backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပိန်းရွက် ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပိန်းရွက် ကပေးတဲ့ ကျန်းမာရေး

ပိန်းရွက်ကို စားလို့ရတဲ့ အကြောင်းကိုတော့ ဆောင်းပါးလေး တစ်ပုဒ်ရေးပြီး ပြောထားပြီးသားပါ။ ဘေးကင်းအောင် ဘယ်လို စားရမလဲဆိုတာကိုရောပေါ့။ ဒီ တစ်ခေါက်တော့ ပိန်းရွက် က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ပိန်းရွက် ဆိုတာက

ပိန်းရွက် လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ အကြောင်းကတော့ ပိန်းပင်က အလေ့ကျ ပေါက်ပင် တစ်မျိုးဖြစ်ပြီး တွေရ မြင်ရလွယ်လို့ပါ။ မမြင်ဖူးသူတွေကို မြင်သာအောင် ပြောပြရရင် ပိန်းရွက်ဆိုတာကအရွက်က အစိမ်းရောင် ခပ်ဖားဖား ရှိပါတယ်။ အရိုးက အစိမ်းရယ် အနီရယ်ဆိုပြီး ကွာပါတယ်။

ဒါကိုမှ ပိန်းစိမ်းရယ် ပိန်းနီရယ်ဆိုပြီး ခွဲခြား ခေါ်ဝေါ်တာပါ။ ပိန်းစိမ်းက ရိုးတံရော ရွက်ကြောလေးတွေပါ အစိမ်းရောင်ပါ။ ပိန်းနီကတော့ ရိုးတံနဲ့ ရွက်ကြောလေးတွေက အနီရောင်ပါ။ ခရမ်းရောင်ဘက်တောင် နည်းနည်းလုပါတယ်။

ပိန်းရွက်မှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ …..

ပိန်းရွက်က ကျောက်ကပ် ကျောက်တည်စေနိုင်တဲ့ oxalate  ပါဝင်နေတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အခုလို အာဟာရတွေလည်း ပါသေးတယ်။ ပိန်းရွက်မှာ

ပိန်းရွက် ကပေးတဲ့ ကျန်းမာရေး

ပိန်းရွက် ကပေးတဲ့ ကျန်းမာရေး

အစိမ်းလိုက် စားရင် အဆိပ်အတောက် ဖြစ်စေနိုင်တယ်ဆိုပေမယ့် သေချာလေး ကျက်အောင် ချက်ပြုတ်စားသုံးရင် အဆိပ်အတောက် ကင်းတဲ့ ပိန်းရွက်လေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ချက်ပြုတ်ပြီးတဲ့ ပိန်းရွက်က အစာကြေလွယ်ပြီး အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။

အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

မျက်လုံး ကျန်းမာစေတယ်

ပိန်းရွက်မှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေမှုက ခန္ဓာကိုယ်ကို ကျန်းမာစေသလို မျက်လုံးတွေကို ကျန်းမာစေပြီး အမြင်အာရုံ ပြဿနာ ကင်းစေဖို့ ထောက်ကူ ပေးနိုင်မှာပါ။

ကင်ဆာ ကာကွယ်ပေးတယ်

ပိန်းရွက်က ဗီတာမင် C လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အအေးမိတာ၊ နှာစေးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။

တွယ်ဆက်တစ်ရှူးတွေ ကြီးထွားစေဖို့ ထောက်ကူပေးသလို အနာကျက်စေပြီး ဟော်မုန်းညီညွတ် မျှတစေဖို့လည်း ထောက်ကူပေးပါတယ်။

သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးတယ်

ပိန်းရွက်က ကိုလက်စထရော လုံးဝ ပါဝင်မှု မရှိတဲ့ အရွက် တစ်မျိုးပါ။ သွေးတွင်းကိုလက်စထရော ကျစေဖို့ ထောက်ကူပေးနိုင်ပြီး အမျှင်ဓာတ်ပါဝင်နေတာကလည်း သွေးတွင်းက အကျိုးမပြု အဆီတွေကို ဖျော်ချပေးနိုင်ဖို့ အကောင်းဆုံး ထောက်ကူ ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

ပိန်းရွက်မှာ ပြည့်ဝဆီ ပါဝင်မှု နည်းတာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ်က သွေးကြောတွေထဲက အဆီတွေကိူ ဖယ်ရှားပေးနိုင်တာကြောင့် သွေးစီးဆင်းမှု ကောင်းစေနိုင်သလို ပိုတက်ဆီယမ် ပါဝင်နေမှုကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေနိုင်သလို လေဖြတ်တာလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆဲလ်တွေ ကာကွယ်ပေးတယ်

ပိန်းရွက်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့ carotenoid နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းတွေက ခန္ဓာကိုယ်က ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်

ပိန်းရွက်မှာ သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ရောက်ရှိစေဖို့ ထောက်ကူပေးတဲ့ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးအားမနည်းစေဖို့ ထောက်ကူပေးပါတယ်။

ခန္ဓာကိုယ်ရဲ့ သံဓာတ် လိုအပ်ချက်ကို ဖြည့်တင်းပေးသလို အားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အရေးအကြောင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်

ပိန်းရွက်မှာ အရေပြား ကျန်းမာစေဖို့ လိုအပ်တဲ့ ကော်လာဂျင် ထွက်ရှိစေဖို့ ထောက်ကူပေးတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ threonine ပါဝင်နေပါတယ်။ အရွယ်တင်စေဖို့နဲ့ အရေးအကြောင်း ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ဝိတ်ကျစေနိုင်တယ်

အဆီ ပါဝင်မှု နည်းပြီး ပရိုတင်း ပါဝင်မှု များတာကြောင့် အာဟာရပြည့်ဝစေနိုင်ပါတယ်။ အမျှင်ဓာတ် ပြည့်ဝမှုက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။

ပရိုတင်း ပါဝင်မှုက ကြွက်သားတွေကို ကျစ်လျစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အရောင်ကျစေနိုင်တယ်

ပိန်းရွက်မှာ Omega 3 ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေနိုင်သလို အစာအိမ်ရောင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

omega 3 ပါဝင်နေတာက သွေးကြောတွေကို ပြေလျော့စေပြီး ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ပုံမှန် ဖြစ်အောင် ထိန်းညှိပေးပါတယ်။ သွေးတိုးရှိသူတွေအတွက် သင့်တော်ပါတယ်။

အာရုံကြော ကျန်းမာစေတယ်

ပိန်းရွက်မှာ ဗီတာမင် B အုပ်စုပါဝင်နေတာကြောင့် အာရုံကြော စနစ်ကို ကျန်းမာစေပြီး ထုံကျဉ်တာ၊ နာကျင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်

ဇင့်ဓာတ် ပါဝင်နေတာကြောင့် အူတွေကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အူနံရံတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

မှတ်ဉာဏ် ကောင်းစေတယ်

ပိန်းရွက်က ဦးနှောက် နဲ့ အာရုံကြော စနစ်ကို ကျန်းမာစေနိုင်တဲ့ ဒိုဗာမင် ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးတာကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

နီကိုတင်း စွဲလမ်းတာကို သက်သာစေတယ်

ပိန်းရွက်မှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ tyrosine ပါဝင်နေတာကြောင့် ကဖင်း စွဲလမ်းမှုကိုရော နီကိုတင်း စွဲလမ်းမှုကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အလေ့ကျ ပေါက်ရောက်တတ်တဲ့ ပိန်းရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ စားရင် ဆီးကျောက်တည်နိုင်တာကိုလည်း သတိထားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement