backup og meta

ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ

    ဘယ်အရာက ကျွန်တော်တို့ကို ကျန်းမာနေစေတာလဲလို့ မေးခွန်းတစ်ခုမေးလိုက်ရင် ထိပ်ဆုံးမှာရှိနေမှာက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ပါပဲ။ ဒီကိုယ်ခံအားစနစ်အကြောင်း သေချာသိရှိပြီး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်သွားခြင်းက ကျွန်တော်တို့ကို ပိုကျန်းမာအသက်ရှည်စေမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ ကို သေချာလေ့လာကြည့်ကြရအောင်။

    ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ

    ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ ကို တစ်ချက်ချင်း လေ့လာလိုက်ရအောင်နော်။

    ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။

    ကိုယ်ခံအားစနစ်ဆိုတာ လူ့ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ရန်ကနေ ကာကွယ်ပေးဖို့ ထားရှိတဲ့ ခံစစ်တစ်ခုပါ။ အပြင်လေထုကနေ ဘက်တီးရီးယားပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အခါ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်ခြင်း၊ ရောဂါဖြစ်ခြင်း၊ အသက်အန္တရာယ်ထိခိုက်စေခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဒါကို ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က တာဝန်ယူပေးရပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် မျိုးပွားစနစ်ကို ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ ဆဲလ်နံရံတွေကို ဖျက်ဆီးပြီး အားလျော့စေပါတယ်။ ဒီအတွက် ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

    ကိုယ်ခံအားစနစ်ထဲမှာ ဘာတွေ ပါလဲ။

    ၁။ အရေပြား

    ခန္ဓာကိုယ်ပြင်ပမှာ ဖုံးလွှမ်းထားတဲ့ အရေပြားသည် ပြင်ပက ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်ထဲ ဝင်မလာစေဖို့ တားဆီးပေးတဲ့ ပထမဆုံး အကာအကွယ် စနစ်ပါ။ အရေပြားရှိနေတဲ့အတွက် ရောဂါပိုးများဟာ အပြင်မှာသာ ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်တွင်းကို ဝင်မလာအောင်လို့ တားဆီးပေးပါတယ်။

    ၂။ ချွဲ

    ချွဲဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ရှိနေတဲ့ စေးကပ်တဲ့ အချွဲကို ဆိုလိုတာပါ။ ဥပမာ အသက်ရှူလမ်းကြောင်းဆိုပါစို့။ ဒီအချွဲတွေရဲ့ စေးကပ်မှုကြောင့် လည်ချောင်း၊ နှာခေါင်း စတဲ့နေရာကနေ ရောဂါပိုးတွေ ဝင်လာတဲ့အခါ အချွဲမှာ သွားကပ်ပြီး သွေးကြောထဲကို ရောက်မသွားစေဖို့ လုပ်ဆောင်ပေးပါတယ်။

    ၃။ အူလမ်းကြောင်း

    ကိုယ်ခံအားစနစ်ရဲ့ ၇၀ မှ ၈၀ ရာခိုင်နှုန်းသော ဆဲလ်တွေကို အူလမ်းကြောင်းထဲမှာ တွေ့ရပါတယ်။ အစားအစာ၊ အသက်ရှူလမ်းကြောင်း စတဲ့ နေရာကနေ ရောဂါပိုးတွေ ဝင်လာတဲ့အခါ အူလမ်းကြောင်းကို အများဆုံး တိုက်ခိုက်တဲ့အတွက် အူလမ်းကြောင်း ကျန်းမာနေမှသာ ရောဂါပိုးတွေရဲ့ ရန်ကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ကျန်းမာရေး အကျိုးပြု ဘက်တီးရီးယားတွေဖြစ်တဲ့ ပရိုဘိုင်အိုတစ် တွေဟာလည်း အူလမ်းကြောင်းတွင်းမှာ တည်ရှိပြီး ကိုယ်ခံအားစနစ်ကဲ့သို့ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးတွေကို ထိန်းချုပ်ပေးပါတယ်။

    ၄။ ပြန်ရည်ကြောစနစ်

    ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို ဆက်သွယ်ပေးထားပြီး ရေ၊ အစာ၊ အောက်စီဂျင်တွေကို ကိုယ်ခန္ဓာတွင်း ဆဲလ်တွေကို ပို့ပေးကာ အားအင်ဖြစ်စေတယ်။ ကိုယ်ခန္ဓာထဲက မကောင်းတဲ့ အဆိပ်အတောက်တွေနဲ့ ရောဂါပိုးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

    ပြန်ရည်ကြောစနစ်ထဲမှာဆိုရင်

    • ရောဂါပိုးများကို တိုက်ထုတ်ပေးသော သွေးဖြူဆဲလ်များကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီ
    • သွေးပုံမှန် လည်ပတ်စီးဆင်းမှုနဲ့ ပျက်စီးနေတဲ့ ဆဲလ်များကို ဖယ်ရှားပေးတဲ့ သရက်ရွက်
    • ဘက်တီးရီးယားပိုးများကို တိုက်ထုတ်ပေးတဲ့ ဆဲလ်များကို ကြံ့ခိုင်စေတဲ့ သိုင်းမတ်စ်ဂလင်း
    • သွေးနဲ့ တစ်ရှူးထဲမှာ ရှိတဲ့ ရောဂါပိုးများကို ရှာဖွေဖယ်ရှားပေးတဲ့ ပြန်ရည်ကြောအကျိတ်တို့ ပါဝင်ပါတယ်။

    ဘာကြောင့် ကိုယ်ခံအားစနစ်ဟာ အရေးကြီးတာလဲ။

    ကိုယ်ခံအားစနစ်သည် ပြင်ပက ဝင်လာသမျှ ရောဂါပိုးတွေကို ကာကွယ်တိုက်ထုတ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ တစ်ခုတည်းသော ခံတပ်စနစ်ပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းနေသ၍ လူက ကျန်းမာပြီး နေကောင်းနေမယ်၊ ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်မယ်၊ အသက်ရှည်ရှည် နေနိုင်မယ်၊ ဇီဝကမ္မ ဖြစ်စဉ်တွေ ဖြစ်ပျက်နေမှာပါ။

    ကိုယ်ခံအား ကျသွားပြီဆိုတာနဲ့ ထိန်းချုပ်ထားသမျှ ရောဂါပိုးတွေက လူကို ပြန်ပြီး ဒုက္ခပေးနေသလို အပြင်ကနေ ဝင်လာတဲ့ ရောဂါပိုးများကိုလည်း ဟန့်တားနိုင်ခြင်း မရှိတော့တဲ့အတွက် ပိုးတွေက များသထက် များလာပြီး ကျန်းမာရေး ဆုတ်ယုတ်သွားနိုင်ပါတယ်။

    ဒါကြောင့် ကျန်းမာအသက်ရှည်လိုတဲ့သူတိုင်း ကိုယ်ခံအားစနစ်ကျမသွားစေဖို့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို သေချာဂရုစိုက်ပြီး ပြင်ဆင်သင့်ပါတယ်။

    အထူးသဖြင့် ကိုယ်ခံအားကျသွားစေမယ့် အရာတွေ ဖြစ်တဲ့

    • ဆေးလိပ်၊ အရက်သောက်ခြင်း
    • အိပ်ချိန်နည်းခြင်း
    • လေ့ကျင့်ခန်းမလုပ်ခြင်း
    •  အထိုင်များခြင်း၊ လှုပ်ရှားမှုနည်းခြင်း
    •  အစာအာဟာရ စုံလင်စွာ မစားသောက်ခြင်း
    •  မူးယစ်ဆေးဝါး သုံးစွဲခြင်း ..ဒါတွေကို ရှောင်ဖို့လိုပါတယ်။

    ကိုယ်ခံအားစနစ် ကောင်းစေဖို့ ဒါတွေ လိုက်နာပါ။

    ဒီအချက်တွေကို သေချာလေး ရှောင်ကြဉ်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေဖို့

    အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ

    တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီ ရှိအောင် ဂရုစိုက်ပါ။၊ အိပ်ရေးပျက်တာက ကိုယ်ခံအားကို ထိခိုက်စေပြီး ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာစေနိုင်ပါတယ်။

    အစာအာဟာရမျှတပြည့်ဝအောင်စားပါ

    ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ အသား၊ ငါး၊ အသီးအရွက်၊ အစေ့အဆန်တွေ ပါဝင်အောင် စားပေးသင့်ပါတယ်။

    လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း သီးသန့်မလုပ်ချင်ဘူးဆိုရင် လမ်းလျှောက်ပါ။

    အခုပြောခဲ့တဲ့ အမူအကျင့်ကောင်းတွေကို နေ့စဉ် မှန်မှန်လေး လုပ်ပေးသွားမယ် တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ဒေါင်ဒေါင်မြည် အားပြည့်နေပြီး ခန္ဓာကိုယ်ထဲ ဝင်လာမယ့် ရောဂါပိုးမှန်သမျှကို ကောင်းကောင်း တိုက်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ဒါဆိုရင်တော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝမှာ အသက်ရှည်ရှည်နေထိုင်သွားနိုင်မှာမို့ သေချာလိုက်နာပေးပါလို့တိုက်တွန်းလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement