ဆားက ဟင်းလျာတွေ အရသာရှိအောင် ပေါ့နေတာ အရသာ ရှိသွားအောင် စားဖို့ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။
ထွက်မှာ သေချာပြီလား။
ဆား ဆိုတဲ့နေရာမှာ အရောင်ချွတ် သန့်စင်ထားတဲ့ ဆားထက် သဘာဝအတိုင်း ရှိနေတဲ့ ပင်လယ်ဆားက ပိုကောင်းပါတယ်။ ဒီတော့ ဆားက အလှတရားအတွက် ဘယ်လိုထောက်ပံ့ပေးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။
ဟင်းလျာတွေကို အရသာပြည့်ဝစေတဲ့ ဆားက အလှအပအတွက် အခုလို အထောက်အကူပြုပေးနေပါတယ်။ ဆားက
အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့က အလှအပအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ အခြားအရာတွေကို မသုံးချင်ရင်တောင် ရေနဲ့ဆားကို ရောပြီး အရေပြားမှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ နှိပ်နယ်တဲ့ အခါ ခပ်ဖွဖွလေး နှိပ်နယ်ပေးဖို့ လိုပါမယ်။
ဆားက အရောင်ကျစေနိုင်ပြီး အရေပြားပေါ်က အနာတွေကို ကျက်စေနိုင်ပါတယ်။ ဆားရည်နဲ့ ရေချိုးတာက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
အနာတွေကို ဆားရည်နဲ့ ဆေးကြောပေးတာက အနာကျက် မြန်စေပါတယ်။
အသားအရေ glow ပြီး ကျန်းမာစေဖို့ဆိုရင် ထိုက်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ဖို့ လိုပါမယ်။ တစ်နေ့တာမှာ ဆားနည်းနည်း ထည့်ထားတဲ့ ရေတစ်ခွက်စာလောက် သောက်ပေးပါ။
ဒီလို သောက်ပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ကိုယ်တွင်းက ရောင်ရမ်းတာကို သက်သာစေတယ်။ သဘာဝအတိုင်း အသားအရေကို glow ချင်တယ်ဆိုရင် ဆား နည်းနည်းထည့်ပြီး ရေသောက်ပေးလို့ ရပါတယ်။
မျက်နှာက ဝက်ခြံကို သက်သာစေဖို့ဆိုရင် ဆားကို အသုံးပြုပေးလို့ ရပါတယ်။ ဆားက အရေပြားကို အစိုဓာတ် ထိန်းပေးသလို ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။
အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ဝက်ခြံတွေ အများကြီး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရှိနေတဲ့ ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။
အသားအရေအတွက်အပြင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Salt Water Benefits: Some beauty benefits of salt water https://www.lifealth.com/lifestyle/beauty/salt-water-benefits-beauty-benefits-salt-water-mj/90155/ Accessed Date 17 August 2020