အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကစီဓါတ်နဲ့ အမျှင်ဓါတ်အကြောင်း သင်သိပါသလား

ကစီဓါတ်နဲ့ အမျှင်ဓါတ်ဆိုတာ လူတိုင်းကြားဖူးနေကြ အာဟာရဓါတ်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဓါတ်တွေက လူခန္ဓါကိုယ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတာကိုတော့ လူအနည်းငယ်သာ မှန်မှန်ကန်ကန်သိကြပါတယ်။ ကစီဓါတ်ဆိုတာဘာလဲ။ ကစီဓါတ်ဆိုတာ သကြားဓါတ်တစ်မျိုး၊ နှစ်မျိုး ဒါမှမဟုတ် မြောက်များစွာပါဝင်တဲ့ အစာအုပ်စုပါ။ ရိုးရှင်းတဲ့သကြားဓါတ်နဲ့ ကာဗွန်ဟိုက်ဒြိတ် ပါဝင်ပါတယ်။ သကြားဓါတ်တစ်မျိုးတည်းပါရင် ချိုတဲ့အရသာရှိပြီး ကာဗွန်ဟိုက်ဒြိတ်အရောကတော့ ကစီဓါတ်အရသာရှိပါတယ်။ နို့၊ အသီးဖျော်ရည်၊ ပျားရည်၊ အိမ်သုံးသကြား ဒါမှမဟုတ် သစ်သီးတွေကနေ ရိုးရိုးသကြားဓါတ်ရရှိနိုင်ပြီး ကာဗွန်ဟိုက်ဒြိတ်အရောကိုတော့ ပြောင်း၊နှံ နဲ့ ကစီဓါတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကနေ ရနိုင်ပါတယ်။   ကစီဓါတ်က ခန္ဓါကိုယ်ကို ဘယ်လိုလုပ်ဆောင်ပေးလဲ။ လူတွေအစားစားပြီးတာနဲ့၊ ချေဖျက်နိုင်တဲ့ ရိုးရိုးသကြားတွေက ဂလူးကိုစ့်အဖြစ် ပြောင်းလဲသွားပြီး သွေးတွင်းအချိုဓါတ်ကို မြင့်တက်စေပါတယ်။ အလားတူပဲ အင်ဆူလင်လု့ိခေါ်တဲ့ ဟိုမုန်းတစ်မျိုးထွက်လာပြီး ဒီသကြားဓါတ်ဘယ်လောက်ကို သိမ်းထားမယ် ဘယ်လောက်ကို နေ့စဉ်လှုပ်ရှားမှုတွေအတွက် အသုံးပြုမယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။ အသုံးပြုပြီး ပိုနေတဲ့ ဂလူးကိုစ့်တွေကတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ

အမျိုးသမီးတစ်ယောက်အတွက် အရေးအကြီးဆုံးအချက်ဟာ နုပျိုလှပနေဖို့ပါပဲ။ အချိန်တွေကုန်လာတာနဲ့အမျှ အသက်တွေကြီးလာပြီး အသားအရေတွေဟာလည်း လျော့ရဲလာပါတယ်။ အရေးအကြောင်းတွေကလည်း စတင်ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဒီဓာတ်စာတွေက နောက်နှစ်အနည်းငယ်လောက်အထိ ပြန်လည်နုပျိုစေဖို့ အကူအညီပေးနိုင်မှာပါ။ နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ က ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ နုပျိုစေတဲ့ အစားအစာများ ကတော့ ၁။ ထောပတ်သီး ထောပတ်သီးဟာ ကျန်းမာရေးကို အကျိုးပြုရုံသာမက အသားအရေ လှပဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မလိုင် အရသာရှိတဲ့ ထောပတ်သီးမှာ ဗီတာမင် အီးနဲ့ B complex တို့ပါဝင်ပြီး သူတို့က အသားအရေကို အားဖြည့်ရာမှာ အကူအညီ ပေးပါတယ်။ ဒါ့အပြင် အသားအရေကို စိုပြေဝင်းလက်စေတဲ့ ဖက်တီးအက်စစ် ပါဝင်ပြီး ချောမွေ့နူးညံ့စေနိုင်ပါတယ်။ ဒါတင်မက သေးပါဘူး။ ဗီတာမင် စီလည်း ပါဝင်ပါသေးတယ်။ ထောပတ်သီးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆေးကုသမှုခံယူပြီးနောက် ဘယ်လိုစားသောက်သင့်လဲ

ကျန်းမာစွာစားသောက်ခြင်းက ဆိုးကျိုးတချို့ရှိတဲ့ ကင်ဆာကုသမှုကနေပြန်ကောင်းဖို့ အနားယူရာမှာအရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် တက်ခြင်းက ကုသမှုတွေရဲ့ဆိုးကျိုးတွေပါ။ ဒါက သင့်ရဲ့နာလန်ထမှုကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် တခြားကျန်းမာရေးပြသနာတွေကိုလည်းဖြစ်စေပါတယ်။ သင့်ကျန်းမာရေးကို ထိန်းနိုင်ဖို့အတွက် ဒီလိုနာလန်ထချိန်မှာ ကျန်းမာအောင် ဘယ်လိုစားသောက်ရမလဲ သိထားသင့်ပါတယ်။   အစားအသောက် ဘေးကင်းမှုကို အာရုံစိုက်ပါ။ ဘေးကင်းတဲ့စားသောက်မှုက ကင်ဆာရောဂါကုသနေတဲ့သူတွေအတွက် အရေးကြီးပါတယ်။ ကင်ဆာဆဲလ်တွေကိုသတ်တဲ့ ဘယ်ကုသမှုမဆို သင့်ရဲ့ကိုယ်ရဲ့ခုခံအားစနစ်ကို အားနည်းစေပြီး ရောဂါပိုးဝင်စေနိုင်ပါတယ်။ ကုသမှုပြုလုပ်ပြီးတဲ့သင့်ရဲ့ကိုယ်ဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါတွေဝင်ဖို့ လွယ်စေပါတယ်။ ဒါပေမယ့် သင့်ကိုယ်ခံအားက အဲဒီအရာတွေက အရင်ကလောက် မတိုက်ခိုက်နိုင်သေးပါဘူး။ ရလဒ်အနေနဲ့ ရောဂါပိုးဝင်ပြီး သင့်ကျန်းမာရေးကိုခြိမ်းခြောက်လာပါလိမ့်မယ်။ ဒီလိုရောဂါပိုးဝင်နိုင်ချေကိုလျှော့ချဖို့အတွက် သင်ကျန်းမာဘေးကင်းစွာ စားသောက်ဖို့လိုပါမယ်။ သင့်လက်ကို အစာမစားခင်နဲ့ အစာကိုပြင်ဆင်နေချိန်မှာဆေးထားဖို့ သတိရပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကိုမစားခင် သူတို့ကိုသေချာဆေးဖို့မမေ့ပါနဲ့။ ဒါ့အပြင် အစားအစာတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်တတ်ဖို့သိမ်းဆည်းတတ်ဖို့ လိုပါတယ်။ ဥပမာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စွမ်းအားမြှင့်တင်ပေးသော အစားအသောက်များ

လူတွေကအများသောအားဖြင့်သူတို့ရဲ့ကုန်ဆုံးသွားတဲ့စွမ်းအင်ကိုပြန်ဖြည့်ဖို့ကော်ဖီတစ်ခွက်ဒါမှမဟုတ်သကြားလုံးတွေကိုစားကြပါတယ်။ ဒီနည်းလမ်းတွေကထိရောက်ပေမယ့်အချိန်တိုပဲဖြစ်ပါတယ်။ သင့်အနေနဲ့နောက်ပိုင်းမှာစွမ်းအင်ကုန်ခန်းမှာအသေအချာပါဘဲ။ ဒါကိုရှောင်ဖို့အတွက်သင့်အနေနဲ့ပရိုတိန်း၊အမျှင်ဓါတ်နဲ့ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကိုစားသင့်ပါတယ်။ ဒါတွေကသာစွမ်းအင်ကိုကြာကြာထိန်းထားနိုင်မှာပါ။ အောက်မှာပေးထားတဲ့အချက်တွေကိုစမ်းကြည့်ရအောင်။   အစေ့အဆံများ ကာဘိုဟိုက်ဒရိတ်တွေကသင့်ရဲ့ကိုယ်အတွက် လောင်စာဆီလို့တင်စားလို့ရပါတယ်။ အစားအစာတိုင်းမှာမတူညီတဲ့ကာဘိုဟိုက်ဒရိတ်တွေပါဝင်ပါတယ်။ ပေါင်မုန့်ဖြူနဲ့အစေ့အဆံအစာအစာတွေဥပမာ - အုတ်ဂျုံမှုန့်နဲ့အစေ့အဆံပေါင်မုန့်တို့ကိုစားခြင်းကသင့်ကိုယ်အတွက်ချက်ချင်းလုံလောက်တဲ့စွမ်းအင်ရစေမှာပါ။ လေ့လာသူတွေက quinoa လို့ခေါ်တဲ့စွမ်းအားမြင့်အစေ့အဆံတစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီ quinoa မှာအမျှင်ဓါတ်အများအပြားပါဝင်တဲ့အပြင်ဗီတာမင်ဘီနဲ့ပရိုတိန်းလေးအမြောက်အမြားလည်းပါဝင်ပါတယ်။ သူ့ကိုဆန်လိုဘဲလွယ်ကူစွာချက်ပြုတ်နိုင်ပြီးပျားရည်တွေ၊တခြားအဆံတွေ၊ဘယ်ရီသီးတွေနဲ့လည်းရောပြီးအရသာရှိတဲ့မနက်စာရရှိနိုင်ပါတယ်။   အယ်လ်မွန်စေ့များ အယ်လ်မွန်စေ့တွေကအဆာပြေစားဖို့အကောင်းဆုံးရွေးချယ်မှုတွေပါ။ သူတို့ကသင့်ရဲ့ကိုယ်ကိုစွမ်းအင်ပေးရုံသာမကသူတို့မှာမဂ္ဂနီဆီယမ် နဲ့ဗီတာမင်ဘီလိုမျိုးအာဟာရဓါတ်တွေလည်းပါဝင်ပါသေးတယ်။ မဂ္ဂနီဆီယမ်က လူကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုထိန်းညှိပေးပြီးဗီတာမင်ဘီကတော့ပင်ပန်းနွမ်းနယ်ခြင်းနဲ့အာရုံမစူးစိုက်နိုင်ခြင်းကိုကာကွယ်ပေးပါတယ်။ တစ်ခါစားရင်၂၈ဂရမ်ဒါမှမဟုတ်၂၃ စေ့စားပေးခြင်းကသင့်ရဲ့ကိုယ်ခန္ဓါကိုလန်းဆန်းစေဖို့လုံလောက်ပါတယ်။ ပြောင်းဖူးပေါက်ပေါက် ပြောင်းဖူးပေါက်ပေါက်ကသင်ထောပတ်၊ဆားတွေနဲ့ရောမစားသရွေ့သင့်ရဲ့စွမ်းအင်ကိုမြှင့်တင်ပေးဖို့အကောင်းဆုံးဆုံးဖြတ်ချက်ပါ။ အကြောင်းက ပြောင်းဖူးဆိုတာလည်းအစေ့အဆံတစ်မျိုးပါ။ သူကအမျှင်ဓါတ်ကြွယ်ဝတဲ့အပြင်စားရလည်းလွယ်ပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေကတခြားမုန့်တွေအာလူးကြော်တွေထက်အဆာပြေစေမှာပါ။ မှတ်သားထားရမှာတစ်ခုကရုပ်ရှင်ရုံမှာရတဲ့ ထောပတ်ပြောင်းဖူးပေါက်ပေါက်တွေထက်ကိုအဆီပါဝင်မှုနည်းတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကိုပဲတခြားဟင်းခတ်တွေအဆာပလာတွေနဲ့စားပါ။   လတ်ဆတ်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ သင့်ရဲ့ခန္ဓါကိုယ်ကိုစွမ်းအင်ပြည့်နေစေဖို့က ရေတွေသောက်ရမယ့်အပြင်လတ်ဆတ်တဲ့သစ်သီးနဲ့အရွက်တွေစားပြီး ရေဓါတ်ထိန်းထားဖို့လည်းလိုပါတယ်။ သစ်သီးတွေကကာဘိုဟိုက်ဒရိတ်သာမကဗီတာမင်အေနဲ့ စီကိုပါ ထောက်ပံ့ပေးပါတယ်။ သင်အချိုစားချင်တဲ့အခါသစ်သီးစားခြင်းကသင့်ကိုကျန်းမာစေပါတယ်။ အရွယ်ရောက်သူတစ်ယောက်အနေနဲ့တစ်နေ့ကိုသစ်သီးဖျော်ရည်နှစ်ခွက်နဲ့တစ်ဝက်သောက်ပေးသင့်တယ်လို့အမေရိကန် သုတေသနတစ်ခုက ဆိုပါတယ်။။ ဒါ့အပြင်သင့်အစားအစာထဲကိုအသီးနဲ့ဟင်းရွက်တွေထည့်စားတဲ့အကျင့်ကိုလုပ်ပါ။   ငါးနှင့် အခွံမာရေသတ္တဝါများ အာဟာရကျွမ်းကျင်သူတွေကကျွန်တော်တို့အနေနဲ့တစ်ပတ်ကိုငါးနဲ့အခွံမာကောင်နှစ်ကြိမ်စားဖို့တိုက်တွန်းပါတယ်။ ငါးတွေကချက်ဖို့လွယ်တဲ့အပြင်အရသာရှိပါတယ်။ ပင်လယ်စာတွေကသံဓါတ်ပေါများပါတယ်။ သံဓါတ်တွေကလူကိုယ်အနှ့အောက်ဆီဂျင်တွေသယ်ပို့ရာမှာကူညီပါတယ်။ဥပမာကမာကောင်နဲ့ဂုံးကောင်တစ်ပန်းကန်စားခြင်းကသင့်တစ်နေ့သံဓါတ်လိုအပ်မှုရဲ့၃၀ကနေ၅၀ရာခိုင်နှုန်းကိုရစေပါတယ်။ ဒါ့အပြင်ဆယ်လမွန်ငါးမှာပါတဲ့ပရိုတိန်းနဲ့အိုမီဂါ သရီးဖက်တီးအက်ဆစ် တွေကနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံကသင့်ဇီဝကမ္မဖြစ်စဉ်တွေနဲ့ဦးနှောက်လုပ်ငန်းစဉ်တွေကိုပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့စွမ်းအင်နဲ့စိတ်ခံစားမှုအပေါ်လည်းသက်ရောက်မှုရှိပါတယ်။“တစ်နေ့ပန်းသီးတစ်လုံးစားခြင်းကဆရာဝန်ကိုအဝေးရောက်စေတယ်” ဆိုတဲ့ဆိုရိုးကအလကားပြောထားတာတော့မဟုတ်ပါဘူး။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကျန်းမာစွာ စားသောက်ခြင်း

ချောကလက်က သင့်စိတ်ခံစားမှုကို ဘယ်လိုကောင်းမွန်စေနိုင်သလဲ

ချောကလက်က ခေါင်းတခြမ်းကိုက်တာ ဒါမှမဟုတ် ရိုးရိုးခေါင်းကိုက်တာကို ဖြစ်စေနိုင်တယ်လို့လူအချို့က ယူဆထားကြပေမယ့် အများအားဖြင့်တော့ ချောကလက်ဟာ သင့်ရဲ့စိတ်ခံစားမှုအနေအထားကို တိုးတက်ကောင်းမွန်စေတယ်လို့သတ်မှတ်ထားကြပါတယ်။ ချောကလက်ဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြပေမယ့် ဒါကိုအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒွိဟပွား ငြင်းခုန်နေကြတုန်းပါပဲ။ ဒီတော့ အခုဆောင်းပါးမှာ ချောကလက်ဟာ ကျွန်တော်တို့တွေရဲ့စိတ်ခံစားမှု၊ စိတ်အခြေအနေပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လက်ရှိအများစုလက်ခံထားကြတဲ့အချက်အလက်နဲ့ယုံကြည်မှုတွေအပေါ်မူတည်ပြီး ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ ချောကလက်က ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်ကို ဘယ်လိုမျိုးပြောင်းလဲစေနိုင်သလဲ။ ချောကလက်က ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူးလို့ပြောရမှာပါပဲ။ တချို့လူတွေဟာ ဝမ်းနည်းတဲ့အခါ၊ စိတ်ဓါတ်ကျတဲ့အခါ ချောကလက်ကို တမ်းတကြပြီး ချောကလက်လေးစားလိုက်တော့မှ စိတ်အခြေအနေပိုကောင်းလာတယ်၊ နေလို့ထိုင်လို့ကောင်းသွားတယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ဒီလိုစိတ်တက်ကြွစေတဲ့ အာနိသင်ဟာ ခဏသာဖြစ်ပြီး အာနိသင်ကုန်ရင်တော့ ခုနကစိတ်ဖိစီး၊ စိတ်ဓါတ်ကျတဲ့အခြေအနေကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ ချောကလက်မှာ ကာဘိုဟိုက်ဒရိတ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် tryptophan ဓါတ်တွေ ဦးနှောက်ထဲဝင်ရောက်နိုင်တဲ့နှုန်းကို ပိုများစေ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသွင်ပြောင်းဆီများကို ရှောင်ရှားခြင်း

Trans Fat (အသွင်ပြောင်းဆီ) ဆိုတာ အဆိုးဝါးဆုံးအဆီတစ်မျိုး လို့လေ့လာတွေ့ရှိရပါတယ်။ Trans fatty acidလို့လဲ ခေါ်နိုင်ပါသေးတယ်။ အဲဒါက ကောင်းတဲ့ကိုလက်စထရော(HDL)ကို နည်းစေပြီ းမကောင်းတဲ့ ကိုလက်စထရော(LDL)ကို သွေးထဲမှာ များလာစေပါတယ်။ HDLနည်းပြီး LDLများနေတဲ့လူဟာ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါကို ခံစားနိုင်ခြေ ပိုများလာပါမယ်။ ၁။ Trans Fat ဆိုတာဘာလဲ။ တချို့အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာ၀ Trans Fat အနည်းငယ် ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့လည်း Trans Fatကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို ဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ကာ အခန်းအပူချိန်တွင်တောင် အခဲအဖြစ်ရှိနေနိုင်အောင် ထုတ်လုပ်ပါတယ်။ အချို့အစားအစာတွေမှာ အဲဒီအဆီတွေ သက်တမ်းကြာကြာခံအောင် အဲဒီဆီကို ထည့်သွင်းအသုံးပြုကြပါတယ်။ စားသောက်ဆိုင်တွေမှာ အဆီတွေကို ခဏခဏပြန်လဲစရာ မလိုအောင် Trans Fatတွေကို ပြန်ကြော်ဆီအဖြစ် သုံးပါတယ်။ ၂။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငါးကြီးဆီနှင့် နှလုံးကျန်းမာရေး

အိုမီဂါသရီးသည် ကျန်းမာရေးနှင့်ပတ်သက်၍ အကျိုးကျေးဇူးများစွာရှိသည်ဟု ဟိုးယခင်ကတည်းကပင်ဆိုခဲ့ကြသည်။ ငါးကြီးဆီစားခြင်းဖြင့် နှလုံးရောဂါကိုကာကွယ်ကုသနိုင်သည်ဟုအကြံပြုထားကြသည်။ သို့သော်လည်း ကျွန်ုပ်တို့ ခန္ဓါကိုယ်သည် Omega 3 fatty acids (ငါးကြီးဆီ) ကိုမထုတ်လုပ်နိုင်ပါဘူး။ လုံလောက်သော ပမာဏရနိုင်ရန်အတွက် ဖြည့်စွက်စာစားခြင်း (သို့) အစားအစာထဲတွင် ငါးအဆီထည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အိုမီဂါ သရီး (Omega-3 fatty acids) အသားတွင်ရှိသော ပြည့်ဝဆီသည် သွေးအတွင်း ကိုလက်စထရောကိုတက်စေပါသည်။ သို့သော်လည်းငါးတွင် မပြည့်ဝဆီ (ငါးကြီးဆီ) ကြွယ်ဝပါသည်။ ငါးကြီးဆီသည် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးအတွင်း မကောင်းသောအဆီများကို လျော့ကျစေသည်။ သွေးခဲခြင်း၊ လေဖြတ်ခြင်းတို့ကို လျော့ကျစေပြီး သင့်ကိုကျန်းမာစေပါသည်။ ငါးကြီးဆီလုံလောက်စွာ စားသုံးသောသူများသည် နှလုံးနှင့်ပတ်သက်သောရောဂါများ ဖြစ်ရန်အခွင့်အလမ်း နည်းပါးပါသည်။ ငါးနှင့် ငါးကြီးဆီ လုံလောက်သော ငါးကြီးဆီပမာဏ ရရန်အတွက် အဆီများသောငါးများ (ဥပမာဆော်လမွန်၊ ဆာဒင်း၊ တူနာငါး)ကို ရွေးချယ်သင့်သည်။ ပင်လယ်စာအများစုသည် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောင်ရမ်းခြင်းကို လျော့ကျစေသော အစားအသောက် ၇မျိုး

ရောင်ရမ်းခြင်းဆိုတာ အရိုးအဆစ်နဲ့ ကြွက်သားဆိုင်ရာ ရောဂါဝေဒနာအများစုမှာ ဖြစ်လေ့ရှိပါတယ်။ စောစီးစွာ ကုသမှုမခံယူရင် နာတာရှည် ရောင်ရမ်းခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ သို့သော် ရောင်ရမ်းမှုအဆင့်ကို လျော့ကျသွားအောင် ကူညီပေးနိုင်တဲ့ လက်တွေ့နည်းလမ်းအချို့ရှိပါတယ်။ ဒါကတော့ သင့်ရဲ့ အစားအသောက်ကို ပြောင်းလဲ စားသောက်ပေးခြင်းမှ စတင်မှာ ဖြစ်ပါတယ်။ အာဟာရကျွမ်းကျင် ပညာရှင်များက လမ်းညွှန်ထားတဲ့ ရောင်ရမ်းမှုဝေဒနာကို လျော့ကျသက်သာအောင် ကူညီပေးနိုင်သော အစားအသောက် ၇မျိုးအကြောင်းကို ယခုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာ ဘာလဲ ခန္ဓါကိုယ်ထဲမှ ကျန်းမာနေတဲ့ ဆဲလ်တွေ ပျက်စီးသောအခါ ကိုယ်ခံအားစနစ်မှ တုံ့ပြန်သောကြောင့် ဖြစ်လာတဲ့ အခြေအနေကို ရောင်ရမ်းခြင်းလို့ ခေါ်ပါတယ်။ ရောင်ရမ်းခြင်း ဖြစ်လာတဲ့အခါမှာ အဆစ်တွေဟာ နီခြင်း၊ ဖောင်းခြင်း ၊ တောင့်တင်းခြင်း၊ နာကျင်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတဲ့ ဓါတုပစ္စည်းတွေများစွာ ရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာပျော်ရွှင်သောဘဝအတွက် အစားအသောက်အစီအစဉ်ဘယ်လိုရေးဆွဲမလဲ

ညီမျှတဲ့ အစားအစာတွေ စားသုံးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ ကျန်းမာတဲ့ ဘဝတစ်ခု ရရှိဖို့အတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို စားသောက်မှုပုံစံ အသစ်တစ်ခုကို ဖန်တီးဖို့ ကူညီသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ပိုမို ကျန်းမာစွာနေထိုင်ပြီး ရင်သားကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ကျန်းမာတဲ့ အစားအသောက်ပုံစံကို ကိုယ်တိုင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး စားသောက်ပုံဆိုတာ သင်နဲ့ သင့်လျော်တဲ့ အစားအစာတွေကို ပြောတာပါ။ အခြားသူတွေစားသောက်ပုံကို မကြည့်ပါနဲ့။ သင့်မှာ သင့်ကိုယ်ပိုင် ကျန်းမာရေးအခြေအနေ၊ ငွေရေးကြေးရေးနဲ့ သင်နှစ်သက်မှုတွေ ရှိနေပါသေးတယ်။ သင့်စားသောက်ပုံဟာ သင့်အခြေအနေကို မူတည်ပြီး ဖန်တီးထားသင့်ပါတယ်။ သူ့ကို သင်ဘာစားချင်တယ်ဆိုတာ ပြောပြရင် သူက အဲဒီအစားအစာတွေဟာ သင့်တော်ရဲ့လားဆိုတာ ပြောပြပါလိမ့်မယ်။   သင်စားသောက်တဲ့ အစားအသောက်တွေအကြောင်း စဉ်းစားပါ။ အချို့သူတွေက ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကယ်လိုရီတွေကို ရေတွက်ဖို့လိုပါတယ်လို့ ထင်ကြပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကင်ဆာကုသမှုအတွက် ကျန်းမာသောအစားအသောက်ပုံစံကို စားပေးပါ။

ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းနဲ့ အခြားကင်ဆာ ကုသမှုတွေဟာ သင့်ကိုယ်ခံအားစနစ်ကို လျော့ကျစေပြီး ပျို့အန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ ကင်ဆာ ကုသမှုတွေရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သက်သာစေပါတယ်။ ကင်ဆာ ကုသမှုဟာ ကိုယ်ခန္ဓါက အချို့အစားအစာတွေနဲ့ အာဟာရဓါတ်တွေ စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လူနာ စားတဲ့ အစားအစာတွေဟာ သူ့ကို ကျန်းမာစေရုံသာမက ကုသမှုတွေ အတွင်းမှာ သက်တောင့်သက်သာ ရှိစေဖို့ ကူညီပေးပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေကို စားသောက်ပါ။ ကောင်းမွန်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ ကင်ဆာရောဂါကုသမှု ခံယူစဉ်မှာ အရေးကြီးပါတယ်။ ဖျားနာမှုရော ကုသမှုရောကပါ လူနာရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လိုအပ်တဲ့အာဟာရတွေဟာ ကိုယ်ခံအားစနစ်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒါပေမယ့် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း