှု ပျော်စရာ မိသားစု အထီးကျန် နောင်တ လူ့ဘဝ စိတ်ဖိစီးမှု ဝမ်းနည်း ရယ်ပြုံး အနာဂတ် လူငယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ငရုတ်ပွနဲ့ကျန်းမာရေး

ငရုတ်ပွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read
ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read