backup og meta

ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု

ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု

ရှာလကာရည်ကို အချဉ်စိမ်ဖို့၊ အချဉ်သုပ်တွေထဲမှာ ထည့်ဖို့ပဲ အသုံးများ ကြပါတယ်။ တကယ်ကတော့ ရှာလကာရည်က စားစရာ တစ်ခု ဆိုတာထက် ပိုပြီး အလှအပ အတွက်ပါ အသုံးဝင်ပါတယ်။ ရှာလကာရည်ကို အလှအပအတွက် ဘယ်လို အသုံးပြုရလဲ ဆိုတာ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ရှာလကာရည်ကို အလှအပအတွက် သုံးလို့ရလား………

ရှာလကာက တန်ဖိုးနည်း အလှအပ လျှို့ဝှက်ချက် တစ်ခုပါ။ အသားအရေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါတင်မကပါဘူး။ အသားခြောက်တာ၊ အသား ယားယံတာ၊ အရေပြား အဖက်လန်တာ၊ ဝက်ခြံ စတဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အစက်အပြောက်တွေကို သက်သာစေဖို့အတွက်လည်း ရှာလကာရည်ကို အသုံးပြုပေးလို့ရပါတယ်။ ရှာလကာရည်ကို နည်းလမ်းမှန်မှန် အသုံးပြုတာက အသားအရေကို ကြည်လင်စေမှာပါ။

ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု

ရှာလကာရည်ကို အလှအပအတွက် အခုလိုလေးတွေ အသုံးပြုပေးလို့ ရပါတယ်။ ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု လေးတေါက ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

အသားအရေအတွက်

အသားအရေအတွက် ရှာလကာရည်ကို အသုံးပြုတဲ့အခါ သဘာဝပစ္စည်းကနေ ထုတ်ထားတဲ့ ရှာလကာရည် (ဥပမာ ပန်းသီးရှာလကာရည်) က အသင့်တော်ဆုံးပါ။ ရှာလကာရည်ကို အသားအရေ သန့်စင်မှုအတွက် အသုံးပြုပေးလို့ ရပါတယ်။

  • မုတ်ဆိတ် ရိတ်ပြီးတဲ့အခါ –  အမျိုးသားတွေအနေနဲ့ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေ ချောမွေ့စေဖို့ အတွက် ပန်းသီးရှာလကာရည်ကို ရေနဲ့ ဆတူရောပြီး အသုံးပြုပေးလို့ရပါတယ်။
  • မိတ်ကပ်ဖျက်ဆေး၊ Toner – မျက်နှာပေါ်က မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် ရှာလကာရည် နဲ့ ရေကို ဆတူရောပြီး အသုံးပြုပေးလို့ ရပါတယ်။ ပြီးရင် မျက်နှာကို ပုံမှန်အတိုင်း သန့်စင်ပေးလိုက်ရုံပါ။
  • မျက်နှာသစ်ပြီးချိန်မှာ ချွေးပေါက်တွေထဲမှာ ကျန်နေခဲ့တဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက်လည်း ရေ နဲ့ ရှာလကာရည် ရောထားတဲ့ အရောကို မျက်နှာပေါ်မှာ လိမ်းပေးပြီး လေနဲ့ အခြောက်ခံပေးရုံပါ။
  • အဆီပြန်တာကို သက်သာစေတယ် – ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး ရေခဲတုံးသေးသေးလေးတွေဖြစ်အောင် အခဲခံလိုက်ပါ။ ရလာတဲ့ အခဲလေးတွေကို မျက်နှာမှာ ပွတ်လိမ်းလိုက်မယ်ဆိုရင် အဆီပြန်တာကို သက်သာစေမှာပါ။
  • ဝက်ခြံ သက်သာစေနိုင်တယ် – ရှာလကာရည် နည်းနည်း၊ ပျားရည်၊ ဂျုံမှုန့်တို့နဲ့ ရောလို့ အနှစ်ရအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ခဏထားပါ။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချပေးပါ။ ပုံမှန် လုပ်ပေးမယ်ဆိုရင် ဝက်ခြံဖြစ်တာကို လျော့ပါးစေမှာပါ။

လက်တွေအတွက်

  • လက်အသားအရေအတွက်လည်း ရှာလကာရည်ကို အသုံးပြုပေးလို့ ရပါတယ်။
  • လက်သည်းနီ ကြာကြာခံစေတယ် – လက်သည်းနီကို ခဏခဏ မဆိုးချင်ဘူးဆိုရင် လက်သည်းနီ မဆိုးခင်မှာ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ရေနွေးခွက် တဝက်စာထဲ ရောပါ။ ပြီးရင် လက်ချောင်းထိပ်လေးတွေကို အဆိုပါအရည်ထဲ ၁  မိနစ် ကနေ ၂ မိနစ်လောက်ထိ စိမ်ထားပေးပါ။ ပြီးရင် လက်သည်းနီ ဆိုးပေးလိုက်ရုံပါ။
  • ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်တယ် – လက်ဖဝါး နုနုလေး ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြောင်းမှုန့်ကို ရှာလကာရည် နည်းနည်းနပြ ရောပြီး လက်ကို ပွတ်ပေးပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် အခြောက်ခံလို့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းလိုက်ပါ။

ဆံသားအတွက်

ရှာလကာရည်ကို ဆံသား တောက်ပစေဖို့ နဲ့ ဆံသား သန့်စင်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။

  • Conditioner အဖြစ် သုံးလို့ ရတယ် – ရှာလကာရည်က ဦးရေပြားနဲ့ ဆံသားကို သန့်စင်စေပြီး ဆံသားကို တောက်ပစေပါတယ်။ ခေါင်းလျှော်ပြီး ရေဆေးချတဲ့အခါ ဆေးချမယ့်ရေထဲကို ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်ပြီး သန့်စင်ရုံပါ။
  • ဗောက် သက်သာစေတယ် – ခေါင်းမလျှော်ခင်မှာ ရေနဲ့ရှာလကာရည် ဆတူရောထားတာကို သုံးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်းကို ပုံမျန်အတိုင်း လျှော်လိုက်ရုံပါ။ ဆံသားကို ကျန်းမာစေပြီး ဗောက်တွေ ကင်းစေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Uses for Vinegar: Beauty Tips https://health.howstuffworks.com/skin-care/problems/treating/uses-for-vinegar-beauty-and-relaxation-ga.htm Accessed Date 14 August 2020

White Vinegar: Ingredients, Uses and Benefits https://www.healthline.com/nutrition/white-vinegar#2 Accessed Date 14 August 2020

Benefits of White Vinegar Regarding Health https://healthyeating.sfgate.com/benefits-white-vinegar-regarding-health-12138.html Accessed Date 14 August 2020

ယခုပုံစံ

08/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်၏ ဘေးထွက်ဆိုးကျိုးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement