သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အာဟာရဓာတ်လိုအပ်ချက်တွေ၊ ကယ်လိုရီလောင်ကျွမ်းတာတွေ ပြောင်းလဲလာပါတယ်။ သက်ကြီးအာဟာရနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ဒီမှာလေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးရွယ်အို အာဟာရ

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့

ဆောင်းရာသီရောက်ပေမယ့် ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်ချက်က ရှိနေတုန်းပါပဲ။ ဒါကြောင့် တခြားရာသီတွေလိုမျိုးပဲ ရေဓာတ်ဖြည့်ဖို့ လိုပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက်က ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတာ၊ အာဟာရချို့တဲ့တာတွေကို နည်းနည်းမှ ခံနိုင်စွမ်း မရှိတော့လို့ပါပဲ။ ဒါကြောင့် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့ ဆိုရင် အောက်ပါ အချက်တွေကို လုပ်ပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာရော ရေဓာတ်ဆုံးရှုံးနိုင်သေးလို့လား ဆောင်းတွင်းမှာ ချွေးမထွက်လို့ ရေဓာတ်မဆုံးရှုံးဘူးလို့ တွေးလို့ မရပါဘူး။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကနေ ရေဓာတ်က ပုံမှန်ဆုံးရှုံးနေသလို ကိုယ်သတိမထားမိတဲ့အချက်တွေကနေလည်း ရေဓာတ်ဆုံးရှုံးနိုင်ပါသေးတယ်။ ဘိုးဘိုးဘွားဘွားတွေဆိုရင်လည်း ဆောင်းတွင်းမှာ ရေဓာတ်ဆုံးရှုံးနိုင်တဲ့ အချက်တွေ အများကြီးပါ။ ဥပမာ ပြောရရင် ရာသီဥတု တောင်ပေါ်ဒေသတွေကလွဲရင် မြန်မာနိုင်ငံရဲ့ ဆောင်းက အရင်ကလို မအေးတော့ပါဘူး။ မနက်အစောပိုင်းနဲ့ ညဦးပိုင်းတွေလောက်ပဲ အေးပြီး […]

သက်ကြီးရွယ်အို အာဟာရ ကို ရှာဖွေမည်။

သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ အသားဓါတ် လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

အသားဓါတ် ဆိုတာ ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး။ ကိုယ်ခန္ဓါကြီးထွားဖို့ ၊ သန်စွမ်းဖို့၊ အရိုးသန်မာဖို့အတွက် ပရိုတင်းဓါတ်တွေက မရှိမဖြစ်ပါ။ ပရိုတင်းဓါတ်ဆိုတာကလည်း တကူးတက လိုက်ရှာနေစရာ မလို။ နေ့စဉ် စားလိုက်တဲ့ အသားတွေကနေ ပရိုတင်းဓါတ်ရနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ amino acid တွေက ခုခံအားေကာင်းအောင်၊ အရိုးသန်မာအောင် ၊ ကြွက်သားတွေ သန်မာကျစ်လစ်အောင် လုပ်ဆောင်ပေးပါတယ်။ အသက်ကြီးတဲ့ သူတွေနဲ့ လူငယ်တွေမှာ စားလိုက်တဲ့ အစားအသောက်တွေထဲက ပရိုတင်းကို စုပ်ယူတာခြင်း မတူပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓါ အတွက် လိုအပ်တဲ့ ပရိုတင်း ပမာဏကလည်း အသက်အရွယ်နဲ့ လိုက်ပြီး ကွဲသွားပါတယ်။ ပြီးတော့အသက်ကြီးတဲ့လူတွေက လူငယ်တွေထက် ပရိုတင်းရဖို့ ပိုလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကြည့်ရအောင်။ အသက်ကြီးလာရင် ပရိုတင်းတွေ ဘာကြောင့် နည်းလာရတာလဲ။ […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးသူတွေ အာဟာရပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ

လူငယ်ဘဝမှာ စားကောင်းတာလေး၊ ကိုယ်ကြိုက်တဲ့အစားအစာလေးတွေဆိုရင် ငယ်တုန်းမို့စားရတာ လို့ပြောပြောပြီး များများစားလိုက်ရမှ။ တကယ်လည်းဟုတ်ပါတယ်။ ငယ်ရွယ်တုန်းမှာ ဘာစားစား အားပြည့်နေတာပဲ၊ သွားလည်းကောင်းတာကိုး။ အသက်ကြီးလာတဲ့အခါ သွားမကောင်းတာရယ်၊ရောဂါကြောင့် မတည့်တာရှောင်ရတာတွေရယ်၊ အစားစားချင်စိတ်က မတူတော့တာရယ်ကြောင့် သိပ်မစားနိုင်တော့ပါဘူး။ ငါကတော့ ဟင်းသိပ်မစားနိုင်ဘူး၊ ခံတွင်းတွေ့မယ့်ဟင်းတစ်မျိုးဆိုရပြီလို့ လူကြီးမိဘတွေပြောတတ်ကြတယ်။ အစားနည်းလာတယ်၊ အစာကြေဖို့ သိပ်မလွယ်တော့ဘူးဆိုတော့ တစ်နေ့တာလိုအပ်တဲ့အာဟာရတွေပြည့်နိုင်ပါ့မလား။ ဆီးချိုရှိတဲ့လူကြီးတွေဆို ပိုဆိုးပါတယ်။ စားချင်စိတ်ရှိတာတောင် အချိုဓါတ်မလွန်ကဲစေဖို့ရှောင်ကြရင်း အစားအသောက်ဘက်မှာဘောင်ကျဉ်းလာတဲ့အခါ အားဖြည့်အာဟာရတွေ၊ အားဆေးတွေကို အားကိုးလာရပါတယ်။ ခန္ဓါကိုယ်မှာရှိသင့်တဲ့ အာဟာရဓါတ်တွေချို့တဲ့လာတဲ့အခါ လူကြီးတွေရဲ့ကျန်းမာရေးမှာ စိုးရိမ်စရာတွေရှိလာနိုင်ပါတယ် - ကိုယ်ခံအားနည်းလာလို့ရောဂါပိုးတွေကူးစက်ခံရလွယ်နိုင်တယ်။ အနာဖြစ်ရင်တော်တော်နဲ့ပြန်မကျက်ဘူး။ ကြွက်သားတွေအားနည်းလာတယ်၊ အရိုးပွလာနိုင်တယ်။ အဲဒီကနေချော်လဲတာ၊အရိုးကျိုးအက်တာတွေဖြစ်လာနိုင်တယ်။ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းလာတယ်။ လုံးဝအားမရှိသလို ပင်ပန်းနွမ်းလျခြင်း၊ အားကုန်မောပန်းခြင်း ခံစားရနိုင်တယ်။ စိတ်သွားတိုင်းခန္ဓါကိုယ်ကမလှုပ်ရှားနိုင်တော့ စိတ်ဓါတ်ကျလာတယ်။ သွေးအားနည်းလာတယ်။ မှတ်ဉာဏ်လျော့နည်းလာတယ်။ ဒါတွေက အာဟာရချို့တဲ့ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာနဲ့ဖြစ်နိုင်ခြေတွေပါ။ ဒါတွေအပြင် အစားစားဖို့ငြင်းဆန်လာတာ၊ အစာစားချင်စိတ်မရှိတာတွေအထိဖြစ်လာခဲ့ရင် […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေသက်လုံကောင်းစေဖို့နဲ့ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ

လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျှောက်မှာ သားသမီးတွေရှိခဲ့နိုင်တယ်၊ ခွဲစိတ်မှုတွေခံယူခဲ့ဖူးနိုင်တယ်၊ ဝခဲ့ဖူးမယ်၊ ပိန်ခဲ့ဖူးနိုင်တယ်၊ ထိခိုက်ဒဏ်ရာတွေခံစားရဖူးနိုင်တယ် ဒါမှမဟုတ် အသက်အန္တရာယ်ကြုံခဲ့ရတဲ့ရောဂါတွေ ရင်ဆိုင်ခဲ့ရနိုင်တယ်။ အသက်ကြီးလာတဲ့အခါကျရင်တော့ ဟော်မုန်းတွေအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ခန္ဓါကိုယ်မှာ ဖြစ်လာတဲ့ပြောင်းလဲမှုအမျိုးမျိုးကို မလွှဲမရှောင်သာ လက်ခံပေးရမှာပါ။ ဒါ့ကြောင့် ကျန်းကျန်းမာမာနဲ့ ခွန်အားပြည့်ဝစွာနေနိုင်ဖို့ လျှို့ဝှက်ချက်ကို လူကြီးမိဘတွေနဲ့ သူတို့ရဲ့စောင့်ရှောက်သူတွေက လိုလားတောင့်တနေကြတာဖြစ်ပါတယ်။ ဒီအကြံပြုချက်လေးတွေကို ဖတ်ကြည့်ပါ၊ အထောက်အကူဖြစ်စေပါလိမ့်မယ်။   အိပ်ရေးဝဝအိပ်ပါ တိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ နည်းပညာပစ္စည်းတွေသုံးစွဲမှုများလာပြီး မိုဘိုင်းဖုန်း၊ တီဗီ၊ ကွန်ပျူတာတွေမရှိတဲ့ အိမ်ဆိုတာ မရှိသလာက်ပါပဲ။ ဒါ့အပြင် တီဗီကြိုက်တဲ့ လူကြီးမိဘတွေဆိုရင်တော့ အိပ်ရေးဝဝအိပ်နိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ အိပ်ရေးပျက်ထားတဲ့လူဟာနောက်တစ်နေ့မှာခေါင်းမူးနေမယ်၊ အာရုံပျံ့လွင့်လွယ်တယ်၊တစ်နေ့တာလုံး အားနည်းသလို နုံးသလိုခံစားနေရတတ်ပါတယ်။ အသက်ကြီးသူတွေမှာဆို ဒီအခြေအနေတွေက ပိုဆိုးနိုင်ပါတယ်။ အသက်ကြီးလာပြီဆိုရင် ခန္ဓါကိုယ်က အရင်ကလို ဒူပေနာပေခံနိုင်တော့မှာမဟုတ်ဘဲ အိပ်ရေးလေးပျက်ရုံနဲ့ ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းခြင်း၊ကြွက်သားအားလျော့ခြင်း၊ ခံနိုင်ရည်လျော့ကျခြင်း၊နဲ့ အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ ယိုယွင်းပျက်စီးလာခြင်းတို့လို […]


သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေကို နှလုံးကျန်းမာစေနိုင်မယ့် စားသောက်နည်းလမ်းညွှန်

အသက်ကြီးရင့်လာတဲ့သူတိုင်း နှလုံးရောဂါကိုရှောင်လွှဲလို့မရဘူးဆိုတဲ့ လူတော်တော်များများလက်ခံထားတဲ့ အယူအဆကိုငြင်းပယ်ချင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးရောဂါခံစားရနိုင်ခြေက ပိုများလာနေတယ်ဆိုပေမယ့် သက်ကြီးရွယ်အိုတိုင်း နှလုံးရောဂါကြောင့်သေဆုံးကြတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံက အသက်ကြီးတဲ့သူတွေကို နှလုံးကျန်းမာနေစေအောင် အထောက်အကူပြုပေးနိုင်ပါတယ်။   နှလုံးရောဂါရှိနေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ နှလုံးရောဂါဆိုတာက နှလုံးကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကိုဆိုလိုချင်တာပါ။ နှလုံးရောဂါကဖြစ်နေတယ်ဆိုရင်တောင် အချိန်တော်တော်ကြာတဲ့ အထိသတိမထားမိဘဲဖြစ်နေနိုင်ပါတယ်။ လူတော်တော်များများက ရုတ်တရက်နှလုံးရပ်သွားတာမျိုး လက္ခဏာတွေခံစားရပြီးတဲ့နောက်မှ သူတို့မှာနှလုံးရောဂါရှိနေတယ်ဆိုတာကို ရိပ်စားမိကြတာပါ။ ရုတ်တရက်နှလုံးရပ်သွားတဲ့ရောဂါရဲ့ သတိပေးလက္ခဏာရပ်တွေကတော့ အားနည်းတာ၊ခေါင်းထဲမှာ မူးဝေဝေဖြစ်နေတာ၊ အသက်ရှုကျပ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊ အစာမကြေတာ၊ ရင်ဘတ်အောင့်တာ၊သွေးတိုးတာ၊ချွေးထွက်တာ၊ ဇက်ကြောထဲက ပုံမှန်မဟုတ်ဘဲ နာကျင်တာ၊ ပခုံးနဲ့လက်မောင်းနာကျင်တာ၊ နှလုံးခုန်မမှန်တာလိုမျိုးတွေပါ။ တကယ်လို့များ အခုဖော်ပြခဲ့တဲ့ လက္ခဏာမျိုးတွေဖြစ်နေပြီဆိုရင်မြန်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူ ဖို့လုပ်ဆောင်ပါ။ တစ်ချိန်တည်းမှာပဲ အခုဖော်ပြပေးမယ့်အချက်လေးတွေအတိုင်း နှလုံးကျန်းမာအောင်ကာကွယ်နိုင်ပါတယ်။   ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ အသက်ကြီးတဲ့သူတွေမှာ ကယ်လိုရီက အများကြီးမလိုအပ်ဘူးဆိုပေမယ့် သူတို့ခန္ဓါကိုယ်က အာဟာရဓါတ်များများရဖို့တော့ လိုအပ်ပါသေးတယ်။ အကြံပြုချင်တာကတော့ လူကြီးမိဘတွေကို အရောင်စိုစိုရှိတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ

အသက်ကြီးလာတဲ့အခါ အစားအသောက်ပျက်လာတာ၊ အကြိုက်တွေပြောင်းလဲလာတာတွေ ဖြစ်လာမှာပါပဲ။ ဇရာဆိုတာရှောင်လွှဲလို့မရတဲ့ သဘာဝပါ။ ဒါပေမယ့် ထိုက်သင့်တဲ့ အာဟာရဓာတ်ရရှိဖို့က အသက်အရွယ်အပိုင်းအခြား အားလုံးအတွက်၊ အထူးသဖြင့် သက်ကြီးပိုင်းတွေအတွက် အဓိကအရေးပါတာကြောင့် စောင့်ရှောက်သူတွေအနေနဲ့ လူကြီးတွေကို အစာစားချင်စိတ်ပိုဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။ ဒီတော့ လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လူကြီးမိဘတွေ ဘာကြောင့် ခံတွင်းပျက်ကြတာလဲ အထက်မှာဖော်ပြခဲ့သလိုပဲ အစာစားချင်စိတ် နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် - ရောဂါအခံတချို့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ ဆိုတော့ အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့ တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ် လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့အခြေအနေက သက်ရောက်မှုကြီးမားတတ်ပါတယ်။ ၂၀၀၃ […]


သက်ကြီးရွယ်အို အာဟာရ

မိဘများအတွက် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့အစားအသောက်များ

အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကအစားအစာတွေကိုစားဖို့ အကြောင်းအမျိုးမျိုးပြပြီးငြင်းပယ်တတ်ကြပါတယ်။ အဲ့လိုမျိုး အစားအသောက်တွေစားဖို့ငြင်းပယ်တာကနေ တစ်ခါတလေမှာ အစာချေစနစ်က ပုံမှန်အလုပ်လုပ်မလုပ်နိုင်တာမျိုးကိုဖြစ်သွားစေနိုင်ပါတယ်။ ပထမဆုံးစဉ်းစားရမယ့်အချက်က မိဘတွေမှာရောဂါအခံတစ်ခုခုရှိနေတာလား၊သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဆိုးကျိုးတစ်ခုခုခံစားနေရတာလားဆိုတာနဲ့ ခံတွင်းနဲ့သွားမှာပြဿနာတစ်ခုခုရှိနေတာလားဆိုတာပါ။ သင့်မိဘတွေအနေနဲ့ အစာကြေချက်နိုင်မှုအားနည်းရတာက အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေကြောင့်မဟုတ်ဘူးလို့သိရပြီဆိုရင် သင့်အနေနဲ့ သင့်မိဘတွေကို အစာကြေလွယ်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို စတင်စမ်းသပ်ကြည့်ရပါမယ်။   နည်းနည်းစားရုံနဲ့ အာဟာရများများရနိုင်မယ့်အစားအသောက်တွေကိုပြင်ဆင်ပေးပါ အချို့လူကြီးတွေက သူတို့ကို အစားအသောက်တွေအများကြီးပြင်ဆင်ပေးထားရင် စိတ်ဖိစီးပြီး စားချင်စိတ်မရှိတာမျိုးတွေဖြစ်တတ်ပါတယ်။ မိဘတွေကို ပန်းကန်အကြီးကြီးတွေ၊ပန်းကန်လုံးအကြီးကြီးတွေနဲ့ပြင်ဆင်ပေးတာမျိုးကိုမလုပ်ပါနဲ့။ ပန်းကန်သေးသေးလေးတွေနဲ့ စားနိုင်ရုံပမာဏလောက်မျိုးပဲပြင်ဆင်ပေးပါ။ ပန်းကန်အကြီးကြီးနဲ့ ၃ ပွဲစာပြင်ပေးမယ့်အစား ပန်းကန်သေးသေးလေးနဲ့ ၆ ပွဲစာပြင်ဆင်ပေး လိုက်ပါ။ တစ်ကြိမ်ကို အစားအသောက်နည်းနည်းစီပဲစားပေးတာက အစာမကြေတာမျိုးဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်သလို လေပွတာ၊ စားချဉ့်ပြန်တာလိုမျိုး အစာချေစနစ်နဲ့ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ စားချင်စိတ်ဖြစ်လာစေမယ့် အစားအစာတွေကိုလည်းပြင်ဆင်ပေးပါ။ သင့်အနေနဲ့ လူကြီးမိဘတွေမှာ အစားနည်းနည်းပဲစားတာကြောင့် အာဟာရလုံလုံလောက်လောက်မရမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါထောပတ်သီး၊သေသေချာချာနုတ်နုတ်စဉ်းထားတဲ့ အသား၊ ချိစ်၊ဥအမျိုးမျိုး၊ သံလွင်ဆီ၊မြေပဲထောပတ် (သို့မဟုတ်) […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာချိန်ကြုံတွေ့ရတဲ့အာဟာရဆိုင်ရာပြဿနာများ

လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အာဟာရဓါတ်ရရှိမှုနဲ့ပတ်သက်တဲ့ပြဿနာများစွာနဲ့ရင်ဆိုင်လာကြရပါတယ်။ အဲ့ဒီကနေမှ ကိုယ်ခံအားစနစ်ချို့ယွင်းလာတာ၊ အားနည်းလာတာ၊ အမျိုးအစား၂ ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ နှလုံးရောဂါတို့လို ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။   လူကြီးတွေမှာအဖြစ်များတဲ့ အာဟာရဆိုင်ရာပြဿနာများ ကိုယ်အလေးချိန်ထိန်းခြင်း သက်ကြီးပိုင်းအတော်များများက ကိုယ်အလေးချိန်ကို ပုံသေထိန်းထားနိုင်ဖို့မလွယ်လှပါဘူး။ ခန္ဓါကိုယ်က အိုမင်းလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်းလုပ်ဆောင်ချက်နည်းလာပါတယ်။ ဒါဟာ ခန္ဓါကိုယ်က အရင်ကထက် ကယ်လိုရီလောင်ကျွမ်းမှုနည်းလာတာပဲဖြစ်ပါတယ်။ အသက်ကကြီးလာတော့ ကိုယ်လက်လှုပ်ရှားမှုကလည်းနည်းလာပါတယ်။ ဒီနှစ်ချက်ပေါင်းသွားတဲ့အခါ အဝလွန်ခြင်းဘက်ကို ဦးတည်လာစေပါတယ်။ တဖက်မှာလည်း တချို့လူကြီးတွေမှာ အစာစားချင်စိတ်မရှိတာတွေ၊ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရတာအပြင် အစာဝင်တာနည်းလာခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်နိုင်ခြေပိုများစေပါတယ်။   အရသာခံနိုင်စွမ်း လူကြီးတွေမှာ အဖြစ်များတဲ့ပြဿနာက အငန်နဲ့အချိုကို အရသာခံနိုင်စွမ်းအားနည်းလာတာပဲဖြစ်ပါတယ်။ ချိုနေမှန်းမသိ၊ ငန်နေမှန်းမသိတဲ့အခါ အစားအစာထဲမှာ အငန်ပိုထည့်မိလာပြီး ကြာလာရင်သွေးတိုးရောဂါဖြစ်လာနိုင်ပါတယ်။ အလားတူပဲ ချိုတဲ့အစားအစာတွေကို စားချင်စိတ်ပိုဖြစ်လာပြီး အချိုရည်တွေပိုသောက်မိနိုင်ပါတယ်။   ရေဓါတ်ဆုံးရှုံးခြင်း အသက်ကြီးရင့်လာတာနဲ့အမျှ ခန္ဓါကိုယ်ကရေဓါတ်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲရေဆာနေတာကိုလည်း သတိမထားမိကြတဲ့အခါရေသောက်နည်းလာပါတယ်။ တချို့ကဆို ကိုယ့်ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးရင်ဘာဖြစ်လာနိုင်မလဲဆိုတာသေချာမသိဘဲ ဆီးအိမ်မှာ လုပ်ဆောင်ချက်လွန်ကဲလာမှာကို စိုးရိမ်ပြီးရေသိပ်မသောက်ဖို့တောင်သေချာသတိထားကြတာရှိပါတယ်။ရေသောက်နည်းခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကတော့ ဝမ်းချုပ်ခြင်း၊ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊သွေးဖိအားကျခြင်း၊ နှလုံးခုန်မြန်ခြင်းကနေ တက်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းနဲ့ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေအတွက် အသင့်တော်ဆုံး အားဆေးရွေးချယ်ခြင်း

အားဆေးလို့ပြောလိုက်တာနဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကိုပဲ စဉ်းစားမိကြလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ဆေးဝါးလောကမှာတော့ ဗီတာမင်၊ သတ္ထုဓါတ်၊အမျှင်ဓါတ်၊ အမိုင်နိုအက်စစ်၊ သဘာဝဆေးပင်၊ဟော်မုန်းတွေပါ ဝင်တဲ့ ဓါတ်စာအားဆေးအမျိုးမျိုးကို ဖော်စပ်ထုတ်လုပ်နေကြပါပြီ။ အားဆေးတွေကို သောက်ဆေး၊ ဆေးတောင့်၊ အမှုန့်၊ဂျယ်လ်ဆေးပြား၊အဆီ သို့မဟုတ် ဆေးရည်အသွင်တို့နဲ့ရရှိနိုင်သလို တခါတရံ အသင့်သောက်သုံးနိုင်တဲ့ အားဖြည့်အာဟာရဘူး သို့မဟုတ် အချောင်းပုံစံနဲ့လည်းရရှိနိုင်ပါတယ်။   ဘယ်သူတွေမှာ အားဆေးသောက်ဖို့လိုအပ်သလဲ အားဆေးကြော်ငြာတွေကတော့ ပိုကျန်းမာစေမယ်၊ နေမကောင်းမဖြစ်အောင်ကာကွယ်ပေးမယ်၊ အသက်တောင်ပိုရှည်စေမယ်လို့ ကတိတွေပေးနေပါတယ်။ အမှန်တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလို တချို့အားဆေးတွေက လူကိုထိခိုက်စေနိုင်ပါတယ်။ တချို့ကျတော့ ကျန်းမာရေးအကျိုးကျေးဇူးမပေးနိုင်တာ ကြောင့် ငွေဖြုန်းတီးသလိုဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မိဘက အားဆေးသောက်ဖို့လိုအပ်နေသလားဆိုတာ သိရဖို့ ဆရာဝန်နဲ့ပြသဆွေးနွေးပါ။ မိတ်ဆွေ၊ အပေါင်းအသင်း၊ အိမ်နီးချင်း၊ ဒါမှမဟုတ် စီးပွားရေးသမား တစ်ယောက်ရဲ့အကြံပြုချက်စကားနဲ့ပဲ ကိုယ့်ရဲ့ လူကြီးမိဘတွေကို အားဆေးမတိုက်သင့်ပါဘူး။   ကိုယ့်မိဘကအားဆေးသောက်ဖို့လိုနေပြီလား၊ သောက်ရင်ဘေးကင်းပါ့မလား၊ ဘယ်လောက်သောက်ဖို့ လိုအပ်သလဲ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကတော့ အစားအစာတွေထဲမှာသဘာဝအတိုင်းပါရှိတဲ့ အာဟာရတွေပါ။ […]


သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ

သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ က ဘာတွေဖြစ်မလဲ။ အသက်ကြီးလာတာနဲ့အမျှ လုံလောက်တဲ့ အာဟာရ ရရှိမှုက စိန်ခေါ်မှု တစ်ရပ် ဖြစ်လို့ လာပါတယ်။ အသက်အရွယ်ရလာမှုနဲ့အတူ စားနိုင်စွမ်းနည်းလာတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီရရှိမှုပမာဏက စတင်ကျဆင်းလာပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်က အရေးပါတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းလည်း လျော့ကျသွားပါတယ်။ ဒီလိုနဲ့ အားအင်ချိနဲ့ပြီး တက်တက်ကြွကြွ မရှိတော့ပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ ကို ဖြည့်စွက်ကျွေးသင့်ပါတယ်။ သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ ကတော့ ဗီတာမင် B 12 B 12 က သွေးနီဥဆဲလ်တွေနဲ့ ဒီအန်အေတွေ ဖြစ်တည်မှုအတွက် အရေးပါသလို ကျန်းမာတဲ့ အာရုံကြော လုပ်ဆောင်မှုတွေကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့သူတွေအတွက် ဗီတာမင် ဘီတွဲ အလုံအလောက် ရရှိနိုင်ဖို့ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

အာဟာရချို့တဲ့တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအစာတွေကနေ အာဟာရဓာတ် အပြည့်အဝ မရရှိတာ ဖြစ်ပါတယ်။ အာဟာရဓာတ်တွေဆိုတာ ခန္ဓာကိုယ်ကို အားဖြစ်စေမယ့် အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ကို ကြီးထွားစေ၊ တစ်ရှူးတွေပြန်လည် ကောင်းမွန်စေပြီး အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတို့လို လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် အာဟာရချို့တဲ့လာပါတယ်။ လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့ ဘာတွေ သိထားဖို့ လိုမလဲ။ အာဟာရချို့တဲ့လာစေတဲ့ အကြောင်းရင်း အာဟာရချို့တဲ့ခြင်းဟာ သက်ကြီးပိုင်းအရွယ်တွေအတွက် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တာကြောင့် ကိုယ်ချစ်ခင်ရတဲ့မိဘတွေ လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့ အတွက် အာဟာရချို့တဲ့မှု လက္ခဏာတွေကို သိထားသင့်ပါတယ်။ အာဟာရချို့တဲ့မှုရဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိနိုင်ပါတယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါင်းစုပြီးတော့လည်း ဖြစ်စေတတ်ပါတယ်။ ဥပမာ- […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်