Myth (3) – ပရိုတင်းများများစားလေ ပိုကောင်းလေပဲ။
လူတစ်ယောက် ကျန်းမာဖို့ဆိုရင် တစ်နေ့ကို ပရိုတင်း ပမာဏ ၅၀ ဂရမ် လိုအပ်မှာပါ။ အစားပုံမှန်စားမယ်။ ပြည့်ပြည့်ဝဝ စားမယ်ဆိုရင်တောင် ပရိုတင်းပမာဏက လိုအပ်တယ်ဆိုတဲ့ ပမာဏထက် ၂ ဆလောက် စားမိနိုင်ပါ။
ဒီလိုစားမိတော့ ကျန်းမာရေး ပိုကောင်းမယ်။ ခန္ဓာကိုယ် ပိုထွားကြိုင်းမယ်လို့ ထင်စရာရှိပါတယ်။ တကယ်ကတော့ စားသုံးလိုက်တဲ့ ပရိုတင်းကို ခန္ဓာကိုယ်က ချက်ချင်း အသုံးပြု လိုက်တာပါ။ ခန္ဓာကိုယ်က ပရိုတင်းကို သိုလှောင်ထားနိုင်တာ မျိုးမရှိပါဘူး။ ဒါကြောင့် ပရိုတင်းကို ပုံမှန်အတိုင်း လုံလောက်တဲ့ပမာဏပြည့်မီအောင် စားရင်ကို အဆင်ပြေပါတယ်။
Myth (4) – ကြွက်သားတက်စေဖို့ ပရိုတင်း များများစားဖို့လိုမယ်။
အားကစားသမား တော်တော်တာ်များများ ဒီအယူအဆကို လက်ခံထားကြပါတယ်။ ကြွက်သားတက်စေဖို့ဆိုရင် ပရိုတင်း များများ စားဖို့လိုမယ်ပေါ့။ တက်ကြွလှုပ်ရှားနေသူ တစ်ယောက်အဖို့ ပရိုတင်းလိုအပ်ချက်က မြင့်မားနိုင်ပါတယ်။ ဒါကလည်း လှုပ်ရှားတဲ့အခါ အားရှိစေဖို့အတွက် လောင်ကျွမ်းရမယ့် ကယ်လ်လိုရီတွေရှိဖို့ပါ။
Myth (5) – ပရိုတင်းပါဝင်မှု များတဲ့အစာအစာတွေက ဝိတ်ကျစေဖို့ အထောက်အပံ့ပေးတယ်
ပရိုတင်းပါတဲ့ အစားအစားတွေက အဆာခံနိုင်စေတာ မှန်ပေမယ့် ပရိုတင်းမှာလည်း အစာကြေလွယ်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတို့နည်းတူ ကယ်လ်လိုရီ ပါဝင်နေပါတယ်။ ကယ်လ်လိုရီကို များများစားမိတဲ့အခါ ကိုယ်အလေးချိန်က တက်မှာပါပဲ။ ပရိုတင်းများများစားတာက ကယ်လ်လိုရီ များများစားမိနိုင်တဲ့ လမ်းစပါ။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် ကယ်လ်လိုရီပမာဏကို ထိန်းရပါမယ်။ အသားစားလို့ ဝိတ်မကျပါဘူး။
Myth (6) – ပရိုတင်း များများစားရင် အရိုး ထိခိုက်နိုင်တယ်
ပရိုတင်း အစားများရင် အရိုးပွရောဂါ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ ပရိုတင်း အစားများလို့ အရိုးက ကယ်လ်ဆီယမ် စုပ်ယူမှုကို ကျဆင်းစေတာမျိုး မရှိသလို အရိုးပါးတာ၊ အရိုးပွတာမျိုးလည်း မဖြစ်နိုင်ပါဘူး။ ပရိုတင်း စားသုံးမှုက အရိုးသိပ်သည်းဆ ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
ကဲ ဘယ်နှချက်လောက်များ မှားသိထားလဲ………………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။