backup og meta

နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

ရာသီဥတုတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ နွေရာသီမှာ ပူလွန်းတာကြောင့် သွေးဖိအားမြင့်တက်ပြီး ဦးနှောက်သွေးကြော ထိခိုက်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ မိတ်ပေါက်ခြင်း၊ အသားအရေနီရဲခြင်း၊ အပူနာတွေ ထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ နွေရာသီအပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

သခွားသီးမှာ ရေဓာတ်များများ ပါဝင်တာကို ခံစားမိမှာပါ။ သခွားသီးစားလိုက်ရင် ရေများများထွက်လာတာကို သတိထားမိမှာပါ။ ပူပြင်းလွန်းတဲ့နွေရာသီမှာ ရေဓာတ်များများ လိုအပ်တာကြောင့် အရည်ရွှမ်းလွန်းတဲ့ သခွားသီး စားပေးပါ။ သခွားသီးမှာ pectin လိုမျိုး အမျှင်ဓာတ်တွေ ပါဝင်ပြီး ကိုလက်စထရောကို လျှော့ကျတာမို့ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။

ဖရဲသီးကတော့ နွေရာသီမှာမဖြစ်မနေ စားဖို့ လိုအပ်တဲ့ အသီးပါပဲ။ ဘာလို့လဲဆိုတော့ ဖရဲသီးဟာ ရေဓာတ်များများ ပေးနိုင်တဲ့ စူပါဟီးရိုးအသီးတစ်မျိုး ဖြစ်တာကြောင့်ပါ။ ရေဓာတ်များများ ပါဝင်ခြင်းဟာ ခန္ာါကိုယ် စွမ်းအင်တွေ ပြည့်စေပြီး Lycopene လည်းပါဝင်တာကြောင့် နေရောင်ကြောင့် အသားအရေ ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ဒိန်ချဉ် ချိုချိုအေးအေးလေး သောက်ရင်တော့ နွေရာသီမှာ အမောပြေမှာပါ။ ဒါ့အပြင် ဒိန်ချဉ်ရဲ့ အကျိုးကျေးဇူးတွေလည်း ရရှိမှာပါ။ ဒိန်ချဉ်မှာ ပရိုတင်းတွေ ပါဝင်တာကြောင့် အစာစားချင်စိတ်ကိုလည်း မြှင့်တင်ပေးပါတယ်။ အဆီပါဝင်မှု နည်းပြီး ပရိုတင်းဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်လမ်းကြောင်းကိုပါ ကောင်းစေပါတယ်။

လိမ္မော်သီးမှာ ပိုတက်စီယမ် များများပါဝင်တာကြောင့် နွေရာသီမှာစားပေးဖို့ လိုပါတယ်။ ချွေးထွက်ခြင်းကြောင့် ပိုတက်စီယမ်ဆုံးရှုံးတာကို ပြန်ဖြည့်ပေးတာကြောင့် လျှော့ချပေးပြီး အပူကြောင့် ကြွက်တက်တာကို သက်သာစေပါတယ်။ လိမ္မော်သီးမှာ (၈၀) ရာခိုင်နှုန်း ရေဓာတ်ပါဝင်တာကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းတွေ မဖြစ်စေဘဲ ဖျားနာခြင်းတွေပါ ကင်းစေမှာပါ။

Green Tea တွေကတော့ ကျန်းမာရေးအတွက် ကောင်းစေတာ သိပြီးသား ဖြစ်မှာပါ။ ရေဓာတ်လည်း များများ ရပြီး နှလုံးကျန်းမာရေး၊ ကိုလက်စထရော ပမာဏ၊ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်။ နွေရာသီမှာ ပူတာမျိုး မသောက်ချင်ဘူးဆိုရင်တော့ ရေအေးလေးနဲ့ သောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။

ဒီအစားအစာလေးတွေ စားပေးမယ်ဆိုရင်တော့ နွေရာသီမှာဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်မှာပါ။ နွေရာသီမှာတတ်နိုင်သလောက် နေပူရှောင်ဖို့ အကြံပေးပါရစေ။ နေပူထဲ ထွက်မယ်ဆိုရင်လည်း ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်အစရှိတဲ့ အကာအကွယ်တွေ ယူပါ။

ရေးသားသူ- Eaindray Kha

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top Summer Foods for Diabetes http://www.diabeticlivingonline.com/food-to-eat/nutrition/top-10-foods-you-should-eat-summer?page=11 Accessed Date Mar 19, 2018

13 Best Foods to Eat this Summer https://www.goodnet.org/articles/13-best-foods-to-eat-this-summer Accessed Date Mar 19, 2018

Are Oranges High In Potassium? (Better Than Other Fruits?) https://foodfaq.org/oranges-potassium/ Accessed Date Mar 19, 2018

What are the health benefits of green tea? https://www.medicalnewstoday.com/articles/269538 Accessed Date Mar 19, 2018

Yogurt https://www.hsph.harvard.edu/nutritionsource/food-features/yogurt/ Accessed Date Mar 19, 2018

 

 

ယခုပုံစံ

25/05/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေရာသီမှာ ကျန်းမာနေအောင် စားသောက်နေထိုင်နည်း

နွေရာသီမှာ ဆီးချိုရောဂါရှိသူ တွေ ကျန်းမာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Hello Sayarwon Panel မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement