backup og meta

ငုံးဥ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငုံးဥ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ကြက်ဥ၊ ဘဲဥ၊ ငုံးဥ လိုမျိုး ဥအမျိုးမျိုး ရှိတဲ့အထဲကမှ ငုံးဥကို အကြိုက်ဆုံးလား …. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

    ငုံးဥ ဆိုတာ

    ငုံးဥ ဆိုတာ ငုံးငှက်ကလေးတွေရဲ့ဥလေးတွေဖြစ်ပါတယ်။ ငုံးငှက်လေးတွေကမြေပြင်မှာ လျင်လျင်မြန်မြန် သွားလာနိုင်ပြီး တခါတလေတော့ ပျံတတ်ပါတယ်။ ငုံးဥက ကြက်ဥထက် တော်တော်လေး သေးပြီး အခွံပေါ်မှာ အမဲရောင် အစက်လေးတွေ ပါဝင်ပါတယ်။ အလေးချိန်အားဖြင့် ကြက်ဥ နဲ့ ဘဲဥတွေထက် ပေါ့ပေမယ့် အာဟာရဓါတ် ကတော့ တော်တော်လေး ပိုများပါတယ်။

    ငုံးဥ ကနေပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

    ငုံးဥမှာ အာဟာရဓါတ် ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တာကြောင့် နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    အမြင်အာရုံ ကောင်းမွန်စေခြင်း

    ငုံးဥမှာ အမြင်အာရုံကိုကောင်းမွန်အောင်အားဖြည့်ပေးတဲ့ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံ ကြည်လင်ကောင်းမွန်စေသလို မျက်စိကိုကျန်းမာစေပါတယ်။ ဗီတာမင်အေ ရဲ့ဓါတ်တိုးဆန့်ကျင်မှုဖြစ်စဉ်တွေက မျက်လုံးကြွက်သား ယိုယွင်းပျက်စီးမှုကိုလျှော့ချပေးနိုင်သလို အတွင်းတိမ်မဖြစ်အောင်ကာကွယ်ပေးပြီး အမြင်အာရုံကိုပိုမိုကောင်းမွန်စေပါတယ်။

    ကိုလက်စထရော ပမာဏကို ထိန်းညှိပေးခြင်း

    ငုံးဥမှာ ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့fatty acidတွေအများအပြားပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။HDL ကိုလက်စထရောက ခန္ဓါကိုယ်ကိုအကျိုးမပြုတဲ့ကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောကိုတိုက်ဖျက်ဖို့အတွက်လိုအပ်တဲ့ အကျိုးပြုကိုလက်စထရောတစ်မျိုးဖြစ်ပါတယ်။ ငုံးဥမှာ HDL ကိုလက်စထရော ၆၀ ရာခိုင်နှုန်းလောက်အထိပါဝင်ပါတယ်။ ကိုလက်စထေရောဆိုင်ရာပြဿနာအခံရှိသူတွေအနေနဲပကတော့ ငုံးဥအများကြီးမစားသင့်ပါဘူး။ ငုံးဥတစ်လုံးမှာ အကြမ်းဖျင်းအားဖြင့်ပြည့်ဝဆီ ၁.၆ ဂရမ်ပါဝင်နေပါတယ်။

    ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးအောင်လှုံ့ဆော်ပေးခြင်း

    ကြက်ဥလိုမျိုးပဲ ငုံးဥကလည်း ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေကိုထောက်ပံ့ပေးပါတယ်။ ပရိုတင်းတွေက အာဟာရဓါတ်ပုံစံအမျိုးမျိုးအဖြစ်ပြိုကွဲသွားပြီး ဆဲလ်အသစ်တွေ၊တစ်ရှုးတွေ၊ ကြွက်သား၊အရိုးနဲ့သွေးကြောတွေကိုဖြစ်ပေါ်စေပါတယ်။ ငုံးဥမှာပါတဲ့ အာဟာရဓါတ်က ကျန်းမာရေးကောင်းမွန်စေပြီး ခန္ဓါကိုယ်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေပါတယ်။

    သွေးတိုး ကျစေခြင်း

    ငုံးဥမှာ ပိုတက်ဆီယမ်အပါအဝင် ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်များစွာပါဝင်ပါတယ်။ ငုံးဥက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်လားဆိုတာကိုလေ့လာနေဆဲဆိုပေမယ့် ငုံးဥမှာ ပိုတက်ဆီယမ်ပါဝင်နေတာကသွေးတိုးကျစေနိုင်ပြီးသွေးလွတ်ကြောတွေ နဲ့သွေးပြန်ကြောတွေအပေါ်မှာ ဖိအားတွေသက်ရောက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ငုံးဥမှာ ကြက်ဥထက် ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။

    ကိုယ်တွင်း အဆိပ်အတောက်ကို ပြေစေနိုင်ခြင်း

    နေထိုင်ရာ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ၊ ညစ်ညမ်းတဲ့အရာတွေ ကိုယ်တွင်းအဆိပ်အတောက်တွေကို ပြေစေတာက အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။လေ့လာမှုတွေအရ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ငုံးဥကို ထည့်သွင်းစားသုံးပေးမယ် ဆိုရင်သွေးကြောတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်သလို သည်းခြေကျောက်နဲ့ကျောက်ကပ်ကျောက်တွေကိုသေးငယ်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    နာတာရှည်ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးခြင်း

    ဓါတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာက လူ့ကျန်းမာရေးအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ လူသားတွေဟာနေ့စဉ်နဲ့အမျှ နာတာရှည်ရောဂါတွေနဲ့ ကင်ဆာဝေနာတွေကိုဖြစ်စေနိုင်တဲ့free radicalတွေနဲ့ထိုးစစ်ဆင်နေရပါတယ်။ ငုံးဥမှာfree radicalတွေကိုတိုက်ဖျက်ပးနိုင်စွမ်းရှိတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင်အေ (Vitamin A)တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

    ဓါတ်မတည့်မှုတွေကို သက်သာစေခြင်း

    ငုံးဥမှာ ဓါတ်မတည့်မှုကိုတိုက်ဖျက်ပေးတဲ့ သဘာဝဓါတ်ပစ္စည်းတစ်ရပ်ဖြစ်တဲ့ovomucoid ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ရောင်ရမ်းတာနဲ့ အခြားဓါတ်မတည့်တဲ့လက္ခဏာတွေခံစားရမယ်ဆိုရင် ငုံးဥစားပေးလို့ရပါတယ်။ ငုံးဥက ဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေပြီး ခန္ဓါကိုယ်ကိုပုံမှန်အနေအထားပြန်လည်ရောက်ရှိစေမှာဖြစ်ပါတယ်။

    ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကို တိုးတက်စေနိုင်ခြင်း

    ငုံးဥမှာ ပါတဲ့ ဗီတာမင် ဘီ က ဟော်မုန်းနဲ့အင်ဇိုင်းတွေရဲ့လုပ်ဆောင်မှုတွေအပါအဝင်ခန္ဓါကိုယ်တစ်ခုလုံးက ဇီဝတွင်းဖြစ်ပျက်မှုတွေကိုမြှင့်တင်ပေးပါတယ်။ ငုံးဥကအရသာရှိတာထက် ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေကိုချောမွေ့စေပါတယ်။

    စွမ်းအင်ကို တိုးမြှင့်စေနိုင်ခြင်း

    ငုံးဥမှာ သတ္တုဓါတ်နဲ့ အာဟာရဓါတ်များစွာပါဝင်နေသလို ပရိုတင်းကလည်း ၆ ဂရမ်ပါဝင်တာကြောင့် မနက်တိုင်းငုံးဥစားသုံးပေးမယ်ဆိုရင် စွမ်းအင်တိုးတက်စေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။

    သတိပြုစရာများ

    • ငုံးဥမှာပြည့်ဝဆီ အတန်အသင့်ပါဝင်နေတာကြောင့် ငုံးဥကို အကန့်အသတ်နဲ့စားသုံးသင့်ပါတယ်။နေ့စဉ်စားသုံးမှုပုံစံကို ကြီးကြီးမားမားပြောင်းလဲမယ်ဆိုရင် တတ်သိနားလည်သူနဲ့တိုင်ပင်သင့်ပါတယ်။
    • သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေကို ငုံးဥအများကြီးမကျွေးသင့်ပါဘူး။ ငုံးဥကို အသင့်အတင့်စားသုံးတာကတော့ အန္တရာယ်မရှိပါ ဘူး။
    • ငုံးဥကို အသက် ၈ လအောက်ကလေးတွေကိုမကျွေးသင့်ပါဘူး။
    • ငုံးဥနဲ့ဓါတ်မတည့်သူတွေကိုလည်းမကျွေးသင့်ပါဘူး။
    • ကျောက်ကပ်နဲ့အသည်းရောဂါရှိသူတွေနဲ့လည်းမသင့်တော်ပါဘူး။
    • အစာအိမ်နဲ့အူလမ်းကြောင်းဝေဒနာရှိသူတွေအနေနဲ့လည်းမစားသုံးသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement