backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စားလို့ကောင်းတဲ့ ကြာစွယ်လေးကပေးတဲ့ ကျန်းမာရေး အာနိသင်


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စားလို့ကောင်းတဲ့ ကြာစွယ်လေးကပေးတဲ့ ကျန်းမာရေး အာနိသင်

မာလာဟင်းထဲမှာဖြစ်ဖြစ်၊ မာလာရှမ်းကော ဒါမှမဟုတ် ဟော့ပေါ့ထဲမှာ ထည့်စားတတ်ကြတဲ့ ကြာစွယ်လေးက ခပ်ကြွပ်ကြွပ်လေးနဲ့ ဝါးစားလို့ကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ကြာစွယ်ဆိုတာ ဘာလဲ…….

ကြာပင်ရဲ့ အမြစ်ပါ။ ပင်စည်မှာ အပေါက်လေးတွေ ပါနေပြီး စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။ အပြင်ခွံက အဝါရောင် ဒါမှမဟုတ် အညိုရော်င ခပ်ဖျော့ဖျော့ဆိုပေမယ့် အတွင်းသားကတော့ ဖြူပါတယ်။ ဟင်းတွေထဲမှာ ထည့်ချက်စားသုံးကြသလို ရှေးယခင် ကာလတွေတုန်းက တရုတ်လူမျိုးတွေက တိုင်းရင်းဆေးအဖြစ် အသုံးပြုခဲ့ကြပါ သေးတယ်။

ဘယ်အာဟာရဓာတ်တွေ ပါဝင်နေလဲ……….

စားလို့ ကောင်းတဲ့ ကြာစွယ်လေးကို စားသုံးပေးမယ်ဆိုရင်

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အဆီဓာတ်
  • အမျှင်ဓာတ်
  • ဗီတာမင် C
  • ပိုတက်ဆီယမ်
  • Riboflavin
  • ဗီတာမင် B6
  • ကော့ပါး
  • မဂ္ဂနိ့
  • သီရာမင်း
  • ဖော့စဖရိတ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • ကယ်လ်ဆီယမ်
  • ဖောလိတ်
  • နီကာဆင်
  • ဇင့်
  • ဆီလီနီယမ် တို့ ကြွယ်ဝစွာ ရရှိမှာပါ။

ကြာစွယ်ကပေးတဲ့ ကျန်းမာရေး

ကြာစွယ်လေးကို စားသုံးပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်။

အသားအရေကို ကြည်လင်စေတယ်

ကြာစွယ်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အရေပြားကို ဗီတာမင် C ကအကောင်းဆုံး အားဖြည့်ပေးပြီး ကော်လာဂျင်တွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ကော်လာဂျင်ထွက်ရှိမှုက ခရမ်းလွန်ရောင်ခြည်နဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြား ထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အရေပြားပေါ်က အစက်အပျောက်တွေကို သက်သာစေနိုင်ပါတယ်။ အမဲစက်တွေ အသားအရောင်မညီတာတွေကို သက်သာစေနိုင်တယ်။

ဦးနှောက် ကျန်းမာစေနိုင်တယ်

အမဲအသည်း၊ နေကြာစေ့၊ သီဟိုဠ်စေ့ တို့နည်းတူ ကြာစွယ်မှာ ကော့ပါး ကြွယ်ဝစွာပါဝင်နေပါတယ်။ ကော့ပါးက ခန္ဓာကိုယ်ကိုတင် အားရှိစေတာ မဟုတ်ပါဘူး။ အရိုးတွေကို သန်မာစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေနိုင် ပါတယ်။

ဦးနှောက်ကျန်းမာရေးကောင်းစေနိုင်သလို သိမြင်မှု စွမ်းရည် တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးနိုင်သလို စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါတယ်။ အာရုံကြောစနစ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

အင်အားပြည့်စေတယ်

ကြာစွယ်က သံဓာတ်ပမာဏကို တိုးစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သံဓာတ်က ဆဲလ်တွေဆီကို အောက်ဆီဂျင်ရောက်ရှိစေဖို့ ထောက်ပံ့ပေးပါတယ်။

ကြာစွယ်စားသုံးပေးတာက သံဓာတ် အားနည်းမှုကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ အာရုံစူးစိုက်နိုင်စွမ်း နည်းနေတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဆဲလ်နဲ့ ကြွက်သားတွေရဲ့ အောင်ဆီဂျင် ပမာဏကို တိုးစေနိုင်ပြီး အစာခြေစနစ်က ပရိုတင်းကို ပိုမိုစုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါသေးတယ်။

အစာခြေစနစ်ကို ကျန်းမာစေတယ်

ကြာစွယ်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့်  ဝမ်းမှန်စေပြီး အူနံရံတွေကို အာဟာရဓာတ်တွေအကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ဝမ်းလျုပ်တတ်သူတွေ စားပေးသင့်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ချချင်သူတွေ အတွက်လည်း အထူးသင့်တော်မှာပါ။

နှလုံး ကျန်းမာစေနိုင်တယ်

ကြာစွယ်မှာ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေသလိုသွေးပေါင်ချိန်ကို ထိန်းညှိပေးပြိး သွေးတွင်းကိုလက်စထရော ကျဆင်းစေပါတယ်။

ပိုတက်ဆီယမ် ကြွယ်ဝမှုက နှလုံးစည်းချက်မှန်စေနိုင်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ကြွယ်ဝမှုက ဆဲလ်တွေထဲမှာ အရည်ပြည့်ဝနေစေပြီး သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံးသွေးကြောမကျဉ်းအောင် ကာကွယ်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ကြာစွယ်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာက ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစေပါတယ်။ ဒီအချက်ကပဲ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။

အရသာရှိတဲ့ ကြာစွယ်လေး စားသုံးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာနိုင်ကြပါစေကြောင်း………….

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement