backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အခုတလော လူပြောများနေတဲ့ Hydrogenated Vegetable Oil အကြောင်း


Arkar Hein မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခုတလော လူပြောများနေတဲ့ Hydrogenated Vegetable Oil အကြောင်း

ပထမဆုံးအနေနဲ့ Hydrogenated Vegetable Oil ဆိုတာ တစ်နည်းအားဖြင့် Trans Fat အုပ်စုဝင်တစ်မျိုးဖြစ်တယ်ဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။

Trans Fat ဆိုတာ မြန်မာလိုအသွင်ပြောင်းဆီလို့ အလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။

ဘယ်လို အစားအစာတွေ မှာ Trans Fat တွေ ပါလဲ

  • အမဲသား၊ ဆိတ်သား၊ သိုးသား၊ အနီရောင် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ
  • အသင့်စား အစားအစာများ၊ ဘီစကွတ်၊ ကွတ်ကီး၊ အသင့်သောက် ကော်ဖီမှုန့်၊ လက်ဖက်ရည်မှုန့်၊ Creamer
  • ဆီကြော်အစားအစာများ၊ ထပ်ခါ ထပ်ခါ ကြော်ထားသော ဆီများ၊ အစားအစာ များ။
  • Trans Fat အသွင်ပြောင်းဆီတွေ စားပါများရင် ဘာဖြစ် လာမလဲ

    • ကောင်းတဲ့ ကိုလက်စထရော HDL ကို လျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရော LDL ကို တက် လာစေတဲ့ အတွက် သွေးတွင်း ကိုလက်စထရော တက်လာစေပါတယ်။
    • TG (Triglycerides) ကိုလည်း တက်စေပါတယ်။
    • နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ အထိ ဖြစ်စေနိုင်ပါတယ်။
    • တချို့သော သုသေသနတွေမှာတော့ ကင်ဆာရောဂါ အထိ ဖြစ်တတ်တယ် ပြောကြပေမယ့် နောက်ထပ် စူးစမ်းလေ့လာမှုတွေ ထပ်လိုသေးတယ် လို့လဲ ဆိုထားပါတယ်။

    Trans Fat ကို ဘယ်လို ရှောင်ရှားကြမလဲ

    • အသင့်စား အစားအစာတွေ စားသုံးမှုကို လျှော့ချပါ။
    • အသင့်စား အစား အစာ တွေ စားရင် အာဟာရတန်ဖိုးပြဇယား (Nutrition Label) ကို ဖတ်ကြည့်ပါ။ Trans Fat ပါနေရင် မစားသင့်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ Trans Fat ကို Nutrition Label ထဲမှာဖော်ပြရင် တစ်ခါစား ပမာဏ မှာ 0.5 gram ထက်နည်းနေတယ် ဆိုရင် label မှာ 0 gram ဆိုပြီး ဖော်ပြခွင့်ပေးထားတဲ့ အတွက် Trans Fat ၀ ဂရမ် ဆိုတိုင်း Trans Fat လုံးဝ မပါတာ မဟုတ်တဲ့ အတွက် Trans Fat ၀ ဂရမ် ပဲ ပါတယ် ဆိုတဲ့ အသင့်စား အစားအစာတောင်မှကျန်းမာရေး အတွက် အဆင်ပြေတယ် ဆိုပြီး အလွန်အကျွံ မစားသင့်ပါဘူး။
    • သဘာဝ အတိုင်း Trans Fat ပါတဲ့ အစားအစာဂတွေ ဖြစ်တဲ့ အနီရောင်အသားတွေ ကတော့ တစ်ပတ် ကို နှစ်ကြိမ်ထက် ပိုမစားသင့်ပါဘူး။ နို့နှင့် နို့ထွက်ပစ္စည်းတွေကတော့ သေချာကျိုချက်ပြီး မလိုင်ဖယ်ပြီးစားပေးခြင်း ဖြင့် Trans Fat ကိုလျှော့ချပေးနိုင်ပါတယ်။
    • ဆီနှစ်ပြီး ကြော်စားရတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပေးဖို့လိုအပ်ပါတယ်။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement