သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

စတော်ဘယ်ရီဖျော်ရည်သောက်ပေးသင့်တဲ့အကြောင်းအရင်း

စတော်ဘယ်ရီဖျော်ရည်သောက်ပေးသင့်တဲ့အကြောင်းအရင်း

စတော်ဘယ်ရီဖျော်ရည်က သောက်ရတာအရသာရှိသလို လန်းဆန်းစေနိုင်ပါတယ်။ အကြောင်းကတော့ စတော်ဘယ်ရီသီးမှာ အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီဖျော်ရည်က ကျန်းမာရေးအတွက် အခုလို အထောက်အပံ့ပေးပါတယ်။

စတော်ဘယ်ရီဖျော်ရည်တစ်ခွက်မှာ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ မဂ္ဂနိ့စ်၊ကော့ပါး၊ဇင့်၊ ဗီတာမင် E၊ ကယ်လ်ဆီယမ်၊ ဗီတာမင် ဘီ နဲ့ သဘာဝအချိုဓာတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

စတော်ဘယ်ရီဖျော်ရည်ကပေးတဲ့ ကျန်းမာရေး

အရသာရှိတဲ့ စတော်ဘယ်ရီသီးဖျော်ရည်လေးကို သောက်သုံးပေးတာကြောင့်

အသားအရေကျန်းမာစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် C နဲ့ ဗီတာမင် Eပါဝင်မှုကြောင့် အရေးအကြောင်းတွေ၊ ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။ အသက်အရွယ်ကြီးတာကြောင့်ဖြစ်လာတဲ့ တင်းတိတ်နဲ့ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။

အရိုးတွေကြံ့ခိုင်စေနိုင်တယ်

မဂ္ဂနိ့၊ ကော့ပါး၊ သံဓာတ်၊ ဖောစဖရိတ်၊ ပိုတက်ဆီယမ် နဲ့ ဇင့်တို့ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ အရိုးမပါးအောင် အရိုးမပွအောင်ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်

ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်၊ သွေးကြောတွေကိုပြေလျော့စေနိုင်တာကြောင့် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာနဲ့ နှလုံးသွေးကြောပိတ်တာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုထိန်းညှိပေးတယ်

စတော်ဘယ်ရီမှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

သံဓာတ်နဲ့ အခြား သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးလည်ပတ်မှုစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

ဗီတာမင် C၊ ellagic acid၊ phytonutrients နဲ့ ဖောလစ်အက်ဆစ်တို့ပါဝင်တာကြောင့် ကင်ဆာကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

အနာကျက်မြန်စေနိုင်တယ်

ဗီတာမင် C၊ ellagic acid နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် အနာကျက်ဖြစ်စဉ် မြန်ဆန်အောင် လှုံ့ဆော်ပေးပါတယ်။ အဖျားကိုလည်းမြန်မြန်သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ၊ ခွဲစိတ်ထားတဲ့သူတွေ စားသုံးပေးသင့်ပါတယ်။

စတော်ဘယ်ရီဖျော်ရည်ကို အရသာရှိရှိ​လေးသောက်ရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။