ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သင်္ဘောစေ့ရဲ့ အကျိုးပြုအာနိသင် (၅) မျိုး

ရာသီဥတုပူတဲ့အချိန် အသီးအနှံချိုချိုလေးနဲ့မှ ရင်အေးကြတာနော်။ သင်္ဘောသီးက ချိုလည်းချို ဝမ်းလည်းမှန်စေတယ်။အမျှင်ဓါတ်၊ကယ်လ်စီယမ်၊သံဓါတ်နဲ့ ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများလှတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့အာနိသင်ကတော့ အူတွင်းလုပ်ဆောင်ချက်ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ကိုယ်ခံအားကောင်းစေတယ်။ အသီးက ချိုမြပြီးရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊သောက်သုံးကြပေမယ့် သင်္ဘောစေ့ကိုတော့ သန်ကျစေတယ်လို့ယုံကြည်ပြီးစားသုံးသူအနည်းငယ်သာရှိပါတယ်။ အများစု ကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကိုမသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက်၊ စားလို့မရဘူးထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။ သင်္ဘောစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၅) မျိုး (၁) ကျောက်ကပ်ကို ကာကွယ်ပေးတယ် သင်္ဘောစေ့ကိုစားခြင်းအားဖြင့် ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ကာကွယ်ပေးပြီး ကျောက်ကပ်ရောဂါခံစားနေရသူတွေအတွက်လည်း ကုသမှုမှာအထောက်အကူပေးပါတယ်။ တစ်နေ့ကို ၇ စေ့လောက်ဝါးစားပေးရုံနဲ့လုံလောက်ပါတယ်။ (၂) အသည်းကိုသန့်စင်ပေးတယ် အသည်းရဲ့တာဝန်က ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်တွေကို စစ်ထုတ်ပေးပြီး ရောဂါတွေရန်က ကာကွယ်ပေးရတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်ပါတယ်။ အဲသည်အသည်းက မကောင်းတဲ့အခါ နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အသည်းသန့်စင်ဖို့က အရေးကြီးတာပါ။ သင်္ဘောစေ့က အသည်းပြဿနာ၊ အထူးသဖြင့် အသည်းခြောက်ခြင်းတို့မှာ အရမ်းကိုအကျိုးပြုတဲ့အာနိသင်ရှိပါတယ်။ သင်္ဘောစေ့ ၅ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ညစ်စရာရှိ အစားအသောက်နဲ့ဖြေပါ

ဘဝရဲ့အတက်အကျ အနိမ့်အမြင့်တွေကြား ရှေ့ဆက်ရတဲ့လမ်းမှာ ကျော်ဖြတ်ရခက်ခဲတဲ့အခြေအနေမျိုး ကျွန်မတို့အားလုံး တစ်ကြိမ်မကကြုံဖူးမှာပါ။ စိတ်ဖိစီးမှုတွေနဲ့ကြာလာရင် အကြောင်းရင်းမည်မည်ရရတောင်မရှိဘဲ ဘာညစ်မှန်းမသိ စိတ်ညစ်နေတာ၊ စိတ်ဓါတ်ကျနေတာ၊ ဘာလုပ်လုပ်မအောင်မြင်နိုင်ပါဘူးထင်နေတာ၊ အဆိုးမြင်လာတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်နေတဲ့ရက်တွေ ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဓါတ်ခွန်အားပေးတဲ့ စာတွေ၊ နည်းလမ်းတွေနဲ့ အကြံပေးကြတာများပါတယ်။ ဒါပေမယ့် အစားအသောက်ကလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တယ်ဆိုတာ သိထားပြီးပြီလား။ စိတ်တွေညစ်နေ၊ စိတ်ဓါတ်တွေကျနေတဲ့အခါ ဒါလေးတွေစားပြီးဖြေကြည့်ပါလို့ ။ ၁) အဆီများတဲ့ ပင်လယ်ငါး အိုမီဂါသရီး အဆီအက်စစ်ချို့တဲ့နေတဲ့သူတွေဟာ စိတ်ကျဝေဒနာခံစားရနိင်ခြေပိုများတယ်လို့ လေ့လာမှုအရသိရပါတယ်။ ဆော်လမွန်ငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းတို့ကို ပုံမှန်စားသုံးရင် ဦးနှောက်ကျန်းမာစေပြီး စိတ်ကြည်လန်းဆန်းစေနိင်ပါလိမ့်မယ်။ ၂) အုတ်ဂျုံ အုတ်ဂျုံဟာ glycaemic index (GI) နည်းပါးတဲ့အတွက် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီး စိတ်ကိုတည်ငြိမ်စေတဲ့ ဆေးပဲဖြစ်ပါတယ်။ ကွေကာကြမ်းကို ပျားရည်၊ အစေ့အဆံတွေထည့်ပြီး မနက်စာအဖြစ်စားပေးလို့လည်းရပါတယ်။ ၃) ငှက်ပျောသီး ငှက်ပျောသီးမှာပါတဲ့ အမိုင်နိုအက်စစ် tryptophan၊ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပိစပ်ကနေရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။

ပဲနို့ ၊ပဲငံပြာရည်၊ ပဲပိစပ်ဆီ ဆိုပြီး ပဲပိစပ်နဲ့ပက်သက်တဲ့ ထုတ်ထားတဲ့ ထုတ်ကုန်များစွာကို ကြားဖူး၊ စားဖူးကြမှာပါ။ ဟင်းတစ်ပွဲ ပြင်ဆင်တဲ့နေရာမှာမပါမဖြစ်ဆိုတော့ အိမ်ရှင်မတွေဆို ပိုသိမှာပေါ့။ ပဲပိစပ်ဆိုတာဘာလဲ ။ ။ ပဲပိစပ်ဆိုတာ ပဲအမျိုးအနွယ်ဝင်တစ်မျိုးဖြစ်ပြီး အခြား ပဲအမျိုးနွယ်ဝင်တွေထက် ပိုပြီး ပရိုတင်းြကွယ်ဝတဲ့ ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို အဆီထွက်တဲ့ ပဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် ပဲပိစပ်ဆီတို့၊ ပဲငံပြာရည် တို့ဆိုပြီး အများကြီးပေါ်ထွက်လာပြီး လူတိုင်းအသည်းကျော် စားစရာဖြစ်လာခဲ့တာပေါ့ ။ ဒါဆို လူတိုင်းကြိုက်ကြတဲ့ ပဲပိစပ်မှာ ဘယ်လို ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အချက်တွေရှိလဲ ။ ။ ( ၁ ) နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ် ။ ။ ပဲပိစပ်မှာပါဝင်တဲ့ အမျှင်ဓါတ် ေတွက သွေးတွင်းအဆီဓါတ်ကိုလျော့ကျစေပြီး သွေးကြောအတွင် းအဆီတွေ အနည်ကျခြင်းကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အပူအစပ်စားပေးရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်လဲ

စားစရာနဲ့ ပတ်သက်လာရင် အပူအစပ်တွေကို လူတော်တော်များများက ရှောင်တတ်ကြပါတယ်။ ခန္ဓါကိုယ်အတွက်၊ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ထင်တာကတစ်ကြောင်း၊ ပူစပ်နေတဲ့ ခံစားချက်ကို မကြိုက်တာကြောင့်ရောပေါ့။ တကယ်တော့ လူတွေထင်ထားကြသလို အစပ်စားလို့ ကျန်းမာရေးအတွက် ဘေးဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ "တန်ဆေး လွန်ဘေး" ဆိုသလို ဘယ်အစားအစာကိုမဆို တန်သင့်ရုံလောက်သာ စားပေးသင့်တာပေါ့။ လိုတာထက် ပိုပြီး အများကြီးစားရင်တော့ အစပ်မှ မဟုတ်ပါဘူး။ ဆေးတောင်မှ ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်ပါတယ်နော်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစပ်စားလို့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေတဲ့ သူတွေအတွက် သူ့ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။ ၁။ နှလုံးကျန်းမာစေတယ်။ လေ့လာတွေ့ရှိချက်တွေအရ အစပ်ကို နည်းနည်းနဲ့ ပုံမှန်လေးစားပေးတဲ့သူတွေမှာ နှလုံးနဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ အစပ်ထဲမှာ ပါတဲ့ ဓါတ်တစ်မျိုးက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေခဲရေ မသောက်ခင် ဒါတွေကို သိထားသင့်တယ်နော်

ခုလို နွေရာသီမှာ လူတော်တော်များများက ရေခဲရေသောက်ရမှာကို အရမ်းကြောက်ကြပါတယ်။ အပူလျှပ်မှာ၊ ဖျားနာမှာကြောင့် အပြင်က ရာသီဥတုကလည်း အရမ်းပူနေတော့ အေးလွန်းတဲ့ ရေခဲရေဆို မသောက်ဖို့ လူကြီးတွေ အမြဲပြောနေကြတာ ကြားဖူးမယ်ထင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရေခဲရေသောက်ရခြင်းရဲ့ ကောင်းကျိုးတွေနဲ့ တခြား ဆိုးကျိုးအန္တရာယ်တွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်။ ရေခဲရေ သောက်လို့ ဘာကောင်းကျိုးတွေ ရှိနိုင်လဲ။ ၁။ အားကစား၊ လေ့ကျင့်ခန်း လုပ်ပြီးချိန် ကိုယ်ခန္ဓာက လွန်လွန်ကဲကဲ ထွက်နေတဲ့ အပူတွေကို ငြိမ်းအေးစေတယ်။ လူကို လန်းဆန်းတက်ကြွစေတယ်။ လူက အေးမြပြီး လန်းဆန်းနေတော့ အားကစားလုပ်ရတာ ပိုပြီး ခွန်အားစိုက်ထုတ်လို့ ရတာပေါ့။ ၂။ အချိုများတဲ့ ဖျော်ရည်တွေအစား ရေခဲရေသောက်ပေးခြင်းဟာ အပူချိန်ထိန်းဖို့ ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရတဲ့အတွက် ကယ်လိုရီအချို့ကို လောင်ကျွမ်းသွားစေပြီး ကိုယ်အလေးချိန် ကျစေတယ်။ ၃။ ပူလွန်းတဲ့ နေ့တွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဒါတွေကိုများတွဲစားမိနေပြီလား.................

စားကောင်းလို့ဆိုပြီး တွဲစားလိုက်တယ်။ပြီးရင် ရင်ပြည့်သလိုလို၊ ဗိုက်ထဲမှာ မအီမသြာဖစ်သလိုလိုခံစားရတယ်ဟုတ်။ ဗိုက်ထဲမှာ မအီမသာဖြစ်တဲ့ ခံစားချက်ကနေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီလိုမျိုး အစားတစ်လုတ်ေကြာင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေမထိခိုက်စေဖို့ အခုပြောမယ့်အချက်လေးတွေကို သတိထားပေးပါနော်။ ဒါတွေတွဲစားမိနေပြီလား အချိုစာ နဲ့ အရက် အရက်သောက်တဲ့အချိန်မှာ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေနဲ့မြည်းတာက အကောင်းဆုံးပါ။ အရက်သောက်တဲ့အခါ အချိုဓါတ်ကဲတဲ့ အစားအစာတွေနဲ့တွဲမစားမိစေဖို့ သတိထားစေချင်ပါတယ်။ အယ်လ်ကိုဟောက အချိုဓါတ်ကိုပြည့်ဝအဆီအဖြစ်ပြောင်းလဲစေတာကြောင့် ခန္ဓါကိုယ်မှာ အဆီပိုတွေဖြစ်စေနိုင်ပါတယ်နော်။ ကြက်ဥ/ဘဲဥ နဲ့ အသားကြော် ဒီနှစ်ခုကိုတွဲစားတာကအစာအိမ်ကိုတော်တော်လေးဝန်ပိစေတာပါ။ ပရိုတင်းကိုချေဖျက်ဖို့ဆိုရင် ပုံမှန်ထက်အချိန်ပိုယူနိုင်တာကြောင့် ဒီနှစ်ခုကို တွဲမစားစေချင်တာပါ။ အသားနဲ့ ကြက်ဥကိုတွဲစားမယ့်အစား၊ အသားကြော်ကို ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးနဲ့ တွဲစားလိုက်တာက ပိုကောင်းပါတယ်။ ချိစ် နဲ့ ပဲအမျိုးမျိုး ဒီနှစ်ခုကိုတွဲစားပြီးရင်ခေါင်းထဲက ညီးစီစီဖြစ်သလိုလိုလေပွနေသလိုလိုခံစားရတယ်ဟုတ်။ ဒီနှစ်ခုကို တွဲစားလိုက်တာကအစာခြေစနစ်ကိုလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခိုင်းလိုက်ရာရောက်ပါတယ်။ ဒါကြောင့် နို့ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုးကို တွဲမစားမိစေဖို့ သတိထားပေးပါ။ အစားအစာနဲ့ရေ မဖြစ်နိုင်တာပါ၊ လို့တွေးနေပြီလား။ ထမင်းစားနေရင်းဖြစ်ဖြစ်၊ အစားတစ်ခုခုစားနေရင်းဖြစ်ဖြစ်ရေကို မသောက်ပါနဲ့။ အစားစားပြီး နာရီဝက်ကြာမှရေသောက်တာက […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အရိုးစွပ်ပြုတ်လေး သောက် ၊ ထမင်းပူပူလေးစားရတာ ကြိုက်တဲ့သူတွေ ရှိလားဗျို့ ။ ။

ကြက်စွပ်ပြုတ်၊ ဆိတ်နံရိုးစွပ်ပြုတ်တို့ကို မကြိုက်တဲ့သူရှိမယ် မထင်ပါဘူး။ စားရတာ စိမ့်စိမ့်လေးနဲ့ အရသာလည်းရှိ၊ သံပုရာသီးလေးများ ညှစ်လိုက်ရင် ဘာပြောကောင်းမလဲ။ မွှေးမွှေးချဉ်ချဉ်လေး ခံတွင်းကိုတွေ့လို့ ။ နေကောင်းခါစ နလန်ပြန်ထစ အချိန်တွေဆို ဒါတွေကို အဓိကထားစားကြတယ်မလား။ အားပြန်ပြည့်အောင်လို့လေ။ တကယ်ပဲ ဒီလို အရိုးစွပ်ပြုတ်လေး တွေက ကျန်းမာရေးအတွက် အကျိုးတွေရှိတာလား။ ။ အရိုးစွပ်ပြုတ်လေး တစ်ပွဲမှာ ဘယ်လိုအာဟာရတွေများ ပါဝင်လဲ ။ ။ အရိုးတစ်ခု မှာ အပြင်အရိုး၊ အတွင်း ရိုးတွင်းချဉ်ဆီနဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးပြုတ်စွပ်ပြုတ်လေး တစ်ပွဲ သောက်ရင် အဲ့ဒီ ၃ မျိုးက အာဟာရတွေ အကုန်ရနိုင်ပါတယ်။ အရိုး - အရိုးတစ်ခုမှာ ကယ်လ်ဆီယမ်၊ ဖော့စဖောရက်စ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်၊ ဆာလ်ဖာတို့ပါဝင်တာကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငှက်ပျောသီးက နေ့စဉ်အစာအာဟာရကို ဘယ်လိုအကျိုးပြုလဲ

ကျွန်တော်တို့နိုင်ငံမှာတော့ ငှက်ပျောသီးကို နေရာအနှံ့၊ ရာသီမရွေး တွေ့နေကြတာပါပဲ။ အရသာလည်း ရှိတယ်၊ အမျှင်ဓါတ်လည်း များတော့ တစ်လုံးလောက်စားပြီးတာနဲ့ ဗိုက်ဝသွားရော။ သဘာဝအချို အရသာဆိုတော့ ကလေးတွေပါ ကြိုက်ကြတာပေါ့။ ဒီနေ့ဆောင်းပါးလေးမှာ အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ငှက်ပျောသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ အာဟာရဓါတ် အများအပြား ပါဝင်ပါတယ်။ အရောင်၊ အရွယ်အစား၊ ပုံစံချင်း မတူရင်တောင် ငှက်ပျောသီးမှာ ပါတဲ့ အာဟာရဓါတ်ေတွကတော့ လူတွေအတွက် အကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ အမျှင်ဓါတ် ပါဝင်မှု များလို့ အစာကြေလွယ်စေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ ပိုတက်စီယမ်ဓါတ်၊ ဗီတာမင် ဘီ-စစ်၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ကစီဓါတ်၊ ပရိုတင်းဓါတ်နဲ့ အဆီဓါတ်အနည်းငယ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြက်ရိုး ဆိတ်ရိုးထဲက ရိုးတွင်းခြင်ဆီတွေထုတ်စားရတာ ကြိုက်တဲ့သူတွေရှိလား ။ ။

ကြက်စွပ်ပြုတ်တို့ ၊ ဆိတ်ရိုးစွပ်ပြုတ်တို့ စားဖူးတဲ့သူတိုင်း သိကြမှာပါ။ အရိုးထဲက ရိုးတွင်းခြင်ဆီမဲမဲလေးတွေကို စုပ်စားလိုက်ရ၊ ခြစ်စားလိုက်ရမှ ကျေနပ်တယ်ဟုတ်။ စိမ့်ပြီးတော့ အရသာကိုရှိလို့။ ပါတာကလည်းနည်းနည်းလေးဆိုတော့ စားလို့လည်းကောင်း စားရတာလည်း မဝဘူးမလား။ ဒီ ကြက်ရိုးတို့ ဆိတ်ရိုးတို့ထဲက ရိုးတွင်းခြင်ဆီက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာရော သိကြလား။ ။ ရိုးတွင်းခြင်ဆီဆိုတာဘာလဲ ။ ။ ရိုးတွင်းခြင်ဆီဆိုတာ အရိုးတွင်းမှာရှိတဲ့ တစ်ရှူးအပွတွေဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ပေးတဲ့ေသွးနီဥ၊ ခုခံအားအတွက်လိုအပ်တဲ့ သွေးဖြူဥနဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်တစ်မျိုးကိုထုတ်လုပ်ပေးတဲ့နေရာဖြစ်ပါတယ်။ ဒီ ကြက်သား၊ဆိတ်သား၊ အမဲသားတို့ကရတဲ့ ရိုးတွင်းခြင်ဆီကို စားစရာအဖြစ် စားသုံးကြပါတယ်။ ရိုးတွင်းခြင်ဆီမှာပါတဲ့ အာဟာရဓါတ်များ ။ ။ ရိုးတွင်းခြင်ဆီမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုများပြီး ပရိုတင်းနဲ့ ဗီတာမင် B 12 တို့လို ဗီတာမင်သတ္တုဓါတ် တွေ အဓိကပါဝင်ပါတယ်။ ပါဝင်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Thalassemia ရောဂါ နှင့် အာဟာရ

Thalassemia ရောဂါ က သွေးခဏခဏ သွင်းရတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အတွက် သံဓါတ်များတဲ့ အစားအစာတွေကို အဓိက ရှောင်ရှားပေးရပါမယ်။ နောက်ထပ်အရေးကြီးတာကတော့ သံဓါတ်အားဆေးတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။ နောက်ပြီး အစာစားပြီးတိုင်း ရေနွေးကြမ်း (လက်ဖက်ခြောက် ခတ်ထားတဲ့) ကို သောက်ပေးတဲ့အကျင့် လုပ်ပေးရပါမယ်။ ထမင်း၊ ဟင်းချက်ပြုတ်တဲ့နေရာမှာလည်း သံထည်ပစ္စည်းတွေ နဲ့ ချက်မယ့်အစား အခုနောက်ပိုင်းပေါ် လာတဲ့ ကြွေအိုး၊ ဖန်အိုးတွေ နဲ့ ပြောင်းချက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ နောက်ပြီး ထမင်းစားစားပြီးချင်း သံပုရာရည်ေသာက်၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ မာလကာသီး၊ ငရုပ်ပွအနီ၊ သံပုရာသီး ဖြင့်သုပ်ထားတဲ့ အသုပ်စတဲ့ ဗီတာမင် စီ (Vitamin C) ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အရေးအကြီးဆုံးကတော့ ဘာပဲ ဝယ်စားစား Nutrition Label (အာဟာရတန်ဖိုး အညွှန်းပြဇယား) ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း