backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။

ထန်းအူတိုင် ဆိုတာ

ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။

ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ကယ်လ်လိုရီ
  • အဆီဓာတ်
  • ဆိုဒီယမ်
  • သံဓာတ်
  • ကော့ပါး
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • သကြားဓာတ်
  • ပရိုတင်းဓာတ်
  • ဇင့်
  • မဂ္ဂနီဆီယမ်
  • ဖော့စဖရပ်
  • ပိုတက်ဆီယမ်
  • ဗီတာမင် B2
  • ဗီတာမင် B6တို့ ပါဝင်နေပါတယ်။

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းအူတိုင် စားတာ ကျန်းမာစေသလား ဆိုတော့ ကျန်းမာစေပါတယ်။ နူးညံ့ပြီး ချိုဆိမ့်ဆိမ့် အရသာရှိတဲ့ ထန်းအူတိုင်လေးက

ထန်းအူတိုင်မှာ အစာခြေစနစ် ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး အူနံရံတွေကို အာဟာရစုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမချုပ်စေဖို့လည်း ထောက်ကူပေးပါတယ်။

အဝလွန်တာ၊ စိတ်ကျန်းမာရေး ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက အစာကြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
  • ထန်းအူတိုင်မှာ အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် K လည်း ပါဝင်နေပါတယ်။ ပရိုတင်း ပါဝင်နေတာကလည်း အဆာခံနိုင်စေဖို့ ထောက်ကူပေးပြီး ခဏခဏ စားမိတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအစားထိုး စားသုံးပြီး ကိုယ်အလးချိန် ထိန်းညှိလို့ ရပါတယ်။

    အသက်အရွယ် ကြီးရင့်လာသူတွေဟာ အရိုး သိပ်သည်းဆ နည်းလာပြီး အရိုးပွတာကို ခံစားရပါတယ်။ ဒါပေမယ့် ထန်းအူတိုင်မှာ မဂ္ဂနိစ်ပါဝင်နေတာကြောင့် အရိုးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးပြီး အရိုးတစ်ရှူးတွေ ဆုံးရှုံးမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရိုးပွတာ၊ အရိုးပါးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်

    သွေးတွင်းသကြားဓာတ် မြင့်တက်တာက အချိန်ကြာလာတဲ့အခါ ကျောက်ကပ် ထိခိုက်တာ၊ အာရုံကြော ထိခိုက်ပျက်စီးတာ၊ ပိုးဝင်ကူးစက်တာလိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန် ထိန်းညှိပေးတာက ဒီကျန်းမာရေပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

    ထန်းအူတိုင်မှာ ပါတဲ့ အမျှင်ဓာတ် နဲ့ မဂ္ဂနိစ်တို့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ် များတာကြောင့် ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အင်ဆူလင် ထွက်ရှိစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။

    • သွေးအားနည်းရောဂါ ကာကွယ်ပေးတယ်

    ခန္ဓာကိုယ်ထဲမှာ ကျန်းမာတဲ့ သွေးနီဥဆဲလ်တွေ လျော့နည်းသွားတဲ့အခါ ခေါင်းထဲက မိုက်ခနဲ မူးတာ၊ ခြေကုန်လက်ပမ်းကျတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနီုင်ပါတယ်။ သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းရတာပါ။

    ထန်းအူတိုင်မှာ သံဓာတ်ပါဝင်နေသလို သံဓာတ် စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ ဗီတာမင် C လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကာကွယ်ဖို့အတွက် ထန်းအူတိုင်ကို စားပေးလို့ ရပါတယ်။

    • ကိုယ်ခံအား ကောင်းစေတယ်

    ထန်းအူတိုင်မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေဖြစ်ကြတဲ့ မဂ္ဂနိ့၊ ဇင့်၊ ဗီတာမင် C တို့ ပါဝင်နေပါတယ်။ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

    ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အဖျားတာတိုစေပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    • အမြင်အာရုံ ကျန်းမာစေတယ်

    ထန်းအူတိုင်မှာ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာ၊ အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကင်ဆာ ကာကွယ်ပေးတယ်

    ထန်းအူတိုင်မှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ Tocopherols လို့ခေါ်တဲ့ ဗီတာမင် A တစ်မျိုးပါဝင်နေပါတယ်။ ကင်ဆာဆဲလ်တွေ မဖြစ်အောင် ကာကွယ်ပေးပြီး ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ထန်းအူတိုင်ကို လူတော်တော်များများ စားလို့ရတယ်ဆိုပေမယ့် ဓာတ်မတည့်မှု ရှိသူတွေ မစားသင့်ပါဘူး။ သာမန်လူတွေကတော့ အတိုင်းအတာ တစ်ခုအထိ စားလို့ ရပြီး ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ လိုပါမယ်။

    ဘာတွေ သတိထားရမလဲ

    လတ်လတ်ဆတ်ဆတ် ထန်းအူတိုင်က သွေးတိုးကျစေတယ်ဆိုပေမယ့် ဆီသွတ်ဗူး ဒါမှမဟုတ် ဆားစိမ်ထားတာမျိုး ဖြစ်မယ်ဆိုရင်တော့ သွေးတိုးရှိသူတွေအနေနဲ့ ရှောင်သင့်ပါတယ်။ စားချင်ရင် လတ်လတ်ဆတ်ဆတ်ကိုပဲ စားပါ။ အမျှင်ဓာတ်များတာကြောင့် အများကြီးစားမယ်ဆိုရင် ရင်ပြည့်ပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement