အဆစ်ရောင်တာကို သက်သာစေတယ် ဩဇာသီးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကိုယ်တွင်းက အရည်ဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ အဆစ်တွေထဲက အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အဆစ်ရောင်တာကို သက်သာစေပြီး လေးဖက်နာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားတွကို သန်မာစေပြီး ကယ်လ်ဆီယမ် ပါဝ်နေမှုက အရိုးတွေကို ကြံ့ခိုင် ကျန်းမာစေနိုင်ပါတယ်။
ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် အာရုံကြောဆဲလ်တွေထဲက chemical levels ကို ထိန်းညှိပေးပါတယ်။
စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ စိတ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပါကင်ဆန်ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ဩဇာသီးက အဆစ်ရောင်တာနဲ့ ဂေါက်ရောဂါလိုမျိုး ရောဂါတွေကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်သလို ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက ရောင်ရမ်းတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
ဩဇာသီး စားပေးတာက ခန္ဓာကိုယ်ကို ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေပြီး အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါ တယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။