အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။  မတ်ပဲ ဆိုတာ မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/fenugreek-leaves-benefits/ မတ်ပဲရဲ့ အာဟာရ တန်ဖိုး မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။  ပရိုတင်း အဆီဓာတ် ကစီဓာတ် အမျှင်ဓာတ် […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

တစောင်းခါး ကျန်းမာစေသလား

တစောင်းခါးကို အညာစာ ကြိုက်သူတော်တော်များများကတော့ သိထားပြီး ဖြစ်မှာပါ။ အရသာက ခါးသက်သက်ဆိုပေမယ့် တော်တော်လေး ထမင်းမြိန်စေတဲ့ အစားအစာ တစ်မျိုးပါ။ တစောင်းခါးကို ထုပြီး ဆားနဲ့နယ် ခဏနှပ်ထားပြီး ရေစင်အောင်ဆေးလို ပုစွန်ခြောက် ငါးနီတူ စတာတွေနဲ့ ကြက်သွန်အဖြူအနီ ဆီသတ်ပြီး ကြော်ထားတဲ့ တစောင်းခါးကြော်လေးက တော်တော်လေး စားလို့ ကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ထမင်းမြိန်စေတဲ့ တစောင်းခါးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစောင်းခါး ဆိုတာ တစောင်းခါး ဆိုတာက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အရွက်လေးတွေက ရှားစောင်းလက်ပပ်ပင်လိုပဲ အထဲမှာ အနှစ်သားလေးတွေပါတဲ့ အစိမ်းရောင် ရှည်ရှည် အတောင့်လေးတွေပါ။ ဘေးအနားသတ်လေးတွေမှာ ဆူးလေးတွေပါတတ်ပါတယ်။ မြေမှာကပ်ပေါက်တတ်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရသာက ဖန်ခါးခါးလေးပါ။ တစောင်းခါးမှာ ဘာတွေပါ အရသာ ခါးသက်သက်လေး ရှိတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှမ်းကြတ်စေ့ ကျန်းမာစေသလား

နှမ်းကြတ်စေ့ ဆိုတာက ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး ကောက်နှံတစ်မျိုးပါ။ နှမ်းကြတ်စေ့က မြောက်အမေရိက မျိုးရင်းပင် တစ်မျိုးဖြစ်ပြီး ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ ဘယ်လိုများ နှမ်းကြတ်စေ့က ကျန်းမာရေးကို ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ နှမ်းကြတ်စေ့ ဆိုတာ နှမ်းကြတ်စေ့ ဆိုတာ တော်တော်လေး သေးငယ်တဲ့ နှမ်းစေ့လိုမျိုး အစေ့လေးတွေပါ။ ဒီအစေ့လေးတွေက ခပ်ဆိမ့်ဆိမ့် အရသာရှိသလို နှလုံးကျန်းမာစေတဲ့ အဆီတွေလည်း ပါဝင်နေပါတယ်။ ဒီအတိုင်း စားလို့ ရသလို အချိုပွဲတွေထဲမှာ ထည့်စားလို့ ရပါတယ်။ ကျန်းမာရေးကို တော်တော်လေး ထောက်ကူပေးပါတယ်။ နှမ်းကြတ်စေ့မှာပါတဲ့ အာဟာရဓာတ်များ နှမ်းကြတ်စေ့မှာပါတဲ့ အာဟာရဓာတ်များကတော့ ကယ်လ်လိုရီ အဆီဓာတ် ပြည့်ဝဆီ မပြည့်ဝဆီ ဆိုဒီယမ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ပရိုတင်း သီရာမင်း မဂ္ဂနီဆီယမ် ဆီလီနီယမ် သံဓာတ် စတာတွေ ပါဝင်နေပါတယ်။ နှမ်းကြတ်စေ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သိထားဖို့လိုမယ့် အာဟာရဆိုင်ရာ အချက်အလက်များ

အစားအစာတွေကို ခန္ဓာကိုယ် အင်အားပြည့်ဝစေဖို့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ဆိုပြီး စားသုံးနေကြပါတယ်။ ဒီလို စားသုံးရာမှာ ဘယ်အသီးအရွက်ကတော့ ချဉ်တယ်။ ဘယ်အရာကတော့ ဆိမ့်တယ်၊ ဘယ်အရာကတော့ စပ်တယ်ဆိုတာတွေကို သိကြသလို ဘယ်အသီးအနှံစားရင် မျက်စိအားကောင်းတယ်။ အိပ်ပျော်တယ်ဆိုတာကိုလည်း သိကြပါတယ်။ ဒါပေမယ့် အာဟာရ ပါဝင်မှုကိုတော့ မသိကြပါဘူး။ အစားအစာတွေနဲ့ ပတ်သက်ပြီး စားသုံးတဲ့သူတွေက ဒီအချက်တွေကို သိပေမယ့် စားလိုက်တဲ့ အစားအသောက်မှာပါတဲ့ အာဟာရ တန်ဖိုးကို သေသေချာချာ သိသူကတော့ ခပ်ရှားရှားပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ် ကျန်းမာစေဖို့ စားလိုက်တဲ့ အစားအစာတွေနဲ့ပတ်သက်ပြီး သိထားဖို့လိုမယ့် အာဟာရဆိုင်ရာ အချက်အလက်များ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ စားလိုက်တဲ့ အစားအစာတွေက ခန္ဓာကိုယ် ကျန်းမာစေဖို့နဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ စားလိုက်တဲ့ အစားအစာတွေက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပီလောပီနံရွက် စားလို့ရလား

ပီလောပီနံဥကို စားလို့ရတယ်ဆိုတာ လူတိုင်း သိပေမယ့် ပီလောပီနံရွက်ကို စားလို့ရတယ်။ ကျန်းမာရေး ကောင်းကျိုးရှိတယ်ဆိုတာကိုတော့ သိသူရှားမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပီလောပီနံရွက် စားလို့ရလား! စားရင် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပီလောပီနံရွက် ဆိုတာ ပီလောပီနံ ဆိုတာ ကန်စွန်းဥ၊ အာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ ပီလောပီနံရွက် ဆိုတာကတော့ ပီလောပီနံပင်ရဲ့ အရွက်ပါ။ လက်ဝါးပုံစံ အရွက်ကားကားမှာ ရှည်မြောမြော အရွက် ၇ ရွက်ပါပြီး အပေါ်မျက်နှာပြင်က ပြောင်ချောချောပါ။ အောက်ဘက်မှာတော့ ရိုးတံလေးတွ ဖြာနေပါတယ်။ အပင်က အရမ်းမ​မြင့်ပါဘူး။ ရိုးတံတွေ ဖြာထွက်ပြီး နုစဉ်မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

ကလိုရိုဖီး ဒီစကားလုံးလေးက လူတိုင်းနဲ့ စိမ်းကောင်းစိမ်းနေနိုင်ပါတယ်။ ကလိုရိုဖီးဆိုတာက ငယ်ငယ်က စာထဲမှာ သင်ခဲ့ဖူးတဲ့ အစိမ်းရောင်ခြယ် ပစ္စည်းတစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အသီးအရွက်လေးတွေနဲ့ ပတ်ဝန်းကျင်က သစ်ပင်တွေ စိမ်းစိုနေအောင် ဖန်တီးပေးထားတဲ့ အရာလေးပါ။ အပင်တွေ အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးတဲ့ ကရိုဖီးက အပင်တွေကို နေရောင်တွေကို စုပ်ယူပြီး အာဟာရချက်လုပ်နိုင်စေဖို့တင် ထောက်ကူပေးတာမဟုတ်ဘဲ လူတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ..... ဆိုတာကို လေ့လာကြည့်ရအောင်နော်။ ကလိုရိုဖီး ဆိုတာ ကလိုရိုဖီး ဆိုတာ အပေါ်မှာ ပြောခဲ့သလို အစိမ်းရောင်ခြယ်ပစ္စည်းပါ။  အသီးအရွက်လေးတွေ၊ အသီးအနှံလေးတွေ စိမ်းစိုနေစေဖို့ ထောက်ကူပေးပါတယ်။ အပက်တွေကို နေရာင်ခြည်စွမ်းအင်ကို စုပ်ယူပြီး အစာချက်လုပ်နိုင်စေဖို့ ထောက်ကူပေးပါတဲ့ အရာလေးပါ။ ဘယ်မှာတွေ့ရနိုင်လဲဆိုတော့ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေမှာပါ။ ကလိုရိုဖီး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ ကလိုရိုဖီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဩဇာသီး စားရင်း ကျန်းမာကြမယ်

ရာသီပေါ်စာ ဩဇာသီး စားရတာကို သဘောကျတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဩဇာသီးစားတာက ကျန်းမာရေးကို ထောက်ကူပေးသလို အသားအရေကိုရော ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဩဇာသီး စားရင်း ရရှိမယ့် ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဩဇာသီး ဆိုတာ ဩဇာသီး ဆိုတာ ဩဇာပင်ရဲ့ အသီးပါ။ ဩဇာသီးကအပြင်ခွံမှာ အဖုအချိုင့်လေးတွေပါပြီး အရောင်က အစိမ်းရောင်ပါ။ အတွင်းသားက တစ်ဆံချင်း ဖြူဖြူလေးတွေပါ။ အထဲမှာတော့ အမည်းရောင် အစေ့လေးတွေ ပါဝင်နေပါတယ်။ အရသာက ချိုချိုလေးပါ။ အသီးတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်တာပါ။ ဩဇာပင်က အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံက အပူပိုင်းဒေသမှာ ပေါက်ရောက်ပါတယ်။ ဩဇာသီးမှာ ပါတဲ့ အာဟာရဓာတ်တွေ ဩဇာသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အဆီဓာတ် ပရိုတင်းဓာတ် ကာဗိုဟိုက်ဒရိတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီးစေ့ စားလို့ရလား

ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရတယ်ဆိုတာ လူတိုင်း သိထားပြီး ဖြစ်ပေမယ့် ကြက်မောက်သီးစေ့ကို စားလို့ရတယ်ဆိုတာကိုတော့ သိသူရှားမယ် ထင်ပါတယ်။ ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရသလို ကြက်မောက်သီးစေ့ကိုလည်း စားလို့ ရပါတယ်။ ဒီတော့ ကြက်မောက်သီးစေ့ စားရင် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကြက်မောက်သီးစေ့ ဆိုတာ ကြက်မောက်သီးစေ့ ဆိုတာက အခွံပေါ်မှာ အမွှေးလေးတွေပါပြီး အနီရဲရဲလေးနဲ့ ခွာလိုက်ရင် အခဲက အသားလွှာ ဖြူဖြူလေးကို စားပြီးချိန်မှာ ထွက်လာတဲ့ အစေ့လေးပါ။ ကြက်မောက်သီးရဲ့ အစေ့ပေါ့။ ကြက်မောက်သီးစေ့မှာပါတဲ့ အာဟာရ ကြက်မောက်သီးစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် အဆီဓာတ် ပရိုတင်း Thiamine (ဗီတာမင် B1) Riboflavin (ဗီတာမင် B2) Niacin (ဗီတာမင် B3) […]


အာဟာရဆိုင်ရာ အချက်အလက်များ

Maple Syrup ကျန်းမာစေသလား

Maple Syrupက မြန်မာလူမျိုးတွေနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးလေးတွေ ရှိနေတာမို့ ဗဟုသုတ ရအောင် နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ Maple Syrup ဆိုတာ ဘာလဲ။ ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ Maple Syrup ဆိုတာ ဘာလဲ Maple Syrupဆိုတာ Mapleပင်ကနေရတဲ့ အချိုဓာတ်ပါတဲ့ အစေးတစ်မျိုးပါ။ အပင်ရဲ့ ပင်စည်ကို အပေါက်ကလေး ဖောက်ပြီး ဒီအစေးကို ရယူတာပါ။ Maple ပင်က သူ့ရဲ့ ကစီဓာတ်ကို အမြစ်တွေ နဲ့ အကိုင်းအခက်တွေထဲမှာ သိုလှောင်ထားတတ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာပေါ့။ နွေဦးကာလ ရောက်တဲ့အခါ ဒီလို ကာလရှည်ကြာ စုဆောင်းထားတဲ့ ကစီဓာတ်တွေကို အချိုဓာတ်ပါတဲ့ အစေးတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ ဒီအချိုဓာတ်ပါတဲ့ အစေးတွေကို ပင်စည်ထဲက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)