ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီးနီနီလေးရဲ့ အကျိုးအာနိသင်

အသီးအရောင်က အနီရောင်ရှိပြီး အခွံမှာ အမွှေးအမျှင်လေးနဲ့ အတွင်းသားဖြူဖြူလေးကို စားရတဲ့ ကြက်မောက်သီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ အများကြီးပါဝင်ပါတယါ။ ကြက်မောက်သီးကလည်း ရာသီစာဖြစ်တာမို့ စားပေးသင့်ပါတယ်နော်။ အလုံးအရွယ်အစားသေးတဲ့ ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ တရုတ်သုတေသီတွေကတော့ ကြက်မောက်သီးမှာ ဆီးချိုရောဂါကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ကြက်မောက်သီးကသွေးတွင်းဂလူးကို့စ် ပမာဏကိုလျော့ကျစေတာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တာပါ။အမျှင်ဓါတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ခန္ဓါကိုယ် အလေးချိန်မတက်စေပါဘူး။ အမျှင်ဓါတ်တွေဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓါကိုယ်အလေးချိန်လျှော့ကျဖို့ ကူညီပေးပါတယ်။ ကြက်မောက်သီးဟာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့လည်း တည့်တဲ့အသီးတစ်မျိုးပါ။ ချိုတဲ့ အသီးလေး စားရတာမို့မေမေလောင်းတို့ ခံတွင်းရှင်းစေမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။နောက်တစ်ခုက ကြက်မောက်သီးမှာ သံဓါတ်တွေကောင်းမွန်စွာ ပါဝင်တာမို့hemoglobin ပမာဏကို တိုးတက်စေပြီး သန္ဓေသားလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

အခွံ ညိုညို အရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူ အမြွှာလေး ရှိတဲ့ မင်းကွတ်သီးကို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာ ရှိတာကြောင့်တော်တော်များများက အအီပြေစေတဲ့ အသီး အဖြစ် စားကြပါတယ်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ် ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။ ဒီတော့ မင်းကွတ်သီးကို စားဖြစ်ပေမယ့် မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ အကြောင်းကို မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ကတော့ ကယ်လိုရီနည်းခြင်း မင်းကွတ်သီးမှာ ကယ်လိုရီ ပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics ရဲ့ အစာခြေစနစ်အတွက်ကောင်းကျိုးများ

ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ဆိုရင် အာဟာရြပည့်ဝမှုရှိဖို့လိုပါမယ်။ လိုအပ်တဲ့ အာဟာရတွေပြည့်ဝဖို့အတွက်အရေးအကြီးဆုံးက ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်ကျန်းမာဖို့လိုပါမယ်။ အစာခြေစနစ်ကျန်းမာအောင် အစားအသောက်တွေကို ဂရုတစိုက်စားသုံးဖို့လိုအပ်ပါတယ်။ Probiotics ဆိုတာ Probiotics ဆိုတာ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ အဓိကကတော့အစာခြေစနစ်ကို ကျန်းမာအောင်လုပ်ဆောင်ပေးတာပါ။ လူတော်တော်များများက ဘက်တီးရီးယားဆိုရင်ရောဂြါဖစ်စေမယ်လို့ပဲ ယူဆထားကြတာပါ။ ဒါပေမယ့် သက်ရှိဘက်တီးရီးယားဖြစ်တဲ့Probiotics ကတော့ ခန္ဓါကိုယ်ကို ထိခိုက်စေတာမဟုတ်ဘဲ အစာခြေစနစ်ကို ကျန်းမာစေတာပါ။ လူ့ခန္ဓါကိုယ်ဟာ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေရောပြည့်နှက်နေတာပါ။Probiotics ကတော့ အကျိုးပြု ဘက်တီးရီးယားဖြစ်ပြီး အစာအိမ်အူလမ်းကြောင်းကို ကျန်းမာအောင် အထောက်အပံ့ပေးပါတယ်။ Probiotics အမျိုးအစားတွေ Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။Probiotics အမျိုးအစားတွေက - Lactobacillus -ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံး အစားအစာတွေကို ရည်ညွှန်းပြောဆိုထားတဲ့ ပြောစကားလေး တစ်ခုပေါ့။ ဘယ်အသီးတွေ ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာရော အရောင်အဆင်းပါ ပြည့်စုံတဲ့ အသီး တစ်မျိုးပါ။ သရက်သီး အရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးက ဘယ်လိုမျိုး အကျိုးအာနိသင်တွေ ရနိုင်လဲ ဆိုတာ ကိုတော့ သိသူရှားပါတယ်။ သရက်သီး ဆိုတာ သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓါကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

လက်ဖက်သုပ်လေးစားကြမယ်

လက်ဖက်သုပ်လေးစားကြမယ် ..... မိုးအေးအေးမှာ လက်ဖက်သုပ်လေး စားရင်း ရေနွေးကြမ်းလေးသောက်ရရင်ဖြင့် တော်တော်လေး အရသာရှိမှာပဲနော်။ မြန်မာလူမျိုး အများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ် မိသားစုတွေ စုစုဝေးဝေးနဲ့ စကားဝိုင်း ထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ စုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်း က ဆေးဖက်ဝင်တယ်၊ရေနွေးကြမ်းကဘယ်လိုဆေးဖက်ဝင်တယ်လို့ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။ လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်းရှေးအစဉ်အဆက်ကတည်းကဆေးဖက်ဝင်တဲ့ စားစရာအဖြစ်လက်ခံထားကြပါတယ်။မြန်မာလူမျိုးတွေကလည်းရှေးအစဉ်အဆက်ကတည်းက လက်ဖက်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့အခါမျိုးမှာလည်း လက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးရှိပါတယ်။ လက်ဖက်ကို မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီး ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။ နောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်္ကြန်တွင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်မယ်

သင်္ကြန်ရောက်ဖို့ တစ်ရက်လောက်ပဲလိုတော့တယ်နော်။ သင်္ကြန်အတွက် အစီအစဉ်တွေတောင်ဆွဲပြီးလောက်ရောပေါ့။ လည်မယ့်သူဆိုရင်လည်း ဘယ်လိုလည်မယ်၊ မဏ္ဍပ်ထိုင်မယ်ဆိုရင်လည်း ဘယ်မှာထိုင်မယ်ပေါ့။ ဒီဆွဲထားတဲ့အစီအစဉ်ထဲမှာ ဘယ်လို စားသောက်မလဲဆိုတာရောပါရဲ့လား။ သင်္ကြန်လည်တဲ့အခါပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အစားအသောက်နဲ့ အခြားသောသတိထားရမယ့်အချက်တွေကတော်တော်လေးများပါတယ်။ သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေရှောင်ပါ သင်္ကြန်မှာ အစားအစာတွေက အပြင်စာတွေစားမိဖို့ပိုများပါတယ်။ ဒါတွေတင်ပဲလားဆိုတာမဟုတ်ပါဘူး။မြန်မာလူမျိုးတွေရဲ့ ရိုးရာအတိုင်း နှစ်သစ်ကူးပွဲတော်ချိန်ခါမှာ စတုဒီသာတွေကျွေးမွေးတာကို စားဖြစ်နိုင်ပါတယ်။ သင်္ကြန်တွင်းအစားအသောက်တိုင်းကဘေးမကင်းဘူးလို့တော့မဆိုလိုပါဘူး။ ဒါပေမယ့်တော်တော်များများကတော့ သန့်ရှင်းမှုအားနည်းနိုင်ပါတယ်။ သြက်န်မဏ္ဍပ်ထိုင်တဲ့သူတွေအနေနဲ့ကလည်း မဏ္ဍပ်ကကျွေးတာနဲ့ အနီးအပါးမှာ အလွယ်တကူဝယ်လို့ရတာကို စားမိတာမျိုးဖြစ်နိုင်ပါတယ်။လျှောက်လည်မယ့် သူတွေကျပြန်တော့လည်း သွားရင်းလာရင်းတွေ့တဲ့နေရာမှာ အဆင်သင့်သလို ဝယ်စားလိုက်တာမျိုးရှိနိုင်ပါတယ်။ တတ်နိုင်ရင်ပြင်ပအစားအသောက်တွေက အနံ့တစ်ခုခုရှိနေလား ဒါမှမဟုတ်ပုံမှန် မဟုတ်တဲ့ အရသာတစ်မျိုးမျိုးရှိနေလားဆိုတာကိုသေချာဆန်းစစ်ကြည့်ပါ။ အနံ့အရသာပုံမှန်မဟုတ်တာမျိုးဖြစ်နေရင် မစားဖို့အကြံပြုပါရစေ။ မသန့်ရှင်းတဲ့အစားအသောက်တွေကြောင့် ဝမ်းလျှောတာ၊ ဖျားနာတာ၊အော့အန်တာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂျုံနဲ့ လုပ်ထားတဲ့အစားအစာတွေစားခြင်းရဲ့ အကျိုးကျေးဇူးများ

ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတော်တော်များများကို မနက်စာအဖြစ် ပိုပြီး အစားများကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ မနက်ခင်းရတဲ့ အဆာပြေ မုန့်တော်တော်များများဟာ ဂျုံနဲ့ လုပ်ထားကြတာပါ။ အီကြာကွေး၊ ပလာတာ၊ အုန်းနို့ခေါက်ဆွဲ ခေါက်ဆွဲကြော်၊ ပေါင်မုန့်တွေဟာ ဂျုံရဲ့ အရင်းအမြစ်တွေပါပဲ။ ဒီတော့ ကိုယ်ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ပါဝင်တဲ့ ဂျုံက ကိုယ့်ကျန်းမာရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှလည်း အစားလည်းဆေး ဆေးလည်းအစာ ဖြစ်ပြီး ကျန်းမာနုပျိုလှပစေမှာပါ။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးခြင်း ဒီနေ့ခေတ်မှာ တော်တော်များများဟာ ဝလာကြတယ်၊ တချို့ဆို အဝလွန်ရောဂါတောင် ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက အဝလွန်ခြင်းကို ဖြစ်စေတာပါ။ ဂျုံစားတာကတော့ အားပြည့်စေပေမယ့် အဝလွန်ခြင်း ဖြစ်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ American Journal […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပိန်ချင်တာကြောင့် အဆီကျဆေးတွေသောက်ဖို့ စဉ်းစားနေပြီလား

အထိုင်များလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ များပြားလှတဲ့ အသင့်စားအစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် များပြားလှတဲ့ နေစဉ်လုပ်ငန်းတာဝန်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်း အဝလွန်တဲ့သူဦးရေတွေသိသိသာသာများလာနေပါတယ်။ ဝမှလှတာဆိုပေမယ့် ဝရင်ခန္ဓါကိုယ်ကလေးလံထိုင်းမှိုင်းလာပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ခန္ဓါကိုယ်က ဝလာတဲ့အခါ လှလှပပ စမတ်ကျကျနေဖို့က နည်းနည်းတော့ အခက်တွေ့လာတာပေါ့။ ဒီလိုဖြစ်တဲ့အခါ အလွယ်လမ်းလိုက်တဲ့အနေနဲ့ အဆီကျဆေးသောက်ဖို့ရွေးချယ်တာတွေ၊ အဆီကျကော်ဖီဆိုတာတွေကိုသောက်ဖို့ရွေးချယ်မိတာများမယ်ထင်ပါတယ်။ ဒါတွေက တကယ်ရောကျန်းမာရေးနဲ့ သင့်တော်ပါ့မလား။ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးကဒွန်တွဲနေစမြဲပါ။ ဝတာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အရမ်းပိန်နေတာမျိုးကျလည်းမကောင်းပြန်ပါဘူး။ အခုဆောင်းပါးလေးထဲမှာ နည်းစနစ်မှန်မှန်နဲ့ ကိုယ်အလေးချိန်ကျပြီး ကျန်းမာကျစ်လျစ်တဲ့ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ အလွယ်ကူဆုံးသော ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေက ဘော်ဒီအချိုးအစားကျနလှပချင်တဲ့ ကိုကို မမတွေစိတ်ဝင်စားမယ့် ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေကတော့ - ပရိုတင်းကြွယ်ဝတဲ့ မနက်စာစားပေးပါ - မနက်ခင်းမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ မနက်စာကို စားသုံးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး တစ်နေ့တာလုံး ကယ်လိုရီစားသုံးမှုပမာဏကိုလျော့နည်းစေနိုင်ပါတယ်။ အချိုရည်တွေကိုရှောင်ပါ - အချိုရည်တွေက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးကောင်းမွန်စေဖို့ ကျွဲကောသီးစားကြစို့

ရှောက်သီးအကြီးစားလို့ ဆိုရလောက်အောင် ရှောက်သီးပုံစံနဲ့ ချဉ်တဲ့အရသာ ရှိတဲ့ ကျွဲကောသီးကတော့ တော်တော်များများ ကြိုက်တဲ့အသီးပါ။ အချိုအရသာပါတဲ့ ကျွဲကောသီးလည်း ရှိပါတယ်။ ကျွဲကောသီးဟာ ရာသီစာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုးပါ။ ကျွဲကောသီးရဲ့ သိပ္ပံအမည်ကတော့ Citrus maximaပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ ကျွဲကောသီး စားပေးဖို့ လိုပါတယ်။ ကျွဲကောသီးမှာ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင်တာကြောင့် နှလုံး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။ အနာတွေရှိပြီး အနာတော်တော်နဲ့ မကျက်ဘဲ ရင်းနေတယ်ဆိုရင် ပိုးမွှားတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွဲကောသီးဟာ ဒီလိုမျိုး ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်သွန်ဖြူကတော့ ဟင်းတွေချက်တဲ့အခါ မပါမဖြစ်ပါ။ ကြက်သွန်ဖြူကို ဖုတ်စားသူလည်း ရှိသလို ဒီအတိုင်း အစိမ်းစားတဲ့သူလည်း ရှိပါတယ်။ အစားလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ဘယ်လိုပဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေတာပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အခြားအာဟာရဓါတ်တွေကလည်း ကျန်းမာရေး ကောင်းစေတာမို့ ဖတ်ကြည့်ပါဦးနော်။ ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေ ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေက ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓာတ် မဂ္ဂနိ့ ဗီတာမင် C ကယ်လ်ဆီယမ် ဆီလီနီယမ် တို့ပါဝင်နေပါတယ်။ ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း