ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး

ရာသီအလိုက် စားစရာလေးတွေကတော့ ရှိစမြဲပါနော်။ ရာသီပေါ်စာ ဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်း နွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည် လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။နွေပူလာရင် နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေ တွေ့လာရပြီနော်။ နွေပူပူကို အံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။ နွေပူပူမှာ သံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေး သောက်လိုက်ရတာက ရင်ထဲကိုအေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။ ကြံရည် ဆိုတာ ကြံရည်ဆိုတာက ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့ အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာက ချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာ သောက်သုံးတာ မဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကို ရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား

ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား။ ဒံပေါက်ဆိုတဲ့ အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။ အိန္ဒိယ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အနံ့ရော၊ အရသာနဲ့ အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင်တယ်။ ဒံပေါက်ကို အိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။ ဒီတော့ ဒံပေါက်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာဟုတ်သလား၊ ဒီလိုနွေရာသီမျိုးမှာရော ဒံပေါက်စားပေးသင့်လား၊ အမြဲစားရင် ကျန်းမာရေးထိခိုက်နိုင်လား ဆိုပြီး မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်က ဒံပေါက်ကို အရမ်းကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေမှာပါ။ ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား ဆိုတော့ - ဒံပေါက်မှာ ဘာတွေ ပါဝင်လဲ။ ဘယ်လိုအာဟာရဓါတ်တွေ ရနိုင်လဲ။ အဓိကပါဝင်ပစ္စည်းတွေကတော့ ထမင်းနဲ့ ကြက်သားြဖစ်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောဂါတွေကိုတိုက်ဖျက်ပေးမယ့် အစားအစာတွေကဘာတွေများလဲ

သက်ရှိတိုင်းမှာ ခန္ဓါကိုယ်ဆိုတာရှိနေတော့ဝေဒနာကမကင်းဘူးလေ။ အသက်လေးရလာလေလေ ခန္ဓါကိုယ်မှာ ခံစားရတဲ့ဝေဒနာတွေက များလာလေလေပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုပေမယ့် မကာကွယ်နိုင်လိုက်တဲ့အခြေအနေမျိုးမှာတော့ အကောင်းဆုံးခုခံရမှာပေါ့။ တိုက်စစ်မရရင်ခံစစ်နဲ့တော့ရအောင်ကစားရမှာပဲလေနော်။ ဒီတော့ရောဂါတွေကို အစားအစာတွေနဲ့ ခုခံရအောင်လား။ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်မယ့် အစားအစာတွေက ဘာတွေများလဲ ရောဂါတွေကိုတိုက်ထုတ်ပေးမယ်ဆိုလို့ ဘယ်လိုအစားအစာတွေများလဲလို့ အကြီးကြီးတွေးနေပြီလား။နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါနေတဲ့ စားအစာတွေပါပဲနော်။ ပန်းသီး ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်တစ်မျိုးဖြစ်တဲ့ pectin ပါဝင်တာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ အယမကြီးကင်ဆာဖြစ်နိုင်ခြေ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိလျော့ကျစေနိုင်ပြီး ဆီးချိုရောဂါကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်နော်။ ချင်း (ဂျင်း) မီးဖိုချောင်ထဲကဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပေါ့။ နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။သွေးကျဲစေနိုင်တယ်။သွေးကျဲဆေးေသာက်နေရသူတွေအတွက် သဘာဝဆေးလေးတစ်မျိုးပေါ့။ ရွှေဖရုံသီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။beta-carotene နဲ့ beta-cryptoxanthin ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ စားစရာတစ်ခုပါ။ ဘယ်ရီသီးတွေ ရောဂါတွေကိုတိုက်ဖျက်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ free radicalsတွေကြောင့် ခန္ဓါကိုယ်မှာ နာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကင်ဆာ၊နှလုံးရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေအတွက် အထူးသင့်တော်ပါတယ်။ နို့ထွက်ပစ္စည်းတွေ   ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ အပါအဝင် ဗီတာမင် များစွာပါဝင်နေပါတယ်။ ပရိုတင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။

မပြည့်ဝဆီ က ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ။ သင်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ ပြည့်ဝဆီ( saturated fat)၊ မပြည့်ဝဆီ ( unsaturated fat) နဲ့ transfat (အသွင်ပြောင်းဆီ) ဆိုပြီး အဆီတွေပါဝင်ကြပါတယ်။ ဒီ အဆီ ၃ မျိုးဟာ သင်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီးရတာဖြစ်ပါတယ်။ ပြည့်ဝဆီ( saturated fat) ကို အသားတွေကနေ ရပြီး မပြည့်ဝဆီ ( unsaturated fat) ကိုတော့ ဟင်းသီးဟင်းရွက်တွေကနေရကာ Transfat ကိုတော့ ထုတ်ပိုးထားတဲ့ အသင့်စားအစားအသောက်တွေကနေရပါတယ်။ လူတော်တော်များများက fat အဆီပါဝင်တယ်လို့ ပြောလိုက်ကြတာနဲ့ ဒီ fat အဆီတွေ အားလုံးက ကျန်းမာရေးအတွက် မကောင်းပါဘူးလို့ဆိုပြီး ထင်တတ်ကြပါတယ်။ တကယ့်တော့ ဒီဆီ ၃ မျိုးထဲမှာ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အခုတလော ဝိတ်ချနေတဲ့လူတွေကြားမှာ ခေတ်စားနေတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိထားတဲ့ ဆိုးကျိုး

အခုတလော ဆိုရှယ်မီဒီယာကတဆင့် မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet စတဲ့ Carbohydrate (ကစီဓါတ်၊ သကြားဓါတ်) ကို သိသိသာသာ နည်းအောင် လျှော့ချပြီး အဆီ နှင့် အသား ကို အလေးပေးစားရတဲ့ ဝိတ်ချတယ်ဆိုတဲ့ Diet Plan နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးရလဒ်တစ်ခု ထုတ်ပြန်လာတာရှိပါတယ်။ အဲ့ဒါကတော့ ကာဗိုဟိုက်ဒရိတ် သိသိသာသာ လျှော့ချထားတဲ့ Diet ပုံစံ တွေ စားရင် Atrial Fibrillation (AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိကြောင်းဆိုပြီးတွေ့ရှိလာပါတယ်။ ဒီ ကာဗိုဟိုက်ဒရိတ် လွန်စွာလျှော့ချထားတဲ့ Diet ပုံစံတွေ ကို မွေးရာပါ နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါရှိတဲ့သူတွေ၊ […]


ကျန်းမာစွာ စားသောက်ခြင်း

အခုတလော လူပြောများနေတဲ့ Hydrogenated Vegetable Oil အကြောင်း

ပထမဆုံးအနေနဲ့ Hydrogenated Vegetable Oil ဆိုတာ တစ်နည်းအားဖြင့် Trans Fat အုပ်စုဝင်တစ်မျိုးဖြစ်တယ်ဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ Trans Fat ဆိုတာ မြန်မာလိုအသွင်ပြောင်းဆီလို့ အလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ ဘယ်လို အစားအစာတွေ မှာ Trans Fat တွေ ပါလဲ အမဲသား၊ ဆိတ်သား၊ သိုးသား၊ အနီရောင် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ အသင့်စား အစားအစာများ၊ ဘီစကွတ်၊ ကွတ်ကီး၊ အသင့်သောက် ကော်ဖီမှုန့်၊ လက်ဖက်ရည်မှုန့်၊ Creamer ဆီကြော်အစားအစာများ၊ ထပ်ခါ ထပ်ခါ ကြော်ထားသော ဆီများ၊ အစားအစာ များ။ Trans Fat အသွင်ပြောင်းဆီတွေ စားပါများရင် ဘာဖြစ် လာမလဲ ကောင်းတဲ့ ကိုလက်စထရော HDL ကို လျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရော […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ တွေကို ပြောပြပေးချင် ပါတယ်။ ရှောက်ရွက် က ထိုင်းအစားအစာတွေတိုင်း လိုလိုမှာ တွေ့ရတတ်တဲ့ အမွှေးအကြိုင် တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ ကင်းမွန်သုပ်တွေထဲ ထည့်စားရင်လည်း အနံ့အရသာ ပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်း မွှေးမွှေးလေးနဲ့ ခံတွင်းပါ ရှင်းသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေး အကျိုးထူးတွေ ပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေး အကြောင်း နည်းနည်းလောက် ဆွေးနွေးကြရအောင်လား။ ရှောက်ရွက် မှာဘာတွေပါလဲ ရှောက်ရွက်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင် အပင်တွေမှာ ပါတဲ့ ဗီတာမင် တစ်မျိုး ဖြစ်တဲ့ ဗီတာမင် P တို့ အဓိက ပါဝင်နေ ပါတယ်။ ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ ရှောက်ရွက် က ဖလေဗာနွိုက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား

တိုးတက်လာတဲ့ လူနေမှုပုံစံနဲ့အတူ လူအများကြားမှာ ရေပန်းစားလာတဲ့ စားသောက်မှုအလေ့အထလေးတစ်ခု ရှိပါတယ်။ ဒါကတော့ အရသာလည်းရှိ ပြင်ဆင်ရတာလည်းမြန်တဲ့ ပြုပြင်ထားတဲ့အစားအစာ (Processed Food)တွေ စားသုံးလာကြတာပါ။ ဒီအစားအစာတွေက စားလိုက်တုန်း စိတ်ကျေနပ်မှုရနိုင်ပေမယ့် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားမိရဲ့လား။ ရေရှည်အတွက် မကောင်းတာတော့ အမှန်ပါပဲ။ ဘယ်လိုမျိုး ဆိုးကျိုးဖြစ်နိုင်တာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ပြုပြင်ထားတဲ့ အစားအစာတွေက တကယ်ပဲကျန်းမာရေးကိုထိခိုက်စေသလား ပြုပြင်ထားတယ်ဆိုကတည်းက သဘာဝမဟုတ်တော့ဘူးဆိုတာကို သက်သေပြနေတာပါပဲ။ အရိုးစင်းဆုံးတွေးမယ်ဆိုရင်တောင် ဒီအစားအစာထဲမှာ တာရှည်ခံအောင် ထည့်ထားတာတွေ၊ အရသာကောင်းအောင် ပြုပြင်ထားတာတွေ ပါနေမယ်ဆိုတာ သိသာပါတယ်။ စားကောင်းတဲ့အရသာတွေရဲ့ စွဲဆောင်မှုကြောင့် တစ်ခါတစ်လေကနေ အမြဲလိုလို စားနေမိနိုင်ပါတယ်နော်။ ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းသလို အလွန်အမင်းပြုပြင်ထားတဲ့ ရလဒ်အနေနဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင်မှုကလည်း တော်တော်လေးနည်းပါးပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပေါချင်းလောချင်းပါနေတာက အချိုဓာတ်၊ အငန်ဓာတ်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အားဖြည့်ဆန် ဆိုတာဘာလဲ

အခုနောက်ပိုင်းမှာ ကျွန်တော်တို့တွေ ထမင်းစားရင် ဖွေးနေမှ ဖြူနေမှ ဆိုပြီး ရေအထပ်ထပ်ဆေး၊ ဆန်ဖွတ်ကတည်းက ဖြူဖွေးတဲ့ အဆင့်ထိ ဖွတ်လိုက်တော့ နဂိုဆန်မှာ ပါဝင်တဲ့ ဗီတာမင် နှင့် သတ္တုဓာတ်တွေ ဆုံးရှုံးကုန်ပါတယ်။ မပါသလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် အခု နောက်ပိုင်း ဆန်တွေမှာ ဗီတာမင်တွေ ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန် (Fortified Rice) တွေ ထုတ်လာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ ဖြစ်သေးတဲ့ အာဟာရဆိုင်ရာ ကျန်းမာရေး ဗဟုသုတ နည်းနေသေးတဲ့ နိုင်ငံတွေ မှာ အခုလိုမျိုး အားဖြည့်ဆန် တွေ ထုတ်လာကြတာ တော်တော်လေး ကောင်းကျိုးတွေရှိပါတယ်။ အားဖြည့်ဆန် မှာ ဘာတွေပါလဲ ဗီတာမင် A ဗီတာမင် B1 ဗီတာမင် B6 ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အားဆေး သောက်စရာ တကယ်မလိုဘူးလား ။ ။

ကိုယ်နေ့တိုင်းစားနေတဲ့ ထမင်းတွေ၊ ဟင်းတွေကနေ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွအကုန်ရနေတာပဲ။ ကိုယ်ကလည်း စားနိုင်နေတာပဲ ဘာကြောင့် အားဆေး တွေ ထပ်သောက်ဖို့လိုဦးမှာလဲ ဆိုပြီး မရှင်းဖြစ်နေကြတဲ့သူတွေအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ အားလုံးသိချင်နေကြတဲ့ မေးခွန်းတွေအတွက် အချက် ၅ ချက်နဲ့ ဖြေပြပေးချင်ပါတယ်။ ၁။ ကိုယ်ကြိုက်တာ ကိုယ်ရွေးစားကြတယ်။ ။ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွအာလုံး ရနိုင်ဖို့အတွက် အစားအစားတွေအားလုံးကို မျှတအောင်စားပေးရမှာ မှန်ပေမယ့် လူတွေက သူတို့ကြိုက်တာကိုပဲ ပိုစားကြတဲ့သူချည်းပါ။ အသားကြိုက်တဲ့သူတွေက အသားတွေချည်းစားမိမယ်၊ သတ်သတ်လွတ်သမားေတွကလည်း အသားမစားဘူး။ ဒီလိုနဲ့ စားစရာ အသီးသီးကရတဲ့ အာဟာရဓါတ်တွေ မစားဖြစ်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့ကုန်ရော။ ။ ၂။ သဘာဝ မြေသြဇာသုံးတဲ့ စိုက်ပျိုးရေးခြံဆိုတာ မရှိသလောက် ရှားသွားပါပြီ။ ခေတ်မီ စိုက်ပျိုးရေး စနစ်မှာ သဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးရေးလုပ်တဲ့ တောင်သူဦးကြီးတွေ အရမ်းရှားသွားပါပြီ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း