backup og meta

ကြက်မောက်သီးနီနီလေးရဲ့ အကျိုးအာနိသင်


Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်မောက်သီးနီနီလေးရဲ့ အကျိုးအာနိသင်

    အသီးအရောင်က အနီရောင်ရှိပြီး အခွံမှာ အမွှေးအမျှင်လေးနဲ့ အတွင်းသားဖြူဖြူလေးကို စားရတဲ့ ကြက်မောက်သီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ အများကြီးပါဝင်ပါတယါ။ ကြက်မောက်သီးကလည်း ရာသီစာဖြစ်တာမို့ စားပေးသင့်ပါတယ်နော်။ အလုံးအရွယ်အစားသေးတဲ့ ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

    တရုတ်သုတေသီတွေကတော့ ကြက်မောက်သီးမှာ ဆီးချိုရောဂါကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ကြက်မောက်သီးကသွေးတွင်းဂလူးကို့စ် ပမာဏကိုလျော့ကျစေတာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တာပါ။အမျှင်ဓါတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ခန္ဓါကိုယ် အလေးချိန်မတက်စေပါဘူး။ အမျှင်ဓါတ်တွေဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓါကိုယ်အလေးချိန်လျှော့ကျဖို့ ကူညီပေးပါတယ်။

    ကြက်မောက်သီးဟာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့လည်း တည့်တဲ့အသီးတစ်မျိုးပါ။ ချိုတဲ့ အသီးလေး စားရတာမို့မေမေလောင်းတို့ ခံတွင်းရှင်းစေမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။နောက်တစ်ခုက ကြက်မောက်သီးမှာ သံဓါတ်တွေကောင်းမွန်စွာ ပါဝင်တာမို့hemoglobin ပမာဏကို တိုးတက်စေပြီး သန္ဓေသားလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အီးလည်း ပါဝင်တာမို့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ယားယံခြင်းတွေကို သက်သာစေနိုင်ပါသေးတယ်။ ကြက်မောက်သီးဟာ နှလုံးရောဂါကို သက်သာစေနိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ကြက်မောက်သီးဟာသွေးတိုးရောဂါကို ထိန်းညှိပေးပြီး ကိုလက်စထရော များခြင်းကိုပါလျော့နည်းစေပါတယ်။ ဒါကြောင့်သွေးတိုးရော နှလုံးရောဂါကိုပါ သက်သာစေနိုင်ပါတယ်။

    အရိုးတွေရဲ့ ကျန်းမာရေးနဲ့ ကြွပ်ဆတ်မှုကိုပါ ထိန်းထားပေးနိုင်ဖို့ဖော့စဖော့ရပ်တွေ လိုပါတယ်။ဖော့စဖော့ရပ် လိုချင်တယ်ဆိုရင်တော့ ကြက်မောက်သီး စားဖို့ လိုပါတယ်။ အသက်ကြီးတဲ့အခါမှာ အရိုးပွရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အရိုးအဆစ်သန်မာစေပါတယ်။

    ကြက်မောက်သီးမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ များစွာ ပါဝင်ပါတယ်။ ဒီ ဓါတ်တိုးဆန့်ကျင်မှုတွေဟာ ရောင်ရမ်းခြင်းနဲ့ ခန္ဓါကိုယ်အတွင်းမှာ ကင်ဆာဆဲလ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ကြက်မောက်သီး စားခြင်းဟာ အသည်းကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ မကြီးထွားလာအောင် ကူညီပေးနိုင်ပြီး တခြားကင်ဆာတွေကိုပါလျော့ကျစေပါတယ်။

    ကြက်မောက်သီးဟာ စွမ်းအင်ပြည့်စေတဲ့အသီးဆိုရင်လည်း မမှားပါဘူးနော်။ ကြက်မောက်သီးမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့် ခန္ဓါကိုယ် အားပြည့်စေဖို့ အထောက်အကူပြုပါတယ်။ ကြက်မောက်သီးရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ အစာခြေစနစ်ကို များစွာကောင်းမွန်စေတာမို့ ဝမ်းချုပ်ခြင်းတွေ မရှိစေနိုင်ပါဘူး။ ဒါ့အပြင် အူအတွင်း ကပ်ပါးကောင်တွေကိုသေစေနိုင်တဲ့ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိတွေလည်း ပါဝင်ပါသေးတယ်။ အူကင်ဆာ မဖြစ်စေနိုင်ဘဲရေဓါတ်လည်းပြည့်စေပါတယ်။

    အသားအရေ ကြည်ကြည်လင်လင်လေးဖြစ်ချင်တယ်ဆိုရင်တော့ ကြက်မောက်သီးလေးကိုမေ့ထားလို့ မရပါဘူးနော်။ ကြက်မောက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ မဂ္ဂနီဆီယမ် ပါဝင်တာဟာ free radical ကို တိုက်ထုတ်ပေးပြီး အသားရေ စိုပြေစေဖို့နဲ့ ကျန်းမာတဲ့ အသားအရေဖြစ်ဖို့ အထောက်အကူပြုပါတယ်။

    အခုဆိုရင် အလုံးအရွယ်သေးပေမယ့် အကျိုးအာနိသင်များတဲ့ ကြက်မောက်သီးလေးရဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပုံကို သိပြီးပြီဆိုတော့ ရာသီစာလေးအဖြစ် စားပေးဖို့ မမေ့နဲ့နော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement