အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး
အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး ကတော့
Greeen teaလို့ ခေါ်ကြတဲ့ ဒီလက်ဖက်စိမ်းဟာ ကိုယ်အလေးချိန်ကို ကျစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိလည်း ရှိပါတယ်။ ဟားဗတ်က လေ့လာသူတွေ အဆိုအရ သူက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောကို တက်စေပါတယ်တဲ့။
သူ့မှာပါတဲ့ polyphenols ဒြပ်ပေါင်းက အူကနေ မကောင်းတဲ့ ကိုလက်စထရောကို စုပ်ယူတာကို တားပေးတဲ့အပြင် ခန္ဓာကိုယ်က မကောင်းတဲ့ ကိုလက်စထရောတွေ စွန့်ထုတ်တာကို ကူညီပေးပါတယ်တဲ့။ ဒါကြောင့် ခုကစပြီး လက်ဖက်စိမ်းကို အကျင့်လုပ်ပြီး စသောက်သင့်ပါပြီ။
အသက် ၄၅နှစ် ကျော်လာရင် တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ် အုတ်ဂျုံကို မနက်စာအနေနဲ့ စစားကြည့်ပါတော့။ ဘာလို့လည်း ဆိုတော့ သူ့မှာ အမျှင်ဓာတ်က LDLလို့ ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောကို ကျစေတယ်လေ။
အမျှင်ဓာတ်တွေက ကိုလက်စထရောကို သွားကပ်လိုက်တဲ့နည်းနဲ့ အူက မစုပ်အောင် တားဆီပေးတာပါ။ ကောင်းတဲ့ ကိုလက်စထရောတက်စေချင်တယ်ဆိုရင်တော့ အုတ်ဂျုံကို နေ့တိုင်းစားပေးသင့်ပါတယ်တဲ့။
နေ့တိုင်းစျေးထဲမှာ တွေ့နေပြီး လွယ်လွယ်ဝယ်လို့ရနေတဲ့ ခရမ်းသီးကိုလည်း အထင်မသေးလိုက်ပါနဲ့။ သူ့မှာပါတဲ့ anthocyanins က ရေတို မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။
ဒါ့ပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် အသက်ကြီးလာလို့ သွေးကြောတွေမာတာကို တားဆီးပေးတဲ့အတွက် နှလုံးရောဂါကို ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။
စျေးထဲမှာ ရှိတဲ့ ပစ္စည်းတွေထဲမှာ ပဲက အကောင်းဆုံး ဆီးချိုထိန်းဆေးပါပဲ။ လေ့လာချက် တစ်ခုမှာ ပြောထားတာက အမျှင်ဓာတ်ပါတာကို စားတာချင်း အတူတူ တစ်နေ့ကို ပဲတစ်ခွက်နဲ့ ၃လလောက် စားတဲ့ သူတွေက သွေးတွင်းအချိုဓာတ်နဲ့ ကိုယ်အလေးချိန်ကို ပိုပြီး ကောင်းကောင်း ထိန်းနိုင်ပါတယ်တဲ့။
ဒီထဲမှာ ဗိုလ်စားပဲက အကောင်းဆုံးဖြစ်ပြီး သကြားဓာတ်တွေ ရုတ်တရက်ထိုးတက်သွားတာကိုလည်း မဖြစ်စေပါဘူး။ တစ်ခုသတိထားရမှာက လတ်လတ်ဆတ်ဆတ် ချက်စားတဲ့ပဲက အသင့်စားပဲတွေထက် ပိုကောင်းပါတယ်။
ကန်စွန်းဥမှာ ပိုတက်စီယမ် ကြွယ်ဝစွာ ပါတာကြောင့် သွေးဖိအားများစေတဲ့ ဆားဓာတ် (ဆိုဒီယမ်)ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် carotenoidsလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။