backup og meta

မုန်လာဥနီ အရွက် စားလို့ရလား ......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုန်လာဥနီ အရွက် စားလို့ရလား ......

    မုန်လာဥနီ လို့ပြောလိုက်ရင် အများစုက မုန်လာဥနီကိုပဲ စားလို့ရတယ်လို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ မုန်လာဥနီက မုန်လာဥကိုတင် မဟုတ်ဘဲ မုန်လာဥနီ အရွက် ကိုပါ စားလို့ ရပါတယ်။

    မုန်လာဥနီက ကျန်းမာရေးအတွက် ကောင်းသလို မုန်လာဥနီ အရွက်ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပေးပါတယ်။ မုန်လာဥနီအရွက်က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    မုန်လာဥနီ အရွက်စားလို့ရလား ……

    မုန်လာဥနီ အရွက် စားလို့ရလား ......

    မုန်လာဥနီ အရွက်က မုန်လာဥဖြူ အရွက်လေးလိုပဲ စားလို့ရပါတယ်။ အရွက်နုနုလေးတွေကို ကြော်စားလို့ရသလို ရေနွေးဖျောပြီး သုတ်စားတာ၊ တို့စားတာတွေ လုပ်လို့ ရပါတယ်။

    နောက်တစ်နည်းကတော့ ဟော့ပေါ့ထဲ ထည့်စားတာပါ။ ချဉ်ဟင်းချက်စားလို့လည်း ရပါတယ်။ မုန်လာဥနီ အရွက်က ခါးသက်သက် ဖြစ်တာကြောင့် အဆိပ်အတောက်ရှိတယ်လို့ ယခင်က ယူဆခဲ့ကြပါတယ်။ တကယ်ကတော့ မုန်လာဥနီ အရွက်က အဆိပ်အတောက် မဖြစ်စေသလို စားလို့လည်း ရပြီး ဆေးဖက်လည်း ဝင်ပါတယ်။

    မုန်လာဥနီအရွက်က ဆေးဖက်ဝင်ပါတယ်။

    မုန်လာဥနီ အရွက် က ကိုယ်ခံအားအပေါ် သက်ရောက်မှု ရှိသလို အရိုး၊ မျက်လုံးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတွေအပြင် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    • ကိုယ်ခံအား ကောင်းစေပါတယ်

    မုန်လာဥနီ အရွက်က အဆိပ်အတောက်တွေကို ပြေစေနိုင်သလို ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးပြီး ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • အမြင်အာရုံ ကျန်းမာစေပါတယ်

    မုန်လာဥနီ အရွက်မှာ lutein၊ zeaxanthin နဲ့ beta-carotene တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်လွှာတွေကို ကာကွယ်ပေးသလို မျက်ကြည်လွှာတွေကိုလည်း ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ရေတိမ်ဖြစ်တာ၊ အတွင်းတိမ်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    • ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

    လေ့လာမှုတွေအရ မုန်လာဥနီအရွက် က ကိုယ်တွင်းက အဆိပ်အတောက်တွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    • သွေးပေါင်ချိန် ထိန်းညှိပေးတယ်

    မုန်လာဥနီ အရွက် မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးကြောတွေကို ပြေလျော့စေသလို သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

    သွေးမတိုးအောင် ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • အရိုးသိပ်သည်းဆ ကောင်းစေတယ်

    မုန်လာဥနီအရွက်မှာ မုန်လာဥနီလောက် သတ္တုဓာတ်တွေ ကြွယ်ဝစွာ မပါဝင်ပေမယ့် အရိုးတွေကို သန်မာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အရိုးပွတာမျိုး မဖြစ်အောင် ထောက်ကူပေးနိုင်သလို အရိုးတွေကိုလည်း သန်မာစေနိုင်ပါတယ်။

    • အစာခြေစနစ် ကျန်းမာစေနိုင်ပါတယ်

    မုန်လာဥနီအရွက်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းမှန်စေနိုင်ပြီး အူနံရံတွေကို ကျန်းမာစေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

    အူမကြီးကိုလည်း ကျန်းမာစေပြီး အူမကြီး ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    မုန်လာဥနီကို စားလို့ရသလို မုန်လာဥနီ အရွက် ကို စားပေးရင်လည်း အခုလိုမျိုး ကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ

    မုန်လာဥနီ အရွက်ကလည်း မုန်လာဥနီလိုပဲ လူတိုင်း စားသုံးပေးလို့ ရပါတယ်။ အလွန်အကျွံ မစားဖို့တော့ လိုပါမယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    မုန်လာဥနီကို ရောဂါအခံ ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ရှိတာကြောင့် ပုံမှန် ဆေးသောက်နေရသူတွေ အနေနဲ့တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement