ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

အသားအရေနဲ့ကျန်းမာရေး ကောင်းမွန်စေဖို့ မုန်လာဥနီစားကြစို့

မုန်လာဥနီကို အသီးအနှံတွေထဲ ရောပြီး အစိမ်းကြော်ပုံစံ၊ အသုပ်ပုံစံလည်း စားကြသလို အစိမ်းစားတဲ့သူတွေလည်း ရှိပါတယ်။ အရသာ ချိုဆိမ့်ဆိမ့်လေးနဲ့ ကြွပ်ကြွပ်လေးဖြစ်လှတဲ့ မုန်လာဥနီကို ကြိုက်တဲ့သူလည်း များပါတယ်။ ဒီလို လူကြိုက်များတဲ့ မုန်လာဥနီက မျက်စိကျန်းမာရေးတင် မဟုတ်ဘဲ အသားအရေနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ပါ စွမ်းဆောင်နိုင်ပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။ မုန်လာဥနီမှာ ပါဝင်တဲ့ အာဟာရဓါတ်များ မုန်လာဥနီမှာ အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရော များနေခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီ ပုံမှန်စားသုံးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဆွီဒင်နိုင်ငံက သုတေသီတွေကလည်း နှလုံးကျန်းမာရေးကို သက်သာစေတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပိန်ဖို့ကြိုးစားနေတယ်ဆိုရင် ဒီအစားအစာတွေရှောင်စားပါ

ပိန်ဖို့အတွက် ပိန်ဆေးတွေသောက်၊ Gym တွေ ဆော့နေလား၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်ဖို့နဲ့ အဆီပိုတွေ လျှော့ကျသွားစေဖို့ဆိုတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။ ပိန်ချင်တယ်ဆိုရင်တော့ အစားအသောက်လျှော့ချရမှာဆိုတာ ဟုတ်ပါတယ်။ လျှော့တာတောင်မှ ခန္ဓာကိုယ်အလေးချိန် တက်စေတဲ့ အစားအစာတွေကို လျှော့စား၊ ရှောင်စားရမှာပါ။ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲဆိုတာ Hellosayarwon ကနေ မျှဝေပေးမယ်နော်။ အာလူးကြော်အပါအဝင် ဆီကြော်မုန့်များ ပိန်ဖို့ကြိုးစားနေတဲ့သူတိုင်း အာလူးကြော်လိုမျိုး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်စားရပါမယ်။ ဒီအစားအစာတွေက ကယ်လိုရီတွေ တက်စေပြီး ဝတာတွေ ဖြစ်စေနိုင်ပါတယ်။ အချိုလွန်ကဲတဲ့ အချိုရည်များ အချိုလွန်ကဲတဲ့ အချိုရည်တွေနဲ့ ဆိုဒါတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ ပိန်ဖို့ မလွယ်ကူပါဘူး။ သကြားဓာတ်များတာက ကယ်လိုရီပိုတက်စေပြီး အဆီပိုတွေကို လျှော့ချမပေးနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ပေါင်မုန့်အဖြူ ပေါင်မုန့်စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားပါဝင်မှု မြင့်မားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းကိုက်ခြင်းကို သက်သာစေမယ့် အစားအစာများ

ခေါင်းကိုက်တဲ့ ဝေဒနာဟာ အတော်လေးကို ခံစားရခက်ပါတယ်။ ဘယ်အရာကိုမှ အာရုံစိုက်လို့ မရဘဲ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာနဲ့ လူမှုရေးကိစ္စတွေကိုပါ လစ်ဟင်းစေပါတယ်။ ခေါင်းကိုက်တာ အချိန်ကြာလာရင် စိတ်ဖိစီးမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်တာ သက်သာဖို့အတွက် ဆေးတွေ မသောက်ချင်ဘူးဆိုရင်တော့ အရင်ဆုံး အစားအစာတွေ စားပြီး သက်သာအောင် လုပ်ကြည့်လို့ ရပါတယ်။ ဟင်းနုနွယ်ရွက် သွေးဖိအား ကျခြင်းကြောင့် ခေါင်းကိုက်တာတွေ သက်သာစေဖို့အတွက်ဆိုရင်တော့ ဟင်းနုနွယ်ရွက်က အကောင်းဆုံး အစားအစာ တစ်မျိုးပါပဲ။ ဟင်းနုနွယ်ရွက်ကို ကြော်စားခြင်း၊ စွပ်ပြုတ်နဲ့ အသုပ်သုပ်တာတွေ လုပ်စားလို့ ရပါတယ်။ ကော်ဖီ ကော်ဖီအများကြီး သောက်တာက ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေပြီး ခေါင်းကိုက်စေတယ်ဆိုပေမယ့် ကော်ဖီတစ်ခွက်လောက် သောက်တာကတော့ ခေါင်းကိုက်နေချိန်မှာ သွေးဖိအား ကျဆင်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သွေးဖိအားကျဆင်းလို့ ခေါင်းကိုက်တာဆိုရင် ကော်ဖီတခွက်လောက်တော့ သောက်နိုင်ပါတယ်။ ဆန်လုံးညို ဆန်လုံးညိုမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ မဂ္ဂနီစီယမ်တွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အသီးအရွက်သုပ် စားပေးဖို့ လိုအပ်တဲ့အကြောင်းအရင်း

အသီးအရွက်သုပ် လို့ ပြောလိုက်ရင် ဘယ်လိုအသီးအရွက်မျိုးသုပ်တာကို ပြေးမြင်ကြလဲ။ ဘယ်လိုအသီးအရွက်မျိုးမဆို သုပ်စားလို့ ရတာများပါတယ်။ သင်္ဘောသီး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ဆလပ်ရိုး၊ မန်ကျည်းရွက်သုပ်၊ ငှက်ပျောဖူးသုပ် အစရှိသလို အများကြီးပါပဲ။ ဒီလို အသီးအရွက်သုပ်လေးတွေကို ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်စားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အသီးအရွက်သုပ်တွေက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများတာကြောင့်ပါ။ ဘာတွေလဲ ဖတ်ကြည့်ပါဦးနော်။ ပရိုတင်း အသီးအရွက်သုပ်တွေမှာပါတဲ့ ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ရဖို့အတွက် အသားတွေ စားမယ်ဆိုရင် ခန္ဓာကိုယ် အလေးချိန်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိဘဲ ပရိုတင်းဓာတ် ရချင်တယ်ဆိုရင်တော့ အသီးအရွက်သုပ်လေးတွေ စားပေးပါ။ ဓာတ်တိုးဆန့်ကျင်မှု အသီးအရွက်သုပ်တော်တော်များများမှာ ဓာတ်တိုးဆန့်ကျင်မှု ဖြစ်ပေါ်ဖို့အတွက် ဗီတာမင် အေနဲ့ စီတွေ လုံလုံလောက်လောက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပေါင်မုန့်က ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအာနိသင်

ပေါင်မုန့်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အရသာအမျိုးမျိုး ထည့်ပြီးတော့လည်း ထုတ်လုပ်ရောင်းချကြပါတယ်။ ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ပုံမှန်အားဖြင့်တော့ ပေါင်မုန့်ကို မနက်စာအဖြစ် စားကြပြီး နေ့လည်ခင်း အဆာပြေအနေနဲ့လည်း စားပါတယ်။ အရသာ အမျိုးမျိုးနဲ့ စားလို့ရတဲ့ ပေါင်မုန့်ရဲ့ အကျိုးအာနိသင်တွေကို ဖတ်ကြည့်ပါဦးနော်။ အားပြည့်စေခြင်း ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓါကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါတယ်။ ပေါင်မုန့်စားပေးမယ်ဆိုရင်တော့ ကာဗိုလ်ဟိုက်ဒရိတ် (၄၅%ကနေ ၆၅%) လောက်အထိ ရရှိနိုင်ပါတယ်။ ကျန်းမာတဲ့ အစာခြေဖျက်ခြင်း ပေါင်မုန့်ဟာ ဂျုံနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အမျှင်ဓါတ်လည်း များများ ပါဝင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပဲ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး

ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ အဆီလွတ် ဒါမှမဟုတ် ဂလူတမ်လွတ်အစားအစာဆိုရုံနဲ့ ကယ်လိုရီတွေနည်းတယ်လို့ မဆိုလိုပါဘူး။ ပြုပြင်စီရင်ထားတဲ့အစားအစာ၊ အားလူးကြော်နဲ့ ချိုချဉ်တွေက ကျန်းမာရေးနဲ့မညီကြောင်း လူအများစုသိပြီးသားပါ။ အာလူးကြော်နဲ့ရေခဲမုန့်တွေအစား ခွံမာသီးနဲ့သစ်သီးခြောက်စားတာက ကျန်းမာရေးနဲ့ပိုညီပါတယ်။ တစ်ချို့ကတော့ အရွက်သုပ်စားတာတို့ ဂလူတမ်လွတ်အာလူးကြော်အတွက် ပိုက်ဆံပိုပေးတာတို့ လုပ်ကြသေးတယ်။ ဒါတွေကို ကယ်လိုရီနည်းပြီး စိတ်သန့်သန့်စားရတယ်လို့ အထင်ရှိကြတယ်။ စကားပုံအတိုင်းပဲ စာအုပ်အဖုံးပဲကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့ဦး။ ဒါကြောင့် ပိုမိုကျန်းမာအောင်ရွေးချယ်ချင်တယ်ဆိုရင်တော့ စူပါမားကတ်က ဆိုထားတဲ့အညွှန်းကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ ဒီမှာ ကယ်လိုရီမြင့်နေမယ်လို့ ထင်မထားတဲ့ အစာ ၈ မျိုးကို ပြောပြပါမယ်။ ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကတော့ Smoothies ကျန်းမာမှုကိုစွဲလမ်းသူတွေက bubble tea တွေအစား health shake တို့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား

အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား အဆီလောင်ဖို့ ဖြစ်သင့်တဲ့အကောင်းဆုံးနှလုံးခုန်နှုန်းက ဘယ်လောက်ဖြစ်မလဲ။ အဆီလောင်ကျွမ်းဇုံဆိုတာက သင့်ရဲ့အဆီတွေ ပိုလောင်ကျွမ်းဖို့ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀ - ၈၀ ရာခိုင်နှုန်းမှာ ထိန်းသိမ်းနေသင့်တယ်ဆိုတဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ကိုယ်အလေးချိန်ကျလိုပြီး fit ဖြစ်လိုပါက ယေဘုယျအားဖြင့် သင့်အားကစားလုပ်နှုန်းကို တိုးရမယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် အဆီလောင်ကျွမ်းဇုံကတော့ သိပ်မပြင်းထန်တာတွေကိုပဲ ဆော့ရမယ်လို့ ဆိုထားတယ်။ ဒီလိုဆော့ခိုင်းရတဲ့နောက်ကွယ်က အကြောင်းကဘာလဲ။ မှန်ရောမှန်ပါ့မလား။ နှလုံးခုန်နှုန်းနဲ့ အဆီကျခြင်းဆက်စပ်ချက် ကြွက်သားတွေရဲ့ လောင်စာအဖြစ် ဂလူးကို့စ်ကို သင်ခန္ဓါက လိုပါတယ်။ အဓိက လောင်စာပင်ရင်းနှစ်ခုက ဂလိုင်ကိုဂျင်နဲ့အဆီ။ ဒါတွေကိုချေဖျက်ရင် ဂလူးကို့စ်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုပြီးရတယ်။ ဂလိုင်ကိုဂျင်တွေ အဆီတွေကို ဂလူးကို့စ်အဖြစ်ချေဖျက်ဖို့က အောက်စီဂျင်လိုတယ်။ အားကစားလုပ်နေတဲ့အချိန်မှာ ခန္ဓါကိုယ်က စွမ်းအင်ပိုလိုလာမယ်။ ဒါကြောင့် ဂလိုင်ကိုဂျင်နဲ့အဆီတွေကို ကလူးကို့စ်ဖြစ်အောင် အောက်စီဂျင်များများပို့ဖို့အတွက် နှလုံးကသွေးများများညှစ်ရတော့တယ်။ ကာဗိုဟိုက်ဒြိုက် ၁ ဂရမ်မှာ ၄ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

ရာသီဥတုတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ နွေရာသီမှာ ပူလွန်းတာကြောင့် သွေးဖိအားမြင့်တက်ပြီး ဦးနှောက်သွေးကြော ထိခိုက်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ မိတ်ပေါက်ခြင်း၊ အသားအရေနီရဲခြင်း၊ အပူနာတွေ ထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ နွေရာသီအပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ သခွားသီး သခွားသီးမှာ ရေဓာတ်များများ ပါဝင်တာကို ခံစားမိမှာပါ။ သခွားသီးစားလိုက်ရင် ရေများများထွက်လာတာကို သတိထားမိမှာပါ။ ပူပြင်းလွန်းတဲ့နွေရာသီမှာ ရေဓာတ်များများ လိုအပ်တာကြောင့် အရည်ရွှမ်းလွန်းတဲ့ သခွားသီး စားပေးပါ။ သခွားသီးမှာ pectin လိုမျိုး အမျှင်ဓာတ်တွေ ပါဝင်ပြီး ကိုလက်စထရောကို လျှော့ကျတာမို့ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။ ဖရဲသီး ဖရဲသီးကတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ ခုနောက်ပိုင်းမှာ ပန်းဂေါ်ဖီစိမ်းကို တော်တော်များများလေး စားသုံးလာကြသလို ဈေးထဲမှာလည်း ခပ်များများ တွေ့ရနိုင်ပါတယ်။ အစိမ်းရောင် ပန်းဂေါ်ဖီဟာ အဖြူရောင် ပန်းဂေါ်ဖီလိုပဲ ပုံသဏ္ဍာန်ဆင်တူပြီး အစိမ်းရောင် ပန်းဂေါ်ဖီကတော့ နည်းနည်းလေး ပိုသေးပါတယ်။ အစားအစာတော်တော်များများဟာ ပန်းဂေါ်ဖီစိမ်းကို ထည့်ချက်ကြပြီး ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။ ခန္ဓါကိုယ်ကျန်းမာရေးအတွက် ပန်းဂေါ်ဖီစိမ်းက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးအာနိသင်တွေကို ဖော်ပြလိုက်ပါတယ်။ ကင်ဆာရောဂါ ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါတွေကို သက်သာစေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ estrogen ပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပါတယ်။ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းဟာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်စေနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။   ကိုလက်စထရော ပန်းဂေါ်ဖီစိမ်းဟာ တခြားအစားအစာတွေလိုပဲ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် ကိုလက်စထရောတွေကို လျှော့ကျစေပါတယ်။ အမျှင်ဓါတ်တွေကြောင့် အစာခြေလမ်းကြောင်း ကောင်းမွန်ဖို့ကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ Institute of […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ

ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ ပဲတီပင်ပေါက်ကို အရွက်ကြော်၊ ဟင်းချို၊ အပြင် ပဲတီချဉ်အနေနဲ့လည်း စားသုံးပါတယ်။ ပဲတီပင်ကို အမြစ်လေးတွဲလောင်းနဲ့ အရွယ်အစား ပိန်ပိန်လေး ကြိုက်တဲ့သူတွေရှိသလို ဖောင်းဖောင်းလေးမှ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပုံသဏ္ဍာန်ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲ ချက်ပြုတ်စားစား ပဲတီပင်ရဲ့ ခန္ဓာကိုယ်အပေါ် အကျိုးပြုတဲ့ အာဟာရဓာတ်တွေကတော့ လျှော့မသွားပါဘူး။ တကယ်တော့ ပဲတီပင်ပေါက် စားကို စားပေးဖို့ လိုပါတယ်။ Hello ဆရာဝန်ပရိသတ်တွေအတွက် ပဲတီပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လိုအာဟာရတွေ ပေးစွမ်းနိုင်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ ဗီတာမင် K ကိုယ်တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် K လုံလုံလောက်လောက် ပါဝင်ဖို့ အရေးကြီးပါတယ်။ ဗီတာမင် K ဟာ သွေးခဲတာတွေ မဖြစ်စေဖို့ အရမ်းကို အရေးပါတဲ့ ဗီတာမင် ဓာတ်တစ်မျိုးပါ။ အမျိုးသမီးတွေမှာ (၃၇) […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း