နီကိုတင်းဓါတ်ဟာ ဆေးရွက်ကြီးမှာသဘာဝအတိုင်းတွေ့ရလေ့ရှိတဲ့ ဘိန်းဖြူနဲ့ကိုကင်းတို့လိုမျိုးစွဲလမ်းစေနိုင်တဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ အချိန်တော်တော်များများမှာ လူတွေဟာရုပ်ပိုင်းဆိုင်ရာအရ နီကိုတင်းအပေါ်မှာ မှီခိုနေသလို စိတ်ပိုင်းဆိုင်ရာအရ နီကိုတင်းကိုစွဲလမ်းနေတာမျိုးလည်းရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရနီကိုတင်းစွဲလမ်းမှုက ဆေးလိပ်ဖြတ်ဖို့ကြိုးပမ်းတဲ့အခါ စိတ်မသက်မသာဖြစ်စေတဲ့ ဆေးလိပ်ဖြတ်တဲ့လက္ခဏာတွေကိုခံစားရစေနိုင်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာအရ နီကိုတင်းကိုစွဲလမ်းမှုကတော့ ဆေးလိပ်ဖြတ်ပြီးတဲ့အခါမှာလည်း နီကိုတင်းနဲ့ခပ်ကင်းကင်းနေဖို့ခက်ခဲလှပါတယ်။ လေ့လာမှုတွေမှာ ဆေးလိပ်ဖြတ်တဲ့နည်းနဲ့ ဆေးလိပ်ဖြတ်ပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖော်ပြထားပါတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအရစွဲလမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့လည်းဖာ်ပြထားပါတယ်။
ဆေးလိပ်ငွေ့ကိုရှုရှိုက်လိုက်တဲ့အခါ နီကိုတင်းဓါတ်က အဆုတ်ထဲကိုနက်နက်ရှိုင်းရှိုင်းရောက်ရှိသွားပါတယ်။ ဒီနီကိုတင်းဓါတ်ဟာသွေးကြောထဲကို လျင်လျင်မြန်မြန်ပြန့်နှံ့ရောက်ရှိသွားပြီး သွေးကြောအတွင်းမှာစီဆင်းနေတဲ့ သွေးတွေက နီကိုတင်းဓါတ်ကို ကာဗွန်မိုနောက်ဆိုဒ်၊ အခြားအဆိပ်ဖြစ်စေတဲ့ဓါတ်ပစ္စည်းတွေနဲ့အတူ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းဆီကိုသယ်ဆောင်သွားပါတယ်။ တကယ်တမ်းပြောပြရရင်တော့ စီးကရက်အငွေ့မှာပါတဲ့ နီကိုတင်းကိုရှုရှိုက်လိုက်တဲ့အခါ ဦးနှောက်ကိုနီကိုတင်းရောက်ရှိမှုက သွေးကြောကနေတဆင့် ခန္ဓါကိုယ်ထဲကို နီကိုတင်းဓါတ်ရောက်ရှိမှုထက်မြန်ဆန်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။