ရှားစောင်းလက်ပပ်ရဲ့ အာနိသင်က နေလောင်ခံရပြီး ကျန်ခဲ့တဲ့ လက္ခဏာတွေကိုလည်း သက်သာစေသလို ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ အရေပြားဆဲလ်အဟောင်းတွေကို ကွာကျစေပြီး ဆဲလ်အသစ်တွေ အလျင်အမြန်ထွက်လာစေလို့ နဂိုအသားအရောင်အတိုင်း ပြန်ရအောင် ကူညီပေးတယ်။ သဘာဝကရတဲ့ ရှားစောင်းလက်ပပ်ဖြစ်စေ၊ ရှားစောင်းလက်ပပ်ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းတွေဖြစ်စေ ရေခဲသေတ္တာ သို့မဟုတ် အေးမြတဲ့ နေရာမှာ သိမ်းထားပြီးမှ အသုံးပြုတာ အကောင်းဆုံးပါပဲ။
၁။ ကိုယ့်အိမ်မှာ ရှားစောင်းလက်ပပ် အပင်စိုက်ထားတာရှိရင် တစ်ခက်လောက် ချိုးပြီး ထွက်လာတဲ့ အကြည်ရောင် စေးကပ်ကပ်ဂျယ်လ်အနှစ်တွေကို နေလောင်ခံရတဲ့ အရေပြားတစ်ဝိုက် စက်ဝိုင်းပုံစံ လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်နေရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ကိုယ်က အပင်မစိုက်ထားဘူးဆိုရင် နီးစပ်ရာ ဆိုင်တွေကနေ ဝယ်ပြီး အသုံးပြုလို့ရပါတယ်။ သတိထားဖို့က လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်တွေကိုပဲ အသုံးပြုဖို့နဲ့ မသုံးခင်မှာ ရေခဲသေတ္တာထဲ အေးနေအောင် အရင်ထည့်ထားဖို့ပါပဲ။
၂။ ဒီဘက်ခေတ် အလှကုန်နဲ့ အသားအရေထိန်းပစ္စည်းတွေမှာ ရှားစောင်းလက်ပပ်ကို မဖြစ်မနေ ထည့်သွင်းလာကြပါပြီ။ ကိုယ်က သဘာဝအတိုင်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဒီပစ္စည်းတွေကို ဝယ်သုံးလို့လည်း အဆင်ပြေပါတယ်။ အဓိက အသားအရေကို အစိုဓာတ်နဲ့ ရေဓာတ်ပြန်ဖြည့်ပေးဖို့အတွက် Lotion သို့မဟုတ် အစိုဓာတ်ထိန်းခရင်မ်တွေကို သုံးပေးရမှာပါ။ လိုသလောက် ပမာဏကို လက်ထဲထည့်ပြီး နေလောင်ခံထားရတဲ့နေရာတစ်ဝိုက် ပါးပါးလေးလိမ်းပေးရမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။