ပရိုတင်းလို့ဆိုလိုက်ရင် အသားတွေ ငါးတွေကနေပဲ ရမယ်လို့ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါကလည်း မမှားပါဘူး။ အသားဓာတ် လို့ဆိုတာကိုး။ အသားငါးတွေကနေပဲရမယ်လို့ ယူဆမှာပေါ့။ ဒီတော့ အသားမစားတဲ့သူတွေ အသားဓာတ် မရတော့ဘူးလားလို့ မေးစရာရှိနေနိုင်ပါတယ်။ အသားဓာတ်ရနိုင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ရှိပါသေးတယ်။ ဘာတွေဖြစ်မလဲ ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်လိုက်ပါ။