ဒါ့အပြင် အရိုး၊ရိုးတွင်းခြင်ဆီနဲ့ Connective tissues တို့ဟာ ေကာ်လာဂျင် ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးစွပ်ပြုတ်တစ်ခွက်မှာ glycine နဲ့ amino acids တွေလည်း ပါပါသေးတယ်။
ကဲ ဒီလောက် အာဟာရတွေ များပြားစွာပါနေတဲ့အရိုးစွပ်ပြုတ်တစ်ခွက်က ကျန်းမာရေးအပေါ် ဘယ်လိုအထောက်အကူပြုလဲ ။ ။
ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ များတာကြောင့် အာဟာရချို့တဲ့မှာတော့ စိုးရိမ်စရာမလိုဘူးနော်။ ဒါ့အပြင် အရိုးစွပ်ပြုတ်တစ်ခွက်ပေးတဲ့ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။
- ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ – အရိုးစွပ်ပြုတ်ထဲမှာပါတဲ့ glycine တွေမှာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်နဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။
- ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ် – အရိုးပြုတ်ဟင်းရည်တွေမှာ ကယ်လိုရီ နည်းနည်းပဲ ပါဝင်တဲ့အပြင် ပါဝင်တဲ့ ပရိုတင်းဓါတ်တွေက သင့်ကိုဆာလောင်ခြင်းကနေလည်း ကင်းဝေးစေဦးမှာပါ။
- Glucosamine နဲ့ chondroitin တို့ရဲ့ အစွမ်းကြောင့် အဆစ်အမြစ်ကျန်းမာရေးအထူးကောင်းမွန်ပြီး အဆစ်အမြစ်ရောင်တာကို သူက ကာကွယ်ပေးဦးမှာပါ။
- calcium, magnesium နဲ့ phosphorus တို့ ပါဝင်တာကြောင့် အရိုးပြုတ်ဟင်းချိုတစ်ခွက်က ကိုယ်ခန္ဓါကပေါ်က အရိုးတွေ အတွက် ကောင်းကျိုးအထူးပြုမယ်ဆိုတာ မေးစရာတောင်လိုမယ် မထင်ပါဘူး။
- အရိုးစွပ်ပြုတ်မှာပါတဲ့ Glycine ဟာ အိပ်စက်ြခင်းစက်ဝန်းကို အားပေးပြီး ဦးနှောက်စွမ်းဆောင်ရည်တွေကို တိုးတက်ကောင်းမွန်စေပါသေးတယ်။ ။
ဒီလို အရိုးတွေကို သန်မာစေတယ်၊ အဆစ်အမြစ်တွေရဲ့ လှုပ်ရှားမှုကို ချောမွေ့စေတယ်၊ အိပ်စက်ခြင်းကို အားပေးပြီး နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြင့်စေတဲ့ အရိုးပြုတ်ဟင်းရည်တစ်ခွက်မှာ မသောက်ရင် ဘာကိုများသွားပြီးသောက်ဦးမလဲနော် ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။