backup og meta

ထောပတ်သီး (Avocado)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထောပတ်သီး (Avocado)

    နွားနို့နဲ့ ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲ စားစား၊ အသားလွှာပြီး ဆူရှီထဲ ထည့်စားစား၊ သကြားနဲ့ပဲ တို့စားစား စားလို့ ကောင်းတဲ့ ထောပတ်သီး လေးကို ကြိုက်ကြလား ……. ဒီနေရမှာ အဖြေက ‘yes’ဆိုရင် ဆောင်းပါးလေးက သင့်အတွက်ပါ။

    ထောပတ်သီး (Avocado) ဆိုတာ

    ထောပတ်သီး ဆိုတာက ထောပတ်ပင်ရဲ့ အသီးပါ။ အပြင်ခွံ အညိုရောင်၊ ဒါမှမဟုတ် အစိမ်းရောင် ရှိပါတယ်။ အတွင်းသားကတော့ ထောပတ်လို အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် အစိမ်းရောင် နုနု အနှစ်လေးတွေပါ။ ထောပတ်ပင်က အပင်ကြီးမျိုးဖြစ်ပြီး အသီးတွေက အခိုင်လို်က သီးတတ်ပါတယ်။

    အသီးက ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မြောမြောလေးတွေလည်း ရှိပါတယ်။ အရွယ်အစားကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။

    ထောပတ်သီးမှာ ဘာတွေပါလဲ

    စားလို့ကောင်းတဲ့ ထောပတ်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    • ပိုတက်ဆီယမ်
    • ဖောလိတ်
    • ဗီတာမင် B6
    • ဗီတာမင် C
    • ဗီတာမင် E
    • အမျှင်ဓာတ်
    • သကြားဓာတ်
    • အဆီဓာတ်တို့ ပါဝင်နေပါတယ်။

    ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ် များစွာပါဝင်ပါတယ်။လေ့လာမှု တော်တော်များများမှာထောပတ်သီးက ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်တဲ့ အသီးတစ်မျိုး ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ထောပတ်သီးမှာ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ အဆီတစ်မျိုးဖြစ်တဲ့ omega 3 fatty acid ကြွယ်ဝစွာပါဝင်ပါတယ်။ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီက ကိုယ်သွေးတွင်း ကိုလက်စထရောဓာတ်ကို ကျင်းစေပြီး နှလုံးကိုကျန်းမာစေပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝပြီး သကြားဓါတ်ပါဝင်မှု တော်တော်လေး နည်းပါတယ်။ ထောပတ်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံလေးတွေကို လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။

    • နှလုံး

    ထောပတ်သီးမှာmonounsaturated fat တွေနဲ့ polyunsaturated fatတွေကသွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။

    အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ homocysteine ပရိုတင်းပမာဏ များလွန်းတာက နှလုံးရောဂါတွေခံစားရနိုင်ခြေကိုတိုးစေနိုင်တယ်ဆိုပေမယ့်ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ဖောလစ်အက်ဆစ်ကြွယ်ဝပါဝင်မှုကhomocysteine ပရိုတင်းချေဖျက်ရာကနေထွက်လာတဲ့ အမိုင်နိုအက်ဆစ်ကိုထိန်းညှိပေးပါတယ်။

    ထောပတ်သီးကလေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနဲ့ဆီးချိုဖြစ်ပေါ်ခံစားရနိုင်ခြေတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

    • ရောင်ရမ်းမှုကို သက်သာစေခြင်း

    ထောပတ်သီးမှာရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ထောပတ်သီးမှာphytosterols ၊ ကာရိုတီးနွိုက်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊omega 3 fatty acids နဲ့ polyhydroxolated fatty alcoholတွေပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာနဲ့လေးဖက်နာဝေဒနာတွေကို သက်သာစေပါတယ်။

    • သွေးတွင်းကိုလက်စထရောကျဆင်းစေခြင်း

    ထောပတ်သီးကသွေးတွင်းကအကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောကို တိုးစေပါတယ်။သွေးတွင်းကိုလက်စထေရောမင့်တဲ့သူတွေအနေနဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာထောပတ်သီးကိုထည့်သွင်းစားသုံးမယ်ဆိုရင် တစ်ပတ်ကြာတဲ့အခါ ကိုယ်တွင်းက အကျိုးမပြုကိုလက်စထရော ၂၂ ရာခိုင်နှုန်းကျဆင်းပြီး အကျိုးပြုကိုလက်စထရော ၁၁ ရာခိုင်နှုန်းတိုးလာစေပါတယ်၊လို့ဆေးဘက်ဆိုင်ရာ လေ့လာမှုတစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။သွေးတွင်းကိုလက်စထရာပမာဏကောင်းမွန်သူတွေမှာလည်း ပိုမိုကောင်းမွန်အောင်ထောပတ်သီးက အထောက်အကူပြုပေးပါတယ်။

    • သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း

    ထောပတ်သီးမှာ monounsaturated fat ကြွယ်ဝစွာပါဝင်တာကြောင့် အင်ဆူလင်ဓါတ်တုံ့ပြန်နိုင်စွမ်းမရှိခြင်း (insulin resistance) ကိုရပ်တန့်အောင်လည်း အထောက်အကူပြုပါတယ်။သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ထောပတ်သီးမှာပါတဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ် ကသွေးတွင်းသကြားဓါတ်ပမာဥကို တည်ငြိမ်အောင်လည်း ထိန်းညှိပေးပါတယ်။ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး အချိုဓါတ်ပါဝင်မှုနည်းတာကလည်းသွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။

    • သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

    ထောပတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်မှုသွေးပေါင်ချိန်ကိုထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ဓါတ်က ဆားစားသုံးမှုကြောင့်သွေးတိုးတာကို ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။

  • အမြင်အာရုံ
  • ထောပတ်သီးမှာ မျက်လုံးကြွက်သားတွေ ယိုယွင်းပျက်စီးတာနဲ့ရေတိမ်ဖြစ်တာတွေကိုလျော့ကျစေနိုင်တဲ့carotenoid lutein ပါဝင်တာကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

    • ကိုယ်ခံအားစနစ်

    Glutathione က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ အင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ပြန်ရည်ကြောဆဲလ်တွေထဲမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့glutathione ပမာဏက သင့်တင့်တဲ့အနေအထားရှိနေမယ်ဆိုရင် ကိုယ်ခံအားစနစ်က အကောင်းမွန်ဆုံးအနေအထားမှာရှိနေမှာဖြစ်ပါတယ်။ထောပတ်သီးမှာglutathione ကြွယ်ဝစွာပါဝင်နေပါတယ်၊ လို့ အမေရိကန်အမျိုးသား တက္ကသိုလ်ကဖော်ပြခဲ့ပါတယ်။

    • သန္ဓေသားမှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း

    ထောပတ်သီးက မိခင်တွေရွေးချယ်စားသုံးသင့်တဲ့ အသီးတစ်မျိုးပါ။ထောပတ်သီးမှာဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ဖောလစ်အက်ဆစ်က အာရုံကြောပြွန်ချွတ်ယွင်းလိုမျိုး ကလေးငယ်တွေမှာ မွေးရာပါချွတ်ယွင်းချက်မဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ထောပတ်သီးကိုစားသုံးသင့်ပါတယ်။

    • ကင်ဆာ

    ထောပတ်သီးက ခံတွင်းကင်ဆာ၊ အရေပြားကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေအပါအဝင်ကင်ဆာရောဂါတော်တော်များများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ထောပတ်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာနဲ့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစာမ်းသတ္တိတွေက ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ထောပတ်သီးမှာပါတဲ့ phytochemical က ကင်ဆာဆဲလ်တွေပြန့်ပွားမှုမဖြစ်အောင်တားဆီးပေးသလို ကင်ဆာဆဲလ်တွေကိုသေစေနိုင်စွမ်းရှိပါတယ်။

  • အစာကြေစေခြင်း
  • ထောပတ်သီးမှာအမျှင်ဓါတ်ကြွယ်ဝစွာပါရှိမှုက အစာခြေလမ်းကြောင်းကိုကောင်းမွန်အောင်အထောက်အကူပြုသလို၊ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။ ကိုယ်အလေးချိန်ကိုလည်းထိန်းညှိပေးနိုင်ပါသေးတယ်။

    • အရေပြား

    ထောပတ်သီးမှာပါတဲ့ ဗီတာမင် စီ နဲ့ဗီတာမင် အီး (Vitamin E) အရေပြားကိုအာဟာရပြည့်စေပြီး ဝင်းလက်တောက်ပစေပါတယ်။ထောပတ်သီးကို အရေပြားမှာ အနီအပိန့်တွေထွက်တာကို သက်သာစေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။

    သတိပြုရမယ့်အချက်များ

    • ထောပတ်သီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။
    • ထောပတ်သီးက အစာခြေဖျက်ရတာကြာတာကြောင့်တော်တော်ကြာတဲ့အထိ ဗိုက်ဆာတယ်လို့မခံစားရစေတာကြောင့် ထောပတ်သီးကိုအလွန်အကျွံစားသုံးပါကအာဟာရချို့တဲ့မှုကိုခံစားရနိုင်ပါတယ်။
    • latex allergy ရှိသူတွေအနေနဲ့ထောပတ်သီးကိုစားသုံးမယ်ဆိုရင် ဓါတ်မတည့်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့ထောပတ်သီးကဘေးကင်းရဲ့လားဆိုတာကိုသေချာမသိရသေးတာကြောင့် မစားသုံးဘဲနေတာပိုကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement