home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သီဟိုဠ်ရွက် က ဆေးဖက်ဝင်လား ......

သီဟိုဠ်ရွက် က ဆေးဖက်ဝင်လား ......

သီဟိုဠ်စေ့ကို ကလေးလူကြီးမရွေး အကုန်လုံး စားကြပေမယ့် သီဟိုဠ်ရွက် ကိုတော့ လူကြီးတွေလောက်ပဲ စားတာ များပါတယ်။ စားလိုက်ရင် ရှိန်းတိန်းတိန်း မွှေးတေးတေးလေး ဖြစ်တဲ့ သီဟိုဠ်ရွက်က ကျန်းမာရေးအတွက် အထောက်အပံ့ပေးလား …… စားကောင်းရုံ သက်သက်ပဲလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

သီဟိုဠ်ရွက် ကို ဘယ်လို စားကြလဲ …….

သီဟိုဠ်ရွက်ကို အတို့အမြှုပ်အနေနဲ့ စားကြတာ များပေမယ့် ဟင်းချက်စားကြတာမျိုးလည်း ရှိပါတယ်။ ချဉ်ဟင်းတွေထဲမှာ ထည့်ချက်စားတာမျိုးလည်း ရှိပါတယ်။

အရွက် နုနုလေးတွေဆိုရင်တော့ အတို့အမြှုပ်လုပ်ပြီး စားတာက အကောင်းဆုံး ဖြစ်မှာပါ။ သီဟိုဠ်ရွက်က တစ်နှစ်ပတ်လုံး ရရှိနိုင်တဲ့ အရွက် တစ်မျိုးပါ။

သီဟိုဠ်ရွက်မှာ အာဟာရတွေ ပါလား ………

သီဟိုဠ်ရွက်မှာ အာဟာရတွေ ပါလား .........

သီဟိုဠ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ကပ်ပါးပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေရန်ကနေ ကာကွယ်ပေးနိုင်ပြီး ပိုးသတ်ပေးနိုင်ပါတယ်။ အရောင်ကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

ဒါတွေအပြင်

သီဟိုဠ်ရွက် က ဆေးဖက်ဝင်လား ……

ဖိလစ်ပိုင်မှာ သီဟိုဠ်ရွက် နုနုလေးတွေကို ရောဂါတွေ သက်သာစေဖို့နဲ့ အရေပြားပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပါတယ်။ သီဟိုဠ်ရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။

အတို့အမြှုပ်အနေနဲ့ စားလေ့ရှိတဲ့ သီဟိုဠ်ရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Cashew Leaves https://specialtyproduce.com/produce/Cashew_Leaves_16959.php Accessed Date 15 November 2021

Cashew Leaves https://thingscouplesdo.com/health-benefits-of-cashew-leaf/ Accessed Date 15 November 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 15/11/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။