ဇင့်ဓာတ် ဇင့်ဓာတ် ခေါ် သွပ်ဓာတ် ကတော့ ကလေးငယ်တွေမှာ ဝမ်းလျှောရင် ပေးလေ့ရှိပါတယ်။ သူက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး နောက်ထပ်ဝမ်းလျှောမှာကိုလည်း ကာကွယ်ပေးပါတယ်။ တခြားထူးထူးခြားခြား ကောင်းစေတာလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ဆံပင်ကျွတ်တာကို ကာကွယ်ပေးခြင်း၊ အစားအသောက်ပျက်၊ ပါးစပ်ပျက်နေသူများ အတွက် ပုံမှန်ပြန်ဖြစ်စေခြင်း၊ မျိုးဆက်ပွားကျန်းမာရေး ကိုကောင်းမွန်စေခြင်း (မျိုးအောင်ခြင်း) စတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။
လူတိုင်းသိတဲ့ အတိုင်း သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါ ဖြစ်လာပါတယ်။ အဆိုးဆုံး ကလေးငယ်တွေ မှာ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာစေပြီး ဦးနှောက်နှင့် အာရုံကြော ဖွံဖြိုးမှု့ ကိုပါ နှောင့်နှေးလာစေပါတယ်။ လူကြီးတွေမှာဆိုရင်လည်း နုံးတာမျိုး၊ အလုပ်လုပ်ချင်စိတ်မရှိတာမျိုး၊ အလွယ်တကူမောပန်း နွမ်းနယ်တာမျိုး တွေဖြစ်တတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့မြန်မာ လူမျိုးတွေ မှာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားနေတဲ့ ပုံစံအရ ကျွန်တော်တို့က အသားစားတာနည်းတဲ့ အတွက်ကြောင့်ပါ။
သံဓာတ်ကလည်း အဓိကအနေနဲ့ အနီရောင်ရှိတဲ့ အသားများ (ဝက်သား၊ အမဲသား၊ ဆိတ်သား) နှင့် သံဓာတ်တွေ အများကြီးစုထားတဲ့ ကလီစာ ဖြစ်တဲ့ ဝက်အသည်း၊ ကြက်အသည်း၊ အမဲအသည်းတွေမှာ အဓိက ပါပါတယ်။ အရွက်တွေ ဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကန်ဇွန်းရွက်တွေမှာ သံဓာတ်ပါဝင်ပေမယ့်လည်း တကယ့် တကယ်တမ်း ခန္ဓာကိုယ်က ထိုအရွက်တွေက သံဓာတ်ကို အများကြီးမစုပ်ယူနိုင်ပါ။
ဒါကြောင့် သံဓာတ်ကို အနီရောင် အသား နှင့် အသည်းကနေပဲ အဓိကရပါတယ်။ ဒါပေမယ့် အနီရောင် အသား တွေ ဆိုတာကလည်း တစ်ပတ်ကို ၂ ရက်ထက် ပိုစားလို့မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကင်ဆာဖြစ်တတ်လို့ပါ။ အသည်းကလည်း ကိုလက်စထရောများတဲ့အတွက် နေ့စဉ်စားလို့ မသင့်တော်ပါ။ ဒါကြောင့် တစ်နေ့တာ သံဓာတ် ပြည့်မီဖို့အတွက် သံဓာတ်အားဆေး ဒါမှမဟုတ် အားဖြည့်ဆန် တွေကို ဖြည့်စွက်စားပေးဖို့လိုအပ်လာပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။