အခြေခံအချက်များ
မှန်ပြောင်းမှတဆင့် အစာအိမ်ကွင်းစည်းခြင်းဆိုတာ ဘာလဲ
အစာအိမ်ကွင်းစည်းခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ရေရှည်အထောက်အကူ ပြုပါတယ်။ ဘယ်လောက်ထိ အောင်မြင်မယ်ဆိုတာ အစားစားတဲ့ပုံစံအသစ်နဲ့ ပုံမှန်လေ့ကျင့်ခန်း ဘယ်လောက်လုပ်ဖြစ်တယ် ဆိုတဲ့ အပေါ် မူတည်ပါတယ်။ ဒီအစီအစဉ်မှာ အလျော့အတင်းလုပ်နိုင်တဲ့ ဆီလီကွန်ကွင်းကို အစာအိမ်အပေါ်ပိုင်းကို ထည့်သွင်းခြင်း ပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်လာစေပါတယ်။