backup og meta

ကြက်မောက်သီးစေ့ စားလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်မောက်သီးစေ့ စားလို့ရလား

    ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရတယ်ဆိုတာ လူတိုင်း သိထားပြီး ဖြစ်ပေမယ့် ကြက်မောက်သီးစေ့ကို စားလို့ရတယ်ဆိုတာကိုတော့ သိသူရှားမယ် ထင်ပါတယ်။ ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရသလို ကြက်မောက်သီးစေ့ကိုလည်း စားလို့ ရပါတယ်။ ဒီတော့ ကြက်မောက်သီးစေ့ စားရင် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ကြက်မောက်သီးစေ့ ဆိုတာ

    ကြက်မောက်သီးစေ့ ဆိုတာက အခွံပေါ်မှာ အမွှေးလေးတွေပါပြီး အနီရဲရဲလေးနဲ့ ခွာလိုက်ရင် အခဲက အသားလွှာ ဖြူဖြူလေးကို စားပြီးချိန်မှာ ထွက်လာတဲ့ အစေ့လေးပါ။ ကြက်မောက်သီးရဲ့ အစေ့ပေါ့။

    ကြက်မောက်သီးစေ့မှာပါတဲ့ အာဟာရ

    ကြက်မောက်သီးစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

    • ကာဗိုဟိုက်ဒရိတ်
    • အမျှင်ဓာတ်
    • အဆီဓာတ်
    • ပရိုတင်း
    • Thiamine (ဗီတာမင် B1)
    • Riboflavin (ဗီတာမင် B2)
    • Niacin (ဗီတာမင် B3)
    • ဗီတာမင် B6
    • ဗီတာမင် C
    • သံဓာတ်
    • မဂ္ဂနီဆီယမ်
    • မဂ္ဂနိစ်
    • ဖော့စဖရပ်
    • ပိုတက်ဆီယမ်
    • ဇင့်တို့ ပါဝင်နေပါတယ်။

    ကြက်မောက်သီးစေ့ စားလို့ရလား

    ကြက်မောက်သီးစေ့ စားလို့ရလား ဆိုတော့ စားလို့ ရပါတယ်။ အစိမ်းတော့ စားလို့ မရဘူးပေါ့။ အစိမ်းစားရင် အဆိပ်သင့်နိုင်တာကြောင့်ပါ။ ကြက်မောက်သီးစေ့ကို ပြုတ်ပြီးတော့ ဖြစ်ဖြစ်၊ မီးဖုတ်ပြီးတော့ ဖြစ်ဖြစ် စားလို့ရပါတယ်။

    ကြက်မောက်သီးစေ့ ကျန်းမာရေး ကောင်းစေသလား

    ကြက်မောက်သီးစေ့ စားလို့ရလား

    ကြက်မောက်သီးစေ့ကို ပြုတ်ပြီး ဒါမှမဟုတ် မီးကင်ပြီး စားပေးမယ်ဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

    ကြက်မောက်သီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တတ်သူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။ Maple ရွက်၊ အုတ်ဂျုံတို့လိုမျိုး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

    ဆီးချို သက်သာစေတယ်

    ကြက်မောက်သီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေ စားပေးလို့ ရပါတယ်။ ဆီးချိုကြောင့် ခံစားရနိုင်တဲ့ လက္ခဏာတွေ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထိန်းညှိပေးနိုင်ပါတယ်။

    သွေးတိုး ကျစေတယ်

    ကြက်မောက်သီးစေ့ကို မီးကင်ပြီး စားတာက သွေးတိုးကျစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားပေးလို့ ရပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    ကြက်မောက်သီးစေ့က အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ် ပြဿနာတွေ ကင်းစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အစာအိမ် ကျန်းမာစေတယ်

    ကြက်မောက်သီးစေ့ စားပေးတာက အစာအိမ် ပြဿနာ ကင်းစေနိုင်ပါတယ်။ အစာအိမ်အောင့်တာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ပြဿနာတွေ ကင်းစေဖို့ စားပေးလို့ ရပါတယ်။ ရင်ပူတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

    ကြက်မောက်သီးစေ့က သွေးကြောတွေထဲမှာရှိတဲ့ သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးတွင်းအဆီများတာ၊ သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်

    ကြက်မောက်သီးစေ့ရဲ့ နောက်ထပ် အာနိသင် တစ်ရပ်ကတော့ နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးရဲ့ တာဝန်တွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေတာပါ။ နှလုံးစည်းချက် မှန်စေသလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ကြွက်သားတွေ ကျန်းမာစေတယ် 

    ကြက်မောက်သီးစေ့က ပရိုတင်း ကြွယ်ဝသလို သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြွက်သားတက်စေနိုင်သလို ကြွက်သားနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းတာ ကြွက်သားဒဏ်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    စိတ်ခံစားမှု ကောင်းစေတယ်

    ကြက်မောက်သီးစေ့က စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ရော အပြုသဘောဆောင်တဲ့ အတွေးတွေ ဖြစ်ပေါ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

    အိပ်ပျော်စေတယ်

    ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ကြက်မောက်သီးစေ့က ကူညီပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းစေသလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

    အသားအ​ရေ ကျန်းမာစေတယ်

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို ဗီတာမင်တွေ ပါဝင်နေတာ​ကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နေလောင်တာ၊ အမည်းစက်၊ အမာရွတ်တွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ကြက်မောက်သီးစေ့က လူတိုင်းနဲ့ တည့်ပေမယ့်

    • ရောဂါအခံရှိသူတွေ
    • ကလေးငယ်လေးတွေ
    • ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ
    • နို့တိုက်မိခင်တွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ဓာတ်မတည့်မှု ခံစားရလေ့ရှိသူတွေကတော့ မစားသင့်ပါဘူး။

    ကြက်မောက်သီးစေ့ စားလို့ရလား

    ကြက်မောက်သီးစေ့စားလို့ရလား ဆိုတော့ စားလို့ ရပါတယ်။ အစိမ်းတော့ စားလို့ မရဘူးပေါ့။ အစိမ်းစားရင် အဆိပ်သင့်နိုင်တာကြောင့်ပါ။ ကြက်မောက်သီးစေ့ကို ပြုတ်ပြီးတော့ ဖြစ်ဖြစ်၊ မီးဖုတ်ပြီးတော့ ဖြစ်ဖြစ် စားလို့ရပါတယ်။

    # ကြက်မောက်သီးစေ့ စားလို့ ရလား!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement