အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်ထဲတွင်ပါဝင်သည့် အပိုပစ္စည်းများ၏ အန္တရာယ်

အချို့သော အစားထဲ ထည့်သွင်းတဲ့အရာတွေနဲ့ ကြာရှည်ခံအောင် ထပ်ထည့်ထားတဲ့အရာတွေဟာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိပေမယ့်လည်း ဆိုးဆေးနဲ့ အရသာပိုကောင်းအောင် ထည့်တဲ့ဆေးတွေကတော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ကိုယ်ခန္ဓါနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိတဲ့ အစားအစာတွေနဲ့ ထိတွေ့တဲ့ နေရာတွေက ကျန်းမာရေးနဲ့ မညီညွတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်အတွက် အကောင်းဆုံးခုခံနည်းကတော့ စီမံပြုလုပ်ထားတဲ့ အစာ (သို့) အလွယ်တကူစားလို့ရတဲ့အစားအစာတွေကို ရှောင်ရှားခြင်းပဲ ဖြစ်ပါတယ်။   တိရိစ္ဆာန်တွေနဲ့ လုပ်ထားတဲ့သုတေသနတွေအရ ဆိုးဆေးတွေဟာ အောက်ဖေါ်ပြပါအချက်တွေနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ ကြွက်လိုအကောင်မျိုးမှာ ကင်ဆာ ဖြစ်ပွားခြင်း ပန်းနာရင်ကျပ်နဲ့ ဓါတ်မတည့်မှုများ - ဓါတုပစ္စည်းတွေနဲ့ ဆက်စပ်မှုရှိပြီး အသားအရောင် ချွတ်ဖို့အတွက် အသုံးပြုတဲ့ sulphites, nitrites, nitrates တွေဟာ အဆိုးဆုံး တာရှည်ခံဆိုးဆေးတွေပဲဖြစ်ပါတယ်။ ပျို့အန်ခြင်းအစရှိတဲ့ ဗိုက်ပြဿနာများ (ဓါတ်မတည့်မှု ကြောင့်လည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်သွားကိုစွန်းထင်းစေသော အစားအစာနှင့် အလေ့အကျင့်များ

သင်သည် သွားကိုမှန်မှန်တိုက်နေပါလျက် တောက်ပဖြူဖွေးမှုမရှိ ဖြစ်နေပါသလား။ သင့်သွားကိုစွန်းထင်းစေသည့် ဘာအမှားများရှိသလဲဟု သင့်ကိုယ်သင် ဆန်းစစ်ကြည့်ဖူးပါသလား။ အဓိကအချက်မှာ ပြင်ပအကြောင်းအရာများကသာမက သင်စားသောက်နေသည့် အရာများကလည်းသင့်သွားအရောင်ကို အဆုံးအဖြတ်ပေးနိုင်ပါသည်။ ဤဆောင်းပါးတွင် သင့်သွားအလှအပကို ထိခိုက်စေမည့် အစားအသောက်များကိုစာရင်းပြုစုထားပါသည်။ ပထမဆုံးအစွန်းအထင်း၏အရင်းမြစ်ကိုမိပါစေ။ သွား၏အပေါ်ယံလွှာဖြစ်သည့် သွားကြွေလွှာသည် အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲလာပါသည်။ သင့်သွားကြွေလွှာသက်တမ်းရင့်လာသည်ကိုအခွင့်ကောင်းယူ၍ အစွန်းအထင်းဖြစ်စေသောအရာများသည်ကြွေလွှာမျက်နှာပြင်ပေါ်ရှိကွဲကြောင်းငယ်လေးများတွင် တွယ်ကပ်လာပါသည်။ ထိုအရာများမှာ • Chromogens-ပြင်းထန်သောရောင်ချယ်များဖြင့်ဖွဲ့စည်းထားသော ဒြပ်ပေါင်းများ။ • Tannins -အပင်မှအခြေခံထားသောသွားတွင်တွယ်ကပ်နိုင်သည့်ဒြပ်ပေါင်းများ။ • Acid -သွားကြွေလွှာကိုပိုမိုပျော့ပျောင်း ကြမ်းတမ်းစေကာစွန်းထင်းရန်ပိုလွယ်ကူစေသည်။ ဘာတွေကသင့်သွားကိုစွန်းထင်းစေသလဲ။ ကော်ဖီနှင့်လက်ဖက်ရည် လူအများစုသောက်နေသောကော်ဖီသည် သွားဖြူခြင်းအတွက် အဆိုးဆုံးရန်သူပင်ဖြစ်သည်။ အကြောင်းမှာ ၎င်းတု့ိ၏အရောင်ကြောင့်ဖြစ်သည်။ ကော်ဖီသည်အဆိုးဆုံးအကြောင်းအရင်းမဟုတ်သော်လည်း သင့်သွား၏အရောင်ကို သက်ရောက်မှုရှိပါသည်။ တကယ်တော့လက်ဖက်ရည်သည် သင့်သွား၏ဖြူဖွေးမှုကို ပို၍ထိခိုက်စေပါသည်။ ၎င်းတွင်အက်စစ်သာမက tannin လည်းပါဝင်သည်။ tannin သည် အစွန်းအထင်းကိုသွားတွင်ကပ်စေသည်။ သတိထားရမည်မှာကာ်ဖီ၊ လက်ဖက်ရည်သက်သက်ချည်မဟုတ်ဘဲ သင်သောက်သည့် အကြိမ်အရေအတွက်ကပေါ်မှုတည်၍ ထိခိုက်နိုင်သည်။ ဝိုင် အနီရောင်ဝိုင်သည် chromogenနှင့်tannin ပါဝင်သည့် acid […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆေးထိုးကြက်သားများရဲ့ အန္တရာယ်

ကြက်သားဟာ အရသာရှိရုံတင်မကပဲ အခြားအသားတွေနဲ့ ယှဉ်ရင် ကျန်းမာရေးနဲ့ အတော်ညီညွတ်ပါတယ်။ သို့သော်လည်း ကြက်သားစားတဲ့သူတွေဟာ ညစာအတွက်စားတဲ့ ကြက်သားချက်ဖို့ ပြန်စဉ်းစားဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကြက်သားစားသုံးခြင်းဟာ ဆေးများထိုးထားမလားပြီး အန္တရာယ်ရှိလို့ပါပဲ။ ကြက်သားရဲ့ ကောင်းကျိုးများ ကြက်သားစားခြင်းဟာ ကြွက်သားတွေကို သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း (သို့) သွေးဆုံးကိုင် လက္ခဏာတွေကို လျော့ကျစေခြင်း အစရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒါ့ပြင် သေချာချက်ပြုတ်ရင် ကြက်သားဟာ အလွန်အရသာ ရှိပါတယ်။ ဒါ့ကြောင့် ကြက်သားဈေးကွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကြက်သားဈေးကွက်မြင့်တက်လာခြင်းကပဲ မလိုလားအပ်တဲ့ သေစေလောက်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် အလယ်အလတ် (သို့) ကြီးမားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိုမီဂါ ၃ ကြွယ်ဝသော အစားအစာများ

အိုမီဂါ ၃သည်ဦးနှောက်ကျန်းမာရေးနှင့် ပတ်သက်သောသုတေသနအရထိပ်ဆုံးမှာရှိသောအရာပင်ဖြစ်ပါတယ်။ လေ့လာချက်တွေအရသင့်ဦးနှောက်အလေးချိန်ရဲ့ ၈%ဟာ အိုမီဂါ ၃နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ကောင်းကျိုးကိုရနိုင်ဖို့ ဘယ်အစားအစာတွေနဲ့ ဘယ်လောက်စားသုံးရမလဲဆိုတာသိရှိဖို့လိုအပ်ပါတယ်။ အိုမီဂါ ၃ ရဲ့ အကျိုးကျေးဇူးများ အိုမီဂါ ၃ဟာ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပွားမှုကိုအားပေးပါတယ်။ စိတ်ရောဂါတွေဖြစ်တဲ့ စိတ်ကျရောဂါ၊ အမေ့လွန်ရောဂါတွေကိုကုသနိုင်ပြီးတော့ သင့်စိတ်နဲ့ မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ သို့သော်လည်းအရွယ်ရောက်ပြီးသားလူတွေမှာအိုမီဂါ ၃ လုံလောက်စွာမရရှိမှုတွေ ကြုံတွေ့နိုင်တယ်လို့ ယုံကြည်ရပါတယ်။ ၎င်းဟာ နှလုံးရောဂါ၊ ကင်ဆာ၊ အဆစ်ရောင်ရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။   အိုမီဂါ ၃ ကိုဘယ်ကရမလဲ အိုမီဂါ ၃ကို အပင်နဲ့ တိရစ္ဆာန်တွေက ပြုလုပ်ရရှိတဲ့ အရာတွေမှာတွေ့ရပါတယ်။ Flax အစေ့၊ Flax အစေ့ဆီ၊ chia စေ့၊ မြေပဲ၊ ပဲပုပ်တို့ဟာအိုမီဂါ ၃ ကြွယ်ဝစွာပါဝင်ပါတယ်။ သို့သော်လည်းအခြားဟင်းသီးဟင်းရွက်ဆီတွေဖြစ်တဲ့ canola ဆီ၊ ပဲဆီနဲ့ နေကြာဆီတွေမှာအိုမီဂါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သစ်သီးဝလံကို မှန်ကန်အကျိုးရှိအောင် ဘယ်လိုစားသုံးကြမလဲ။

အသီးအနှံတွေမှာ ခန္ဓါကိုယ်ကိုရောဂါတွေကနေကာကွယ်ပေးပြီးတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ သွေးတိုးရောဂါ ဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေ အမြောက်အများပါဝင်ပါတယ်။ တကယ်လို့သင်ဟာအသီးအနှံတွေမှာပါဝင်တဲ့ အာဟာရဓါတ်တွေ အကြောင်းသေချာမသိဘူးဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပိုမိုရရှိနိုင်ပါတယ်။ အသီးအနှံစားသုံးဖို့ မှန်ကန်တဲ့နည်းလမ်းကိုသိသွားပြီဆိုရင်တော့ သင့်အလှအပနဲ့ ကျန်းမာရေးကိုစိတ်ချရပါပြီ။ ဒီဆောင်းပါးမှာတော့ အသီးအနှံတွေကိုဘယ်လိုမှန်ကန်စွာသုံးဆောင်မလဲဆိုတာဖေါ်ပြပေးမှာပါ။   အသီးအနှံစားရန် သင့်သောအချိန်များ (၁)ဗိုက်ထဲတွင် အစာမရှိချိန် (သို့) အစာတစ်ခုနှင့် တစ်ခုကြား အသီးအနှံတွေကိုဗိုက်ထဲတွင် အစာမရှိချိန် (သို့) အစာတစ်ခုနှင့် တစ်ခုကြားမှာစားသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအချိန်တွေမှာသာအစာခြေခြင်းဟာလျင်မြန်စွာပြီးဆုံးနိုင်ပြီးတော့ အစာခြေတဲ့ဖြစ်စဉ်ကိုလာရောက်ကူညီပေးတဲ့ အင်ဇိုင်းတွေ အများအပြားရှိတာဖြစ်ပါတယ်။ အသီးအနှံတွေကရတဲ့ သကြားဓါတ်ကို ခန္ဓါကိုယ်ကစုပ်ယူဖို့ အချိန်ကြာမြင့်ပါတယ်။ အသီးတွေကိုဗိုက်ထဲတွင် အစာမရှိချိန် (သို့) အစာတစ်ခုနှင့် တစ်ခုကြားစားသုံးမယ်ဆိုရင် အာဟာရတွေ အမျှင်ဓါတ်တွေနဲ့ သကြားဓါတ်တွေကို ပြီးပြည့်စုံစွာချေဖျက်နိုင်ပါတယ်။ ဒါ့ကြောင့် အသီးအနှံစားရာမှ ရရှိတဲ့ အကျိုးကျေးဇူးကိုအမြောက်အများရရှိမှာ ဖြစ်ပါတယ်။ သို့သော်လည်းအစာစားပြီးမှ အသီးစားသုံးခြင်းဟာမသင့်လျော်ပါဘူး။ အစာစားတာနဲ့ အသီးစားတာနဲ့ကအနည်းဆုံးနာရီဝက် ဝေးသင့်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သန့်ရှင်းသောစားသောက်မှုပုံစံသည်ကျန်းမာရေးအတွက်ဦးစားပေးအရေးကြီးပုံ

ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်ရန်အကြိမ်ပေါင်းများစွာကျွန်ုပ်တို့ကြားဖူးကြသည်။ လူတိုင်းကပြုပြင်ထားသောအစားအစာများသည်ကျန်းမာရေးအတွက်မသင့်တော်သည်ကိုသိရှိပြီးရှောင်ရှားသင့်သည်။ သို့ဆိုလျှင် သန့်ရှင်းသောစားသောက်မှုပုံစံဆိုသည်မှာအဘယ်နည်း။ တောက်ပသောလှပသည့်အပြုံးများ အစားအစာကိုချေဖျက်ရန်ဦးဆုံးပထမကျော်ဖြတ်ရမည်မှာကျွန်ုပ်တို့၏ပါးစပ်ဖြစ်သည်။ ထို့ကြောင့်စေးကပ်သော၊ချိုသော၊သကြား ထပ်ဖြည့်ထားသောအစားအစာများသည်သွားပိုးစားခြင်းနှင့်အခြားသွားဖုံးရောဂါများကိုဖြစ်စေနိုင်သည်။ သင်သည်တစ်ခါတရံ အချိုစားချင်ပါကသဘာဝမှရသောသကြားဓါတ်ပါဝင်သည့်ချိုသောအသီးများကိုစားပေးပါ။ သန့်ရှင်းသောသွားနှင့်ခံတွင်းသည်ဈေးကြီးသောအဝတ်အစားထက်သင်၏ပုံပန်းသွင်ပြင်တစ်ခုလုံး အတွက်ပို၍အရေးပါသည်။ လှပသောဆံသားနှင့်လှပသောလက်သည်း၊ခြေသည်းများ အမျိုးသမီးများအတွက် ဆံပင်နှင့်လက်သည်းများကိုဂရုစိုက်ထိန်းသိမ်းခြင်းသည်မကြာခဏအချိန်ကုန်ခံပြုလုပ်လေ့ရှိသောကိစ္စများဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကသင့်ကိုအလှပြင်ဆိုင်သို့အသွားရ သက်သာစေသည်။ အိုမီဂါ ၃ အက်ဆစ်၊ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ဗီတာမင်နှင့်သတ္ထုဓါတ်များသည်သင့်ဆံသားကိုတောက်ပြောင်စေပြီး လက်သည်းခြေသည်းများကိုကျန်းမာစေနိုင် သည်။ ထို့ပြင်ပရိုတိန်း(ခေါ်)အသားဓါတ်များများစားပါကဆံပင်နှင့်လက်သည်းတို့ကိုကြာရှည်ခံစေသည်။ - အသက်အရွယ်ရလာသော အခါနှလုံးရောဂါပိုမိုဖြစ်နိုင်လာသည်။ ထို့ကြောင့်နှလုံးရောဂါကို ကာကွယ်ရန်ကျန်းမာသောစားသောက်မှုပုံစံသည်အရေးကြီးသည်။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ကျစေသည်။ဥပမာ- ခရမ်းချဉ်သီး၊လိမ္မော်သီးတို့တွင်ပါဝင်သောဗီတာမင်စီသည်သွေးကြောများကိုအားဖြည့်ပေးသည့်အတွက် လေဖြတ်ခြင်းနှင့်သွေးပေါင်တက်ခြင်းတို့ကိုကာကွယ်ပေးသည်။ အဆီဓါတ်များနှင့်ပတ်သက်၍ပြောရလျှင်လည်းကျန်းမာရေးအတွက်ကောင်းသောအဆီ( ဥပမာ-ငါးကြီးဆီ) တို့သည်ခံတွင်းမြိန်စေခြင်းနှင့်သွေးတွင်းကိုလက်စထရောပမာဏကိုထိန်းညှိပေးခြင်းတို့၌အရေးပါသည်။ ကင်ဆာကာကွယ်သောအစားအစာများ ပြုပြင်ထားသော အသင့်စားအစားအစာများသည်ပြည့်ဝဆီနှင့်ပြုပြင်ထားသောအသားဓါတ်တို့ပါဝင်သည့်အတွက် ကင်ဆာရောဂါကိုဖြစ်စေနိုင်သည်။ ထိုအစားအစာများကို ရှောင်ကြဉ်ပြီးအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုစားသုံးပေးခြင်းဖြင့်ကင်ဆာရောဂါကိုကာကွယ်နိုင်ပါသည်။ ပိုမိုကောင်းမွန်သောစိတ်အခြေအနေတွင်သင့်ကိုယ်သင်ထားပါ။ အသီးအရွက်စားသုံးသူများသည် ပိုမို၍စိတ်တည်ငြိမ်ခြင်း၊စွမ်းရည်ပိုမိုပြည့်ဝခြင်းနှင့်ပျော်ရွှင်ခြင်းတို့ကိုခံစားရသည်။ နယူးဇီလန်နိုင်ငံတွင်လူငယ် ၃၀၀ ဦးကိုရက်သတ္တပတ် ၃ပတ်ကြာပြုလုပ်သောလေ့လာချက်တစ်ခုကဖော်ပြထားခြင်းဖြစ်ပါသည်။ ထို့ပြင်ဗီတာမင် B 6 သည်လည်းကျွန်ုပ်တို့ကိုနေထိုင်ကောင်းစေသည့်ဒိုပါမင်း (Dopamine)ဟုခေါ်သောဟော်မုန်းဓါတ်ထွက်ရှိမှုကိုထိန်းညှိပေး သည်။ အိုမီဂါ ၃အက်ဆစ်များသည်လည်း စိတ်မကြည်လင်ခြင်း၊စိတ်ဓါတ်ကျခြင်းတို့ကိုကုသရာတွင်အသုံးဝင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကသင့်ကိုပိုမိုပျော်ရွှင်စေနိုင်သည်မှာအထင်အရှားပင်ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ပါကလုပ်ငန်းခွင်နှင့်မိသားစုတွင်းတွင်သင်၏စွမ်းဆောင်ရည်လည်းပိုမိုကောင်းမွန်လာနိုင်သည်။ ကျန်းမာစေသောအစားအစာများသည် ရောဂါများကိုကာကွယ်နိုင်ရုံမျှမကသင်၏နေထိုင်ကောင်းခြင်းကို လည်းအထောက်အကူပြုပေးပါသည်။ ထို့ကြောင့်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ၏အံ့သြဖွယ်ကောင်းကျိုးများကြောင့်ကိုယ်အလေးချိန်လျှော့ချခြင်းအပြင်၎င်းတို့ကိုဦးစားပေးစားသုံးခြင်းကိုပါပြုလုပ်ပေးသင့်ပါသည်။ Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အေးခဲထားသောအစားအစာများကိုစားသင့်သောအကြောင်းအချက် ၅ခု

လူအများစု၏စိတ်တွင် အေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် မကောင်းဟုထင်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာအေးခဲထားသောအစားအစာများသည် ကြာရှည်ခံထားရသည့်အတွက် အာဟာရတန်ဖိုးနည်းပါးသည်ဟုယုံကြည်နေခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အာဟာရဓါတ်များ လုံးဝမပါတော့ဟုလည်းထင်တတ်ကြသည်။ အမှန်တော့ ထိုသည်မဟုတ်ပါ။ အေးခဲထားသောအစားအစာများကိုစားသုံးခြင်းဖြင့်လည်းအကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။ အေးခဲထားသောအစားအစာများသည် အာဟာရဓါတ်ပြည့်ဝသည် အေးခဲထားသောအစားအစာများကိုမူလကအာဟာရဓါတ်ပြည့်ဝ၍ အရသာအကောင်းဆုံးသောရင့်မှည့်ချိန်တွင် ရယူစုဆောင်းခူးဆွတ်ရသည်။ ထို့နောက်လယ်ကွင်းပြင်ထဲတွင် အေးခဲအောင်ထားရသည်။ ထို့ကြောင့်အခြားလတ်ဆတ်သောအသီးများနှင့် ကယ်လိုရီပါဝင်မှု ၊ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးညီညွတ်မှုအတူတူပင်ဖြစ်သည်။ ငါးများဆိုလျှင် တစ်နေ့တည်းအတူတူဖမ်းမိတာချင်းတူလျှင်တောင် အေးခဲထားသောငါးကပို၍လတ်ဆတ်နေတတ်သည်။ အေးခဲထားသောအစားအစာများသည်အဆင်ပြေ၍အသုံးပြု၍လွယ်ကူသည် အလုပ်တာဝန်များဖြင့်မအားလပ်နိုင်သူတို့အဖို့ အစားအစာပြင်ဆင်ချက်ပြုတ်ရန် အချိန်များစွာမပေးနိုင်ကြပေ။ အိမ်ရှင်မတို့အတွက် ဟင်းလျာများကိုခုတ်ထစ်၍ ငရုတ်ကောင်းနှင့်နယ်ရခြင်းမျိုးသည် အချိန်ကုန်လူပန်းဖြစ်စေတတ်သည်။ ထိုအခြေအနေမျိုးတွင် အေးခဲထားသောအစားအစာများကအတော်အဆင်ပြေသည်။ ကျန်းမာရေးနှင့်ညီညွတ်အောင်ထုတ်ပိုးထားပြီးအသင့်စားသုံးရန်ပြင်ဆင်ထားသောကြောင့်ဖြစ်ပါသည်။ အေးခဲထားသောအစားအစာများသည်စီးပွားရေးအရတွက်ခြေကိုက်သည် အေးခဲထားသောအစားအစာများသည် စားသုံးသူ၏လိုအပ်ချက်အပေါ်မူတည်ပြီးအရည်အသွေးပြည့်မီ အောင်ပြင်ဆင်ထားခြင်းဖြစ်ရာအနည်းငယ်စားပြီးမှမကုန်လျှင် ကျန်တာကိုရေခဲသေတ္တာထဲထည့်၍နောက်တစ်ကြိမ်ပြန်လည်စားသုံး၍ရသည်။ သို့သော်လတ်လတ်ဆတ်ဆတ်ရသောအစားအစာများကတော့သင့်တော်သောအချိန်တွင် စား၍မကုန်လျှင် စွန့်ပစ်ရမည်ဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်တွင်အေးခဲထားသောအစားအစာများကလေလွင့်စွန့်ပစ်ရခြင်းမျိုးမရှိသည့်အတွက် အကုန်အကျများစွာသက်သာစေသည်။ အေးခဲထားသောအစားအစာများကအရသာရှိသည် လူအများစုကအေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် အရသာမရှိဟုထင်တတ်ကြသည်။ သို့သော်လည်းကိုယ်ချင်းစာတရားနှင့် ပေါင်းစပ်ဖန်တီးပါကအေးခဲထားသောအစားအစာများကိုအသုံးပြု၍အရသာရှိသောဟင်းလျာအမယ်များစွာချက်ပြုတ်နိုင်ပါသည်။ အေးခဲထားသောအစားအစာများကိုအသုံးပြုနည်း အေးခဲထားသောအစားအစာများသည် အသုံးပြုရလွယ်ကူအဆင်ပြေသော်လည်းစိတ်ချရသောနည်းလမ်းဖြင့် အသုံးပြုရန်လိုပါသည်။ အခန်းအပူချိန်ကိုရှောင်ပါ အခန်းအပူချိန်သည် ၂၀ မှ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ကြားရှိတတ်သဖြင့် ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားရှင်သန်နိုင်သည်။ အေးခဲထားသောအစားအစာများကိုအခန်းအပူချိန်နှင့် ကြာရှည်စွာထိတွေ့မိပါကစားသုံးရန်အန္တရာယ်ရှိနိုင်သည်။ ရေခဲသေတ္တာကိုအသုံးပြုပါ အေးခဲထားသောအစားအစာများကိုအရည်ပျော်အောင်လုပ်ရန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

“ဇန်” နှင့် သတိနှင့်နှိုင်းယှဉ်သောအစာစားခြင်း

လူတိုင်းလူတိုင်းသည် “ဇန်” ဆိုသောစကားလုံးကိုကြားဖူးနိုင်သော်လည်းအဓိပ္ပါယ်အတိအကျကိုသိချင်မှသိလိမ့်မည်။ ထို့အတူအစားစားခြင်းသည် ပုံမှန်လုပ်နေကျအလုပ်ဖြစ်သော်လည်းသတိရှိသောအစားစားခြင်းကိုလည်းသိချင်မှသိလိမ့်မည်။ သင်သိချင်နေသည့်ထိုအချက်တို့ကိုယခုဆောင်းပါးတွင် ဖတ်ရှုရမည်။ “ဇန်” ဆိုသည်မှာ “ဇန်“ (Zen) ကိုအတိအကျအဓိပ္ပါယ်သတ်မှတ်၍ရှင်းပြရန် အတော်ခက်ပါသည်။ ရှင်းလင်းစွာပြောရလျှင် ဇန် ဆိုသည်မှာစိတ်အခြေအနေတစ်ခုဖြစ်ပြီး ထိုအချိန်တွင်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအရာအားလုံးကိုလျစ်လျူရှုလျက် အကြောင်းအရာ တစ်ခုတည်းတွင်သာစိတ်က စူးစိုက်တည်ရှိနေမည်ဖြစ်သည်။ ဇန် အကြောင်းပြောခြင်းသည် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကိုပြောပြခြင်းပင်ဖြစ်သည်။ ဇန်သည် ခန္ဓါကိုယ်စိတ်ဝိညာဉ်မှလာသော အတွင်းစွမ်းအားကိုဗဟိုပြုထားသည်။ ဇန်ကိုသေချာစွာ လေ့ကျင့်မှုပြုပါကကိုယ်ခန္ဓါအတွက် ကောင်းကျိုးများရရှိနိုင်ပါသည်။ သတိနှင့်ယှဉ်သောအစားစားခြင်းဆိုသည်မှာ သတိနှင့်ယှဉ်သောအစားစားခြင်းသည် ”ဇန်” (သို့မဟုတ်) ယောဂကျင့်စဉ် (သို့မဟုတ်) ဗုဒ္ဓ၏ယဉ်ကျေးမှုနှင့် နီးကပ်စွာဆက်နွယ်နေသော ၊ နက်ရှိုင်းစွာပတ်သတ်သောအစားစားသည့်မူဝါဒ ဖြစ်သည်။ သတိနှင့် ယှဉ်၍စားခြင်းသည် သူတစ်ပါးအတွက် တွေးတောစာနာမှုနှင့် အစားစားခြင်းဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် မိမိဘာစားနေသည်ကိုသတိမမူဘဲသတိလက်လွတ် ၊ သတိချွတ်ချော်၍စားသုံးခြင်းမှရှောင်ရှားခြင်းလည်းဖြစ်သည်။ ထို့ပြင် သင်စားသုံးသောအစားအစာကို သတိကပ်အာရုံဝင်စားခြင်းနှင့် အစားစားစဉ်ဖြစ်ပေါ်နေသောစိတ်အခြေအနေကိုလည်း စူးစိုက်သိခြင်းတို့ပါဝင်သည်။ ထိုနည်းဖြင့်အစားစားသောအခါ သင့်အနေဖြင့် - -သင်ဘာကြောင့်အစားစားလဲ (သို့မဟုတ်)အစားစားခြင်းကိုမည်သည့်အရာကနှစ်သက်စေသလဲ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချိုစားခြင်းကိုလျှော့ချရန်နည်းလမ်း

လူအများစုသည် အချိုကြိုက်တတ်ကြသည်။ ချိုသောအရာမှန်သမျှစွဲစွဲလမ်းလမ်းရှိကြသည်။ ချိုသောအစားအစာများသည် အရသာရှိ၍စွဲဆောင်မှုရှိသည်မှန်သော်လည်း သွားပိုးစားခြင်းကဲ့သို့ သာမန်ကျန်းမာရေးပြဿနာများမှသည် အဝလွန်ခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့အထိနာတာရှည်ရောဂါများကိုပါ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အချိုစားသုံးခြင်းကိုလျှော့ချရန်လိုအပ်လာပေသည်။ -အကျင့်တစ်ခုကိုဖျောက်ဖျက်ရသည်မှာသိပ်တော့မလွယ်ကူလှပါ။ အချိန် ၊ အားစိုက်ထုတ်မှု ၊ စိတ်ရှည်သည်းခံမှု နှင့် အခြားသူများ၏ကူညီမှုလည်းလိုအပ်သည်။ သို့သော်လည်းကံကောင်းသည်မှာအကူအညီဖြစ်မည့်နည်းလမ်းများရှိနေခြင်းဖြစ်သည်။ ဖြည်းဖြည်းလျှော့ချမှုနှင့်စတင်ပါ -အသုံးပြုသင့်သည့်နည်းလမ်းမှာ ဖြည်းဖြည်းနှင့်မှန်မှန်နည်းလမ်းဖြစ်သည်။ အချိုကိုရုတ်တရက်ဖြတ်ပစ်ရန်မလိုပါ။ နေ့စဉ်အသုံးပြုသောသကြားဓါတ်ကိုလျှော့ချသွားရန်ဖြစ်သည်။ အချိုအစားအခြားအရာများကိုရွေးချယ်ပါ -အချိုကြိုက်သောသင်၏သွားများအတွက် သကြားလုံးနှင့် ကွတ်ကီးများစားမည့်အစားချိုသောအသီးအနှံများ ၊ ဘယ်ရီသီးများ၊ စွံပလွန်သီး ၊ စပျစ်သီးခြောက် စသည်တို့ကိုစားပါ။ ထိုအစားအစာများတွင်လည်းအချိုဓါတ်ပါသည်မှန်သော်လည်းကျန်းမာရေးအတွက်ကောင်းမွန်သည့် ဗီတာမင် ၊ အမျှင်ဓါတ် နှင့် အာဟာရဓါတ်များပါ တစ်ခါတည်းရရှိနိုင်သည်။ ထို့ပြင် အချိုစားချင်စိတ်ဖြစ်ပေါ်လာပါကသကြားမပါသောအစားအစာ များ (သို့မဟုတ်)အခြားအချိုဓါတ်ပါအစားအစာများကိုရှာဖွေပါ။ အစားအသောက်စားသည့်အမူအကျင့်တစ်ခုကျင့်သုံးပါ -နံနက်စာ ၊ နေ့လည်စာနှင့် ညစာကိုသူ့အချိန်နှင့် သူစားပါ။ ထမင်းအနပ်များကိုသေချာစွာစားပါက ဗိုက်ဝပြီး အချိုစားချင်စိတ် မဖြစ်နိုင်ပါ။ ထို့ပြင် သားရေစာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သစ်သီး များကိုနည်းမှန်လမ်းမှန်ဘယ်လို စားသုံးကြမလဲ

သစ်သီး ဝလံများတွင် ကျန်းမာရေးအတွက် အကျိုးပြုသော ဗီတာမင်များ၊ သတ္ထုဓာတ်များ ၊ ပိုတက်ဆီယမ်၊ဖောလစ်အက်စစ် ၊ အမျှင်ဓာတ် နှင့် ကင်ဆာ ကို အံတုနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။ သစ်သီးများကို နေ့စဉ်စားသုံးသူများတွင် နာတာရှည်ရောဂါ ဖြစ်ပွားမှု လျော့နည်းသည်ကို တွေ့ရသည်။ သို့သော် သစ်သီးများ မစားသုံးမီ သတိပြုဖွယ် အချက်အချို့တော့ရှိပါသည်။ သစ်သီး များကိုကျွန်ုပ်တို့စားသုံးသော နည်းသည်မှားယွင်းနေသလား သစ်သီးများ အားလုံးတွင် လိုအပ်သောအာဟာရများအားလုံးပါဝင်နေသည်ဟု ယူဆမိခြင်းသည်(လုံးဝ)မှားယွင်းသောအယူအဆဖြစ်ပါသည်။ ဥပမာအားဖြင့်နာနတ်သီးနှင့် ဘလူးဘယ်ရီသီး ကိုကြည့်ပါ။ နှစ်မျိုးစလုံးတွင်ဗီတာမင်ဓါတ်များပါဝင်သော်လည်းကာဘိုဟိုက်ဒရိတ်၊သကြားဓါတ်နှင့်အမျှင်များပါဝင်မှုမှာကွဲပြားသည်။ ကိုယ်အလေးချိန် လျှော့ချလိုသူ အနေဖြင့် နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီးများသည် အချိုဓါတ် လွန်စွာ များပြားသည့်အတွက် မရွေးချယ်သင့်ပါ။ အရောင်ရင့်အသီးများဥပမာ-စပျစ်သီးနှင့် ဘလူးဘယ်ရီသီးများကိုသာရွေးချယ်ပေးပါ။ ထို့ကြောင့်အသီးများအားလုံးကိုပမာဏအတူတူမစားသင့်ပါ။ မိမိအတွက်သင့်တော်မည့်အသီးကိုစဉ်းစားပြီးရွေးချယ်စားသုံးသင့်သည်။ သစ်သီးများကိုလည်း လိုအပ်သည်ထက်ပို မစားသင့်ပါ ကိုယ်အလေးချိန်လျှော့ချလိုသော အစီစဉ်ရှိလျှင် ထိုသို့မတွေးသင့်ပါ။ ကစီဓါတ် မပါသော ဟင်းသီးဟင်းရွက်များကို ကြိုက်သလောက် စားနိုင်သော်လည်း […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း