အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အခြေခံလိုအပ်သောအာဟာရအားလုံးပါဝင်စေမည့် ကျန်းမာသောစားသောက်မှုပုံစံ

-အစားအစာများ သည် သင်၏စိတ်ရောကိုယ်ပါကျန်းမာ ဖို့ အတွက် အာဟာရမျိုးစုံကို ထောက်ပံ့ပေးသည်။ အမျိုးစုံလင်လှသော အစားအသောက်များကို သင့်တော်သော အချိုးအစား နှင့် ပေါင်းစပ်စားသုံးခြင်းသည် သင့်ကျန်းမာရေးကို မြှင့်တင်ပြီး ရောဂါများကို ကာကွယ်နိုင်ဖို့ အတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ ကျန်းမာရေးနှင့်ညီညွတ်အောင်မည်သို့စားမည်နည်း။ အာဟာရဓါတ်အမယ်စုံကို အချိုးအစားမျှတစွာ စားသုံးတတ်ရပါမည်။ အစားအသောက် တစ်ခုချင်းစီတွင် အကျိုးအာနိသင်အသီးသီးရှိကြသည့် အတွက် အမယ်စုံအောင် စားမှသာလျှင် ခန္ဓါကိုယ်အတွက်လိုအပ်သော အာဟာရကိုရရှိနိုင်မည်။ ထို့ပြင် အာဟာရဓါတ်များစုံလင်အောင် စားသုံးပေးခြင်းဖြင့် အရသာနှင့်ပြည့်စုံစေပြီး ငြီးငွေ့ခြင်းမရှိဘဲ အမြဲတမ်းခံတွင်းကောင်းနေမည်ဖြစ်သည်။ ပါဝင်သင့်သောအစာအုပ်စုကြီး (၅)မျိုး (၁)ဟင်းသီးဟင်းရွက်နှင့်ပဲအမျိုးမျိုး အရန်ဟင်းအနေဖြင့် မုန်လာဥနီကြော် ၊ တရုတ်နံနံစသည်တို့ကိုအသုံးပြုနိုင်သည်။ နေ့လည်စာနှင့်ညစာတွင် အသီးအရွက်ကြော်၊ အရွက်သုပ် ၊ အစိမ်းကြော် ၊ ဟင်းရွက်ဟင်းချို စသည်တို့ကိုစားပေးနိုင်သည်။ ဟင်းသီးဟင်းရွက်များသည် အာဟာရဓါတ်ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် လူတိုင်းစားပေးသင့်ပါသည်။ (၂)အသီးအနှံများ အသီးအနှံများကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်ဖက်ရည် သည် လူကို စွဲလမ်းစေပါသလား

အမေရိကန်နိုင်ငံ လက်ဖက်ရည်သောက်သုံးသူများအသင်း၏ အဆိုအရ ကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက် ပိုမိုသောက်သုံးကြသည်ဟု ဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်သော်လည်း လက်ဖက်ရည်တွင် ပါဝင်သော ကဖင်းဓာတ်မှာ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်စေနိုင်ပါသည်။ လက်ဖက်ရည် သောက်သုံးသောနည်းလမ်းနှင့် ပမာဏပေါ် မူတည်၍ ကဖင်းဓာတ်က ကောင်းကျိုးဆိုးပြစ်များ ဖြစ်စေနိုင်ပါသည်။ သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည် လူကို လန်းဆန်းစေနိုင်ပြီး စွမ်းအင်ရအောင် နှိုးဆွပေးနိုင်သော်လည်း များပြားစွာ သောက်သုံးပါက ကဖင်းဓာတ်ကို စွဲလမ်းစေပါသည်။ လက်ဖက်ရည် မှ ကဖင်းဓာတ်ကို စွဲလမ်းစေခြင်း ကဖင်းဓာတ်သည် ဗဟိုအာရုံကြောမစနစ်ကို လှုံ့ဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလမ်းခြင်း ဖြစ်လာနိုင်ပါသည်။ ဆေးစွဲခြင်းလိုမျိုးတော့ ကဖင်းဓာတ်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို အန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓာတ်ကို စွဲလမ်းပါက စွဲလမ်းနေမှန်း သတိပြုမိမည်လည်း မဟုတ်ပါ။ စွဲလမ်းသူအနေနဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စီစဉ်ထားခြင်းမရှိဘဲ ညစာအပြင်ထွက်စားသည့်အလေ့အထ

ညစာကိုအပြင်စားသောက်ဆိုင်များတွင်စားခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသကဲ့သို့အပေါင်းအသင်းများနှင့်လည်း တွေ့ဆုံနိုင်သည့်အပြင်သင်ကိုယ်တိုင်က ဂရုစိုက်ပါက ကျန်းမာရေးနှင့် ညီညွတ်မျှတ၍ ကိုယ်အလေးချိန်ကျအောင်ရွေးချယ်စားသောက်နိုင်ပါသည်။ ကျွန်ုပ်အနေဖြင့်ညစာကို သေချာစွာပြင်ဆင်စားဖြစ်သည့်အတွက် မကြာခဏအပြင်ထွက်မစားဖြစ်ပါ။ ကျန်းမာ၍ကိုယ်ခန္ဓါကျစ်လျစ်ရန်အစားအစာကို ကိုယ်တိုင်ပြင်ဆင်သင့်သည်ဟုကျွန်ုပ်ကယုံကြည်ပါသည်။ သို့သော်လည်း Saigon ကဲ့သို့မြို့ကြီးများတွင်များပြားသောစားသောက်ဆိုင်များတည်ရှိသည့်အတွက်လူမှုရေးအရသော်လည်းကောင်းသူတို့၏အစားအသောက်များကို စားသောက်မှသာသင့်တော်ပေလိမ့်မည်။ ထို့ကြောင့်ညစာကိုအပြင်ထွက်စားဖြစ်သည့်အခါကျန်းမာရေးနှင့်လည်းညီအောင်၊ အရသာရှိ၍ ကယ်လိုရီများစွာလည်းမစားမိအောင် အောက်ပါအချက် (၈) ချက်ကိုလိုက်နာသင့်ပါသည်။ (၁) ဆီပြင်းပြင်းနှင့်ကြော်ထားသော အစားအစာမပါသည့်ဟင်းလျာများကိုရွေးချယ်ပါ ဆီနှင့်ထပ်ခါထပ်ခါကြော်ထားသော အစားအစာများသည ် ပြည့်ဝဆီပါဝင်မှုနှင့်ကယ်လိုရီများပြားသည့် အတွက်ကျန်းမာရေးအတွက်မသင့်တော်ပါ။ ပြည့်ဝဆီများကို ဆီနှင့်ကြော်ရာမှထွက်လာသောအဆီဓါတ်များသည်လူကိုဒုက္ခများစွာပေးတတ်ပါသည်။ ထို့ပြင် ဆီပြင်းပြင်းနှင့်ကြော်ထားသောအစားအစာများတွင်အာဟာရဓါတ်များလည်းကုန်ခမ်းသွားသဖြင့် နာတာရှည်ကျန်းမာရေးပြဿနာများဖြစ်နိုင်ပါသည်။ (၂) ဆီကြော်များကိုမေ့ထားလိုက်ပါ ဆီကြော်အစားအစာများနေရာတွင်လတ်ဆတ်သော ဟင်းသီးဟင်းရွက်ဟင်းလျာတစ်ခုကို စားသုံးပေးပါ။ အထူးသဖြင့်အစိမ်းရောင်ခြယ်ဟင်းသီးဟင်းရွက်များသည်စွမ်းအင်မြင့်တက်စေနိုင်သည့်အပြင်ခန္ဓါကိုယ်မှအဆိပ်အတောက်များကိုဖယ်ရှားပေးသည်။ ထို့ကြောင့်အစားအစာတစ်ခုစားတော့မည်ဆိုလျှင်ဟင်းသီးဟင်းရွက်က အဓိကအခရာပါသင့်ပါသည်။ (၃) အချိုမှုန့်နှင့်အဆီများသော ဟင်းရည်များကိုရှောင်ပါ အာရှတိုက်သားများအနေဖြင့်အချိုမှုန့်နှင့်သကြားဓါတ်၊ အဆီဓါတ်ကဲ့သောအစားအစာများကိုရှောင်ရန်ခက်ခဲပေလိမ့်မည်။ ထိုဟင်းလျာများသည် ရောင်ရမ်းခြင်းကိုဖြစ်စေသည့်အပြင်ဦးနှောက်၏လုပ်ငန်းဆောင်တာများကို ကျဆင်းစေနိုင်သည့်အတွက်မရွေးချယ်သင့်ပါ။ (၄) အချိုဓါတ်ကဲသော အချဉ်ရည် အစား လိမ္မော် (သို့မဟုတ်) သံပရာရည်ကိုသုံးပါ အချိုဓါတ်ကဲလွန်းသော တို့စားစရာအချဉ်ရည်များ အစား လိမ္မော် (သို့မဟုတ်) သံပရာရည် သင်ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။ (၅) သရေစာများရှောင်ပါ သရေစာများတွင်အဆီဓါတ်နှင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင် ၅မျိုး

အရေပြားကျန်းမာရေးအတွက် ဘယ်လိုဗီတာမင်တွေ လိုအပ်ပါသလဲ။ အရေပြားကျန်းမာရေးဆိုတာ ခန္ဓါကိုယ်ထဲ ဝင်ရောက်သွားတဲ့ အာဟာရဓါတ်တွေနဲ့ သက်ဆိုင်ပါတယ်။ သဘာဝနည်းမဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအသောက်တွေကိုချည်း စားမယ်ဆိုရင် သင့်အရေပြားဟာ အဆီပြန်ခြင်း၊ အရောင်မညီခြင်းတို့ ဖြစ်တတ်ပါတယ်။ ဗီတာမင် ပြည့်ဝစွာ စားသောက်မယ်ဆိုရင်တော့ ပိုပြိး ကျန်းမာတဲ့ ပုံပန်းသွင်ပြင်ကို ရရှိမှာပါ။ ဒါဆို ဘယ်လိုဗီတာမင်မျိုးတွေ လိုအပ်သလဲ။ သူတို့က ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်။ ၁။ ဗီတာမင် အေ အရေပြားပေါ်က တစ်ရှူးတွေ ထိန်းသိမ်းခြင်း၊ ပြန်လည်သန်စွမ်းခြင်းတို့အတွက် ဗီတာမင် အေက အရေးကြီးပါတယ်။ ဗီတာမင် အေ အားနည်းရင်း အရေပြားက မွဲခြောက်ခြောက်ဖြစ်နေတတ်ပါတယ်။ အာလူး၊ မုန်လာဥနဲ့ အစိမ်းရင့်ရောင် အရွက်တွေမှာ ဗီတာမင် အေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ အရေပြားအပေါ်မှာလိမ်းတဲ့ လိုးရှင်းတွေမှာဆိုလည်း ဗီတာမင် အေ ပါဝင်ပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုလုပ်မလဲ

အသင့်စားခေါက်ဆွဲကို ကျန်းမာရေးနှင့် ညီညွတ်အောင် ပြုလုပ်နည်းများ အသက်အရွယ်မရွေး ကလေးကနေ လူကြီးအထိ အသင့်စားလို့ရတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဈေးလည်းသက်သာတာမို့ အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ သိပ်သဘောကျကြပါတယ်။ အလုပ်အရမ်းများလွန်းသူတွေဆိုလည်း ဒီလိုအဆင်သင့်စားလို့ရတဲ့ အစားအသောက်တွေကို ပိုစားဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် အာဟာရတန်ဖိုးအရ ကြည့်ရင်တော့ ဒီအစားအသောက်တွေဟာ အာဟာရမပြည့်စဘဲ အဆီ၊ ဆိုဒီယမ်၊ ကြာကြာအထားခံစေတဲ့ ပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အရောင်ဆိုးမှုတွေ များများပါဝင်နေပါတယ်။ အချိုမှုန့်ရဲ့ အရသာကလည်း စားသုံးသူတွေကို စွဲငြိစေပါတယ်။ ဒါပေမယ့် အဲဒီအသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ခဏခဏစားဖို့ မသင့်တော်ပါဘူး။ ခဏခဏစားမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပြီး သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေပါတယ်။ ဒီခေါက်ဆွဲတွေကို ကြိုက်လည်းကြိုက်တယ်၊ ကျန်းမာရေးနဲ့ သင့်တော်အောင်လည်း စားချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေ ကြည်လင်စေမယ့် အစားအစာ ၇ မျိုး

နေ့ရယ်ညရယ်လို့ခွဲခြားပြီး သိလာနိုင်တာ နေရဲ့ကျေးဇူးပါပဲ။ နေကပေးတဲ့ အရေးအကြောင်းတွေအတွက်လည်း လေးလေးနက်နက်ကို ကျေးဇူးတင်ရမလိုပါပဲလေ။ အသားအရည်တွေဟာ နေ့စဉ်နေရောင်ခြည်နဲ့ထိတွေ့နေရတဲ့အခါမှာ ပြင်းထန်စွာထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ခုချိန်မှာတော့ သင်မြင်ရဦးမှာမဟုတ်ပေမယ့် အချိန်တွေကုန်လွန်သွားပြီး တစ်နေ့မှာ သင့်မှာအရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ မျက်နှာတစ်ပြင်လုံးက အသားအရည်တွေလျော့တွဲနေတာကို သင်တွေ့ရမှာပါ။ ဒါပေမယ့် ဒါတွေကြောင့်ပဲ သဘာဝတရားကြီးက နေရောင်ခြည်ကြောင့် အသားအရည်ပျက်စီးတာကို ပြန်လည်တိုက်ခိုက်ပေးနိုင်မယ့် နည်းလမ်းတွေ လက်ဆောင်ပေးထားတယ်ဆိုတာ သိကြရတာပေါ့။ အသားအရည်ကိုကြည်လင်စေမယ့် အစားအစာ ၇ မျိုးကို အောက်မှာဖော်ပြထားပါတယ်။ ပူဒီနာ လန်းဆန်းစေတယ်မဟုတ်လား။ ယနေ့ခေတ်ရဲ့ သဘာဝစားသောက်ကုန်ထုတ်လုပ်ရေးတွေမှာ ပူဒီနာကို အသုံးများကြပါတယ်။ ပူဒီနာရွက် အနည်းငယ်ပါဝင်တဲ့ ပန်းသီးလက်ဖက်ရည်တစ်ခွက်ဟာ မငြင်းဆန်ရက်စရာပါပဲ။ ပူဒီနာကို သူ့ရဲ့ကုစားပေးနိုင်စွမ်းနဲ့ အေးမြစေတဲ့အစွမ်းတွေကြောင့် လူသိများတာအပြင် သူက သင့်ကိုငြိမ်းချမ်းအေးဆေးမှုကို ခံစားရစေနိုင်တယ်လေ။ ဒါက စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့အစားအစာပါပဲ။ ကျွန်တော်တို့အားလုံးဟာလည်း စိတ်ဖိစီးမှုတွေက ဘာတွေပေးနိုင်သလဲ သိနေကြတာမဟုတ်လား။ ဝက်ခြံတွေလေ။ ကန်စွန်းဥ (အာလူး) ရေဓါတ်ပြည့်နေချင်တယ်ဆိုရင် အထူးသဖြင့်သင့်အသားအရည်ကိုရေဓါတ်ဖြည့်ပေးချင်တယ်ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝက်ခြံအမာရွတ်တွေကိုထိရောက်စွာဖယ်ရှားပေးနိုင်မယ့်အစားအစာ၅မျိုး

ဝက်ခြံအမာရွတ်တွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်မယ့် အစားအစာ၅မျိုး မျက်နှာမှာရှိတဲ့ ဝက်ခြံအမာရွတ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်မယ့် အစားအစာ၅မျိုးရှိပါတယ်။ ဒီအစားအစာ ၅မျိုးကို ပုံမှန် စားပေးခြင်းအားဖြင့် သင့်ရဲ့လှပပြီး ပြစ်မျိုးမှဲ့မထင်တဲ့မျက်နှာလေးကို ပြန်လည် ပိုင်ဆိုင်စေနိုင်မှာပါ။ အဆိုပါအစားအစာ၅မျိုးကတော့ သံပုရာရည် သံပုရာရည်ဆိုတာ သဘာဝတရားက လက်ဆောင်ပေးထားတဲ့ အစွန်းချွတ်ပစ္စည်းတစ်မျိုးပါ။ ဒါကြောင့်မို့သံပုရာရည်ကို သင့်မျက်နှာပေါ်မှာရှိတဲ့ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူပါတယ်။ သံပုရာရည်ကို နေ့စဉ်မနက်တစ်ခါ ၊နေ့ခင်းတစ်ခါ ပုံမှန်သောက်ခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အတွက် သင့်အသားအရေဟာ ဝင်းလက်တောက်ပလာမှာမလွဲပါဘူး။ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကိုလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစေပါတယ်။ ဗာဒံသီး ဗာဒံသီးဟာ အသားအရေပျက်စီးမှုကို ပြုပြင်ပေးနိုင်ပြီး အသားအရေကို တင်းတင်းရင်းရင်းရှိစေတာမို့ ထူးခြား အကျိုး များတဲ့ အသီးတမျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗာဒံသီးဟာ အရေးအကြောင်းတွေ နည်းသွားအောင်၊ အသားရေနုပျိုလှပ ကျန်းမာနေအောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စတော်ဘယ်ရီဖျော်ရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

စတော်ဘယ်ရီဖျော်ရည်က သောက်ရတာအရသာရှိသလို လန်းဆန်းစေနိုင်ပါတယ်။ အကြောင်းကတော့ စတော်ဘယ်ရီသီးမှာ အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီဖျော်ရည်က ကျန်းမာရေးအတွက် အခုလို အထောက်အပံ့ပေးပါတယ်။ စတော်ဘယ်ရီဖျော်ရည် ဆိုတာ စတော်ဘယ်ရီဖျော်ရည် ဆိုတာက စတော်ဘယ်ရီသီးလေးတွေကို ဖျော်ထားတဲ့ ဖျော်ရည်ကို ပြောတာပါ။ အသွင်အပြင်လေး လှသလို နီနီရဲရဲလေးနဲ့ ချိုတဲ့ စတော်ဘယ်ရီသီးလေးတွေကို ကြိတ်ခြေပြီး သကြားနဲ့ သောက်တာမျိုး ရှိသလို နို့စိမ်း၊ နို့ဆီ၊ နွားနို့တို့နဲ့ ရောပြီး ဖျော်ထားတဲ့ ဖျော်ရည်ကို ဆိုလိုတာပါ။ စတော်ဘယ်ရီဖျော်ရည်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ စတော်ဘယ်ရီဖျော်ရည်တစ်ခွက်မှာ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ မဂ္ဂနိ့စ်၊ ကော့ပါး၊ ဇင့်၊ ဗီတာမင် E၊ ကယ်လ်ဆီယမ်၊ ဗီတာမင် ဘီ နဲ့ သဘာဝအချိုဓာတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ်

နေ့စဉ်နေ့တိုင်း စားသုံးနေတဲ့အစားအစာတွေ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား။ ကိုယ်စားသုံးနေတဲ့အစားအစာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့  လက္ခဏာရပ်တွေနဲ့ ပြည့်စုံရဲ့လားဆိုရင်တာသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရဲ့ လက္ခဏာရပ် တွေက ဘာတွေလဲ.......................နေ့စ​ဉ်စားသုံးနေတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ရပ်ဖြစ်ဖို့ဆိုရင် ဒီလက္ခဏာရပ်တွေနဲ့ပြည့်စုံဖို့လိုပါမယ်။ ထိုက်သင့်တဲ့ပမာဏရှိရမယ် ကျန်းမာရေးနဲ့ညီညွတ်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် အစားအစာတွေပြင်ဆင်တဲ့အခါ လိုအပ်တဲ့အာဟာရတွေ အချိုးအစားကျနစွာပါဝင်နေဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ထမင်းက ၅၀ ရာခိုင်နှုန်း၊ အသားက ၂၅ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်က ၁၅ ရာခိုင်နှုန်း၊ ပဲအမျိုးမျိုးက ၁၀ ရာခိုင်နှုန်းစသဖြင့်ပေါ့။ ဒါမှ ခန္ဓာကိုယ်ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်တော့မှာပေါ့။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ရာရောက်မှာပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေပါပါစေ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကလေးကို သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပုံမှန်ကျွေးပေးတာက အစာခြေစနစ်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေရာသီမှာ ကျန်းမာနေအောင် စားသောက်နေထိုင်နည်း

နွေရာသီက ခရီးသွားလို့ ကောင်းသလို ရိုးရာပွဲ တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်လည်း ရှိနေပြန်တာကြောင့် အမှတ်တရများတဲ့ ရာသီဥတု တစ်ခုလို့ ဆိုရပါမယ်။ ပျော်စရာကောင်းသလို နွေရာသီမှာ အနေမတတ်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နွေရာသီကာလမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာလေးကို ပြောပြပေးပါရစေ။ နွေရာသီမှာ ကျန်းမာနေအောင် ဒီလိုနေမယ် အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာသန်စွမ်းနေနိုင်ဖို့အတွက်က အနေအထိုင် အစားအသောက်တွေကို သေချာဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ဆိုတဲ့နေရာမှာလည်း ရာသီဥတုအခြေအနေနဲ့ ကိုက်ညီအောင်နေထိုင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ နွေရာသီမှာ ကျန်းမာနေစေဖို့အတွက်ကတော့ - ရေဓာတ်ပြည့်ဝအောင်နေပါ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုကင်းပြီး ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်မှာပါ။ ပူပြင်းတဲ့ရာသီဥတုမှာ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်သုံးပေးပါ။ ရေဓာတ်ပြည့်ဝအောင် လုပ်ထားမယ်ဆိုရင် ဖျားနာမှုတွေကင်းဝေးမှာဖြစ်သလို အရိုးတွေနဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း