သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အာဟာရဓာတ်လိုအပ်ချက်တွေ၊ ကယ်လိုရီလောင်ကျွမ်းတာတွေ ပြောင်းလဲလာပါတယ်။ သက်ကြီးအာဟာရနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဒီမှာလေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးရွယ်အို အာဟာရ

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့

ဆောင်းရာသီရောက်ပေမယ့် ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်ချက်က ရှိနေတုန်းပါပဲ။ ဒါကြောင့် တခြားရာသီတွေလိုမျိုးပဲ ရေဓာတ်ဖြည့်ဖို့ လိုပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက်က ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတာ၊ အာဟာရချို့တဲ့တာတွေကို နည်းနည်းမှ ခံနိုင်စွမ်း မရှိတော့လို့ပါပဲ။ ဒါကြောင့် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့ ဆိုရင် အောက်ပါ အချက်တွေကို လုပ်ပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာရော ရေဓာတ်ဆုံးရှုံးနိုင်သေးလို့လား ဆောင်းတွင်းမှာ ချွေးမထွက်လို့ ရေဓာတ်မဆုံးရှုံးဘူးလို့ တွေးလို့ မရပါဘူး။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကနေ ရေဓာတ်က ပုံမှန်ဆုံးရှုံးနေသလို ကိုယ်သတိမထားမိတဲ့အချက်တွေကနေလည်း ရေဓာတ်ဆုံးရှုံးနိုင်ပါသေးတယ်။ ဘိုးဘိုးဘွားဘွားတွေဆိုရင်လည်း ဆောင်းတွင်းမှာ ရေဓာတ်ဆုံးရှုံးနိုင်တဲ့ အချက်တွေ အများကြီးပါ။ ဥပမာ ပြောရရင် ရာသီဥတု တောင်ပေါ်ဒေသတွေကလွဲရင် မြန်မာနိုင်ငံရဲ့ ဆောင်းက အရင်ကလို မအေးတော့ပါဘူး။ မနက်အစောပိုင်းနဲ့ ညဦးပိုင်းတွေလောက်ပဲ အေးပြီး […]

သက်ကြီးရွယ်အို အာဟာရ ကို ရှာဖွေမည်။

သက်ကြီးရွယ်အို အာဟာရ

အဖိုးအဖွား ခံတွင်းပျက် နေသလား

အဖိုးအဖွား ခံတွင်းပျက် နေသလား ...... အဖိုးအဖွား တွေမှာ အဖြစ်များတဲ့ ပြဿနာက အရင်လိုမစားနိုင်တော့တာ၊ အစားနည်းလာတာ၊ ခံတွင်းပျက်လာတာပါပဲ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အားနည်းလာမယ်၊ အာဟာရတွေ ပိုပြီးလိုအပ်လာမယ်လေ။ ဒီအချိန်မှာ အစာအာဟာရ အလုံအလောက်မရတဲ့အခါ ပိုပြီး အားနည်းလာနိုင်လို့ ရောဂါဝင်လွယ်ပါတယ်။ ဒါ့ကြောင့် လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် ခံတွင်းပျက်ခြင်းပြဿနာကို ဖြေရှင်းဖို့ အရေးကြီးပါတယ်နော်။ အဖိုးအဖွား တွေ ဘာလို့ ခံတွင်းပျက်ကြတာလဲ အပေါ်မှာပြောခဲ့သလိုပဲ အစာစားချင်စိတ် နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် – ရောဂါအခံတချို့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သွားမကောင်းလို့ အရင်လိုမစားနိုင်တော့တာလည်း ပါဝင်ပါတယ်။ အဖိုးအဖွား ခံတွင်းပျက် နေသလား အဖိုးအဖွား ခံတွင်းပျက် နေသလား ခံတွင်းပျက်နေပြီဆိုရင် အစာစားချင်စိတ် တိုးလာအောင် […]


သက်ကြီးရွယ်အို အာဟာရ

အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ

အသက်အရွယ်ရလာရင် ကျန်းမာရေးကလည်း အားနည်းလာတတ်ပါတယ်။ ဒါကလူတိုင်းကြုံတွေ့ရမယ့် အနေအထားတစ်ရပ်ဆိုပေမယ့် အသက် ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတာက အသက်ကြီးတဲ့အထိ ကျန်းမာနေစေမှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားရမလဲ... အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ ကို ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားကြမလဲ......... ကျန်းမာပျော်ရွှင်စွာ အသက်ကြီးချင်ရင်တော့ အသက်အရွယ်ရလာတဲ့အခါ နေ့စဉ်စားသုံးတဲ့အထဲမှာ ဒါလေးတွေပါအောင်စားသုံးပေးပါ။ အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ က ဘာတွေများလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ထောပတ်သီး  ထောပတ်သီးက စားရတာအရသာရှိသလို ဗီတာမင် နဲ့ သတ္တုဓာတ် ၂၀ နီးပါး ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးမှာ အသက်အရွယ်ရလာသူတွေအတွက်  လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဗီတာမင် B၊ […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတဲ့အခါ ပိုစားသင့်တဲ့ အကောင်းဆုံးအာဟာရ(၁၀)မျိုး

လူ့ခန္ဓါကိုယ်က အသက်တွေကြီးလာရင် အရင်အတိုင်းပဲ ရှိနေမယ်၊ လုပ်ဆောင်ချက်တွေလည်း တူမယ်ထင်နေပါသလား။ စားလိုက်တဲ့ အစားအသောက်တွေကနေ အာဟာရတွေကိုစုပ်ယူနိုင်စွမ်းလည်းပြောင်းလဲလာမယ်၊ ကိုယ်တွင်းလုပ်ဆောင်ချက်တွေလည်းပြောင်းလဲလာမယ်။ ဒါ့ကြောင့် ရှိသင့်တဲ့အာဟာရတွေပြည့်ဝနေစေဖို့ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစားပေးသင့်တဲ့အစားအစာတွေကို အကြံပြုပေးချင်ပါတယ်။ ကိုယ့်ရဲ့လူကြီးမိဘတွေကိုလည်း ဂရုတစိုက်စီစဉ်ကျွေးမွေးလို့ရတာပေါ့။ (၁) အမျှင်ဓါတ် အသီးအနှံတွေ၊ အုတ်ဂျုံ၊ အစေ့အဆန်တွေနဲ့ ပဲနီလေး တို့လို အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့အခါ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်က သွေးတွင်းကိုလက်စထရောပမာဏကိုလည်းလျော့နည်းစေတယ်၊သွေးတွင်းသကြားကို ထိန်းညှိပေးတယ်၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တယ်။ အသက် ၅၀ အထက်အရွယ်ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်ပမာဏ ၃၀ ဂရမ်စားသုံးဖို့လိုအပ်ပါတယ်။ (၂) ဂျုံကြမ်း ဂျုံကြမ်းတွေဟာ အသက်ကြီးလာချိန်မှာ ပိုပြီးလိုအပ်တဲ့အမျှင်ဓါတ်နဲ့ ဗီတာမင် ဘီတွေ ကြွယ်ဝတဲ့အရင်းအမြစ်ဖြစ်ပြီး B6 ၊B12 နဲ့ဖောလိတ်ဓါတ်တွေက ဦးနှောက်ကျန်းမာရေးအတွက် အဓိကအရေးပါတာဖြစ်ပါတယ်။ ဂျုံကြမ်းကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေလျော့နည်းစေနိုင်တယ်။ (၃) အခွံမာသီးနဲ့ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့

ဘာလိုလိုနဲ့ သီတင်းကျွတ်ရောက်ဖို့တောင် သိပ်မလိုတော့ဘူးနော်။ အရင်နှစ်တွေတုန်းကလို မုန့်တွေ၊ သစ်သီးတွေနဲ့ လူကြီးကို ကန်တော့တာထက် ဒီနှစ်မှာ သူတို့တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အားဆေးတွေ ဝယ်ကန်တော့လိုက်ရင် ပိုမကောင်းဘူးလား။ အထူးသဖြင့် လူကြီးမိဘတွေဆိုတာ အသက်ကြီးသထက် ကြီးလာပြီဆိုတော့ မဖြစ်သင့်တဲ့ ရောဂါတွေ ကာကွယ်ပေးဖို့၊ ကျန်းမာအသက်ရှည်ဖို့ ဖြည့်စွက်စာတွေပါ လိုအပ်လာပြီနော်။ ဒါကြောင့် လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့ လေ။ လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့ လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ဘာကြောင့် ဖြည့်ဆည်းရတာလဲ။ ဘာလို့ အားဆေးသောက်ဖို့ လိုအပ်တာလဲ။ အားရှိအောင်၊ ကျန်းမာအောင် ဆိုတာထက် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအစာကနေ အာဟာရဓာတ်တွေ အလုံအလောက်မရနိုင်တာကြောင့်ပါ။ လူကြီးမိဘတွေဆိုတာ အသက်ကြီးလာလေ သွားကမကောင်းတော့တာ၊ အရင်ကလောက် အစာမစားနိုင်တော့တာ၊ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေ ကျန်းမာစေဖို့ ဘာလုပ်ပေးရင်ကောင်းမလဲ

လူကြီးအရွယ်တွေမှာ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး အမြဲစိုးရိမ်နေရတယ်လေ။ ရာသီဥတုပြောင်းလဲမှုက အသက်အရွယ်ကြီးတဲ့သူတွေအတွက်တော့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အချက်တစ်ခုပေါ့။ ဒီတော့ ခုလို အမြဲပြောင်းလဲနေတဲ့ ရာသီဥတုမှာ ကိုယ်ချစ်တဲ့ မိဘတွေ၊ ဖိုးဖိုးဖွားဖွားတွေ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ သားသမီးတွေအနေနဲ့ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ အိမ်အပြင်သိပ်မထွက်ခိုင်းပါနဲ့။ အိမ်အပြင်မှာ ကားတွေက သွားရတာနဲ့၊လေထုမသန့်တာနဲ့၊ လူကြားထဲမှာဆိုရင် ဖုန်တွေ၊ သဲတွေသာမက မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ အများကြီးရှိနေနိုင်တယ်နော်။ လူကြီးအရွယ်တွေမှာ ကိုယ်ခံအားကလည်းလျော့လာပြီဆိုတော့ တစ်ခုခုဆိုတာနဲ့ ဖျားနာတာ၊ရောဂါဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ လူကြီးမိဘတွေကို တတ်နိုင်သလောက် အပြင်သွားခိုင်းတာ၊ လူများတဲ့နေရာတွေ သွားခိုင်းတာမျိုး သိပ်မလုပ်ပါနဲ့။ မနက်ခင်းစောစောလေကောင်းလေသန့်ရတဲ့ အချိန်မှာ မိဘဖိုးဖွားတွေနဲ့အတူ လမ်းထွက်လျှောက်တာမျိုး၊လေ့ကျင့်ခန်းလုပ်တာမျိုးတော့ အဆင်ပြေပါတယ်။ ၂။ လက်သန့်ရှင်းရေးဟာလည်း အရေးကြီးပါတယ်။ လက်ကို သန့်ရှင်းအောင်ထားဖို့က အသက်အရွယ်မရွေး ဂရုစိုက်သင့်တဲ့ ကိစ္စပါ။ မသန့်ရှင်းတဲ့ လက်နဲ့ […]


သက်ကြီးရွယ်အို အာဟာရ

ချစ်ရတဲ့ မေမေဖေဖေတို့ကို ကျန်းမာရေးလက်ဆောင်ပေးလို့ရတယ်ဆိုတာ မေ့နေတာလား

တန်ဆောင်တိုင်ဂါရဝပြုလက်ဆောင်လို့ပြောလိုက်ရင် လူတိုင်းလိုလိုပြေးမြင်တာက စားစရာတွေနဲ့ အဝတ်အစား အသုံးအဆောင်တွေပါ။ စားကောင်းတာတွေနဲ့ ဝတ်ကောင်းစားလှတွေက ချစ်ခြင်းမေတ္တာကိုဖော်ထုတ်တဲ့အရာတွေလို့ အများက လက်ခံယူဆထားပုံရပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့အခါ စားကောင်းသောက်ဖွယ်တွေနဲ့ အသုံးအဆောင်တွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း အထိရောက်ဆုံးဖော်ပြနိုင်မှာပါ။ ကိုယ်ချစ်ရတဲ့သူတွေကို ကျန်းကျန်းမာမာအသက်ရှည်ရှည်နေစေချင်တဲ့ဆန္ဒလူတိုင်းမှာရှိမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်စေဖို့က အစားအသောက်နဲ့ အသုံးအဆောင်တွေနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပါလုပ်ပေးဖို့လိုဦးမှာပါ။ ဒါဆိုတန်ဆောင်တိုင်ကာလမှာ ချစ်ရတဲ့သူတွေကို ဂါရဝပြူဖို့ စဉ်းစားရခက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေ လမ်းညွှန်ပါရစေ။ တန်ဆောင်တိုင်အတွက် ကျန်းမာရေးဂါရဝ.... သီတင်းကျွတ်တုန်းက မကန်တော့ရသေးလို့ဖြစ်ဖြစ် သီတင်းကျွတ်မှာ ကန်တော့ပြီးပေမယ့် တန်ဆောင်တိုင်မှာ မှတ်မှတ်ရရလက်ဆောင်ပေးချင်လို့ဖြစ်ဖြစ်မေမေဖေဖေတို့အပါအဝင် ချစ်ခင်ရသူတွေကို မတူတဲ့လက်ဆောင်တစ်ခုခုပေးချင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးအဆောင်တွေပြင်ဆင်ပေးလို့ရပါတယ်။ ကျန်းမာရေးဆိုတဲ့နေရာမှာ အစာအာဟာရအပြင် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေပါပေးလို့ရတာပါ။ ကိုယ်ကန်တော့မယ့်သူက ဆီးချိုရှိနေယ်ဆိုရင်သွေးချိုတိုင်းစက်၊သွေးပေါင်ချိန်စက်အပြင် ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖြည့်စွက်အာဟာရတွေကိုပါ ကန်တော့လို့ရပါသေးတယ်။ ဒါဆိုရင် အသင့်တော်ဆုံးကဘာများဖြစ်မလဲ ကိုယ်တိုင်လေးရွေးချယ်ကြည့်နော်။ ဆေးဝါး ရောဂါတစ်ခုခုရှိမှ မဟုတ်ဘဲနေအိမ်တိုင်းမှာဆောင်ထားသင့်တဲ့ဆေးဝါးလေးတွေရှိပါတယ်။ လူကြီးတွေရှိနေတဲ့နေအိမ်တွေမှာဆိုရင်ဆေးဝါးတွေကမဖြစ်မနေလိုအပ်မှာပါ။ ဒဏ်ကြေလိမ်းဆေး လေဆေး အဖျားပျောက်ဆေး အနာလိမ်းဆေး အရက်ပြန် […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေကို အာဟာရနဲ့ ကန်တော့တော့မယ်ဆိုရင်

မိုးတွေ အကြိုက်ရွာပြီး ပတ်ဝန်းကျင်က စိမ်းလန်းစိုပြေခဲ့တဲ့ ကာလပတ်ကို ကုန်ဆုံးလို့ မိုးလေ ကင်းလွတ်ပြီး သီတင်းကျွတ်ကာလရောက်လာပြီဆိုရင် မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့အတိုင်း လူကြီးမိဘတွေကို ကန်တော့ကြတယ်။ အဝေးရောက်နေတဲ့ သားသမီးတွေက မိဘတွေ ရှိရာ ဖိုးဖိုးဖွားဖွားတွေ ရှိရာဆီကို အရောက် ပြန်လာပြီး ကန်တော့ကြတယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ဓလေ့လေး တစ်ခုပေါ့။ သီတင်းကျွတ်ပြီ၊ မိုးလေ ကင်းလွတ်ပြီဆိုရင် မီးပုံးလွှတ်တယ်။ မီးထွန်းတယ်။ လူကြီးတွေကို ကန်တော့တယ် မုန့်ဖိုး တောင်းကြတယ်ဆိုတာတွေက ကလေးဘဝကတည်းက လုပ်လာခဲ့တဲ့ သီတင်းကျွတ်ရဲ့ အလေ့အထတွေပါ။ ကလေးတွေ စုပြီး အတူတူ ဆော့ရတာလည်း ပျော်စရာ ကောင်းခဲ့တဲ့ ငယ်ဘဝရဲ့ သီတင်းကျွတ် အမှတ်တရတွေ ပေါ့။ သီတင်းကျွတ် လွမ်းချင်းလေး ပြီးတော့ […]


သက်ကြီးရွယ်အို အာဟာရ

ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ

လူဆိုတာ အသက်ကြီးလာပြီဆိုရင် လူငယ်တုန်းကလောက် သန်မာဖျတ်လတ်မှုမရှိကြတော့ဘူးနော်။ အလုပ်လုပ်တာ၊ သွားတာလာတာ နှေးကွေးလာတယ်။ ကိုယ်ခံအားစနစ်ကလည်း အားနည်းလာတော့ ရောဂါတွေ ဖြစ်ဖို့ ပိုလွယ်လာတယ်။ ကြွက်သားတွေကလည်း အားနည်းပြီး အရိုးအဆစ်တွေက ထိခိုက်ဖို့ ပိုလွယ်လာတာပေါ့။ ဒီတော့ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေ အားနည်းပြီး ပျော့ခွေနေချိန်မှာ ဘယ်လိုအစားအစာတွေ ကျွေးပြီး အားပြန်ဖြည့်ပေးလို့ ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ပရိုတင်းပါတဲ့ အစားအစာတွေ များများကျွေးကြမယ်။ လူကြီးအရွယ်မှာ ကြွက်သားဆုံးရှုံးမှုအဖြစ်များတာမို့ ပရိုတင်းဓါတ် မှန်မှန်စားပေးဖို့ လိုပါတယ်။ ပရိုတင်းဓါတ်က ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုအတွက်သာမက လူရဲ့ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေတယ်။ တစ်နေ့တာအတွက် အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင် ဇီဝကမ္မပြောင်းလဲမှြုဖစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်စေလို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တာပေါ့။ ဒီတော့ ကိုယ့်ရဲ့ ဖေဖေ၊ မေမေတွေကို ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားတွေ၊ ဥအမျိုးမျိုး၊ […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့

အာဟာရပြည့်ဝမှုက သက်ရှိတိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တစ်ခုပါနော်။ ကလေးတွေမှ အာဟာရပြည့်ဝဖို့ လိုတာမဟုတ်ပါဘူး။ လူကြီးတွေလည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ များသောအားဖြင့် ဂရုစိုက်မိတတ်ကြတာက ကလေးလေးတွေ အာဟာရပြည့်ဝဖို့ကိုပဲ အာရုံစိုက်နေမိတတ်ကြတာပါ။ တကယ်တော့ မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့လည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ ဒါမှလည်း ကျန်းမာပြီး အသက်ရှည်စေမှာပါ။ ချစ်ရတဲ့ ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့ အသက်ရှည်ရှည်နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်စေဖို့ အာဟာရပြည့်ဝစေရေးအတွက်သေချာလေးဂရုစိုက်ပေးဖို့ပြောပါရစေ။ မဖြစ်မနေ သိထားရမယ့် အချက်တစ်ခုက ကိုယ့်ကမွေးတဲ့ရင်သွေးတွေမှ အရေးကြီးတာမဟုတ်ပါဘူး။ ကိုယ့်ကိုမွေးဖွားစောင့်ရှောက်ပေးခဲ့တဲ့ မေမေဖေဖေဖိုးဖိုးဖွားဖွားတို့ ကျန်းမာအာဟာရပြည့်ဝဖို့ ကလည်း အရေးကြီးပါတယ်နော်။ အရွယ်ရလာတာနဲ့အမျှ အာဟာရလိုအပ်ချက်မြင့်လာသလား အရွယ်ရောက်လာတာနဲ့အမျှ မဖြစ်ချင်ပေမယ့်လည်း အရိုးတွေရဲ့ သိပ်သည်းဆက ကျလာသလို ကြွက်သားတွေလည်း ဆုံးရှုံးစပြုလာပါပြီ။ မလိုအပ်ဘဲ ကြွက်သားနဲ့ အရိုးတွေဆုံးရှုံးမှုက လူကြီးတွေမှာ သွားလာရခက်ခဲစေနိုင်သလို ထိခိုက်ဒဏ်ရာရနိုင်ခြေကိုလည်း ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ ဒါ့အပြင်နောက်တစ်ခုက အရွယ်ရလာတာနဲ့အမျှ လူကြီးတွေက အသားအပါအဝင် အာဟာရရစေနိုင်တဲ့ […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေတို့အတွက် ကျန်းမာရေးလက်ဆောင်နဲ့ ဂါရဝပြုကြမယ်

ဝါလကင်းလွတ်တဲ့မြန်မာ့သီတင်းကျွတ်ကာလမှာ ချစ်ဖို့ကောင်းတဲ့ ဓလေ့ထုံးတမ်းတစ်ခုက ဘာဖြစ်မလဲ။ ကိုယ်တွေငယ်ငယ်တုန်းကမျှော်ခဲ့ရ၊ပျော်ခဲ့ရတဲ့အချိန်ပါနော်။ ကိုယ့်မိဘတင်မကဆွေမျိုးထဲက သက်ကြီးဝါကြီးတွေကို ချစ်ခင်လေးစားစိတ်နဲ့ ကန်တော့လက်ဆောင်ပေးကြတဲ့ဓလေ့ပါပဲ။ ကိုယ့်အိမ်က လူကြီးတွေကို အမျိုးတွေ လာကန်တော့ကြရင် ကိုယ်တွေမုန့်စားရသလို ကိုယ်တွေက သွားကန်တော့ကြရင် မုန့်ဖိုးတွေရတယ်လေ။ ဆီမီးတွေလင်းထိန်နေတဲ့ ညဘက်တွေမှာဆော့ရတယ်၊ သီတင်းကျွတ်ပွဲဈေးလျှောက်ဖို့ မိဘတွေကိုပူဆာရတာလည်းပျော်စရာ။ ဘာကြောင့်ပဲဆိုဆို လူကြီးမိဘတွေကို ကန်တော့လက်ဆောင်ပေးကြတဲ့ သီတင်းကျွတ်ရဲ့အစဉ်အလာက မိသားစုရဲ့အဓိပ္ပါယ်ပေါ်လွင်စေတဲ့ဓလေ့လေးဖြစ်ပါတယ်။ ကိုယ်တွေကြီးပြင်းလာတဲ့အခါကျတော့ရော ကလေးဘဝကလို ဒီပျော်စရာ၊ ချစ်စရာတွေမရှိတော့ဘူးလား။ပြန်တွေးကြည့်နော်။ ကိုယ်တိုင်ရှာတဲ့ငွေနဲ့ လူကြီးမိဘတွေအတွက် လိုအပ်မယ့်၊ အသုံးဝင်မယ့်ပစ္စည်းတွေဝယ်ပြီး အကောင်းဆုံးဖြည့်ဆည်းကန်တော့ရတာ အရင်ကထက် ပိုပျော်ဖို့ကောင်းမယ်ထင်တာပဲ။ ကလေးတုန်းကလို ကိုယ်မုန့်ဖိုးရဖို့ပဲတွေးမိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုအရာရာဂရုစိုက်ဖြည့်ဆည်းပေးခဲ့တဲ့ဖေဖေမေမေတို့အတွက် အကောင်းဆုံးကျန်းမာရေးလက်ဆောင်ကိုပြင်ဆင်ကန်တော့နိုင်တဲ့ ပီတိက ဘာနဲ့မှလဲမရပါဘူး။ အားလုံးမတတ်နိုင်ရင်တောင်မေမေတို့ရဲ့ကျန်းမာရေးအတွက် တစ်စုံတစ်ရာအထောက်အကူပေးမယ့်တစ်ခုခုကို ကန်တော့နိုင်မယ်ဆိုလည်း ဝမ်းသာစရာပါပဲ။ ဘာလေးတွေနဲ့ ကန်တော့ရကောင်းမလဲ တွေးရခက်နေတယ်ဆိုရင် ဒါလေးတွေရှိတယ်ဆိုတဲ့အကြောင်း Hello ဆရာဝန်က မေတ္တာနဲ့ အကြံပေးလိုက်ပါမယ်နော်- အာဟာရဖြည့်စွက်စာ အသက်ကြီးလာတာနဲ့အမျှ အစားစားနိုင်စွမ်းနည်းလာတယ်၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်