• အသားဝါတာ၊
• အပြင်းဖျားတာ
• လည်ချောင်းနာတာမျိုးတွေဖြစ်ရင် လုံးဝမပေ့ါဆသင့်ပါ။
ဒီဆေးတွေကို အနည်းဆုံး ၂ နှစ်အထိ စွဲသောက်ရမှာ ဖြစ်ပြီး လုံးဝ ပျောက်သွားမယ့် ရာခိုင်နှုန်းနဲ့ ဆေးဖြတ်လိုက်ရင် hyperthyroidism ပြန်ဖြစ်မယ့်ရာခိုင်နှုန်းက ၅၀း၅၀ ရှိနေပါတယ်။ ၂ နှစ်ပြည့်ချိန်ပျောက်သွားလို့ ဆေးဖြတ်လိုက်ပေမယ့် ပြန်ဖြစ်လာတဲ့အခါ ဒီဆေးပဲ ဆက်သောက်မလား အောက်မှ ာဖော်ပြမယ့် အခြားကုသနည်းတွေ လုပ်မလားဆိုတာ စဉ်းစားရတော့မှာပါ။
( ၂ ) Radioactive iodine treatment
ဒီကုသနည်းကတော့ အပေါ်မှာပြောထားတဲ Anti- thyroid drugs တွေနဲ့ မနိုင်တော့တာ၊ Anti- thyroid drugs
ဆေးတွေဖြတ်ပြီးချိန် hyperthyroidism ပြန်ဖြစ်တဲ့အခါမျိုးမှာ ဒီကုသနည်းကို စဉ်စားပါတယ်။ ဒီကုသနည်းကလည်း အာနည်းချက်ရော အားသာချက်ရောရှိတဲ့ကုသနည်းပါ။
အားသာချက်ကတော့
• သောက်လိုက်တဲ့ Radioactive iodine တွေကို စုပ်ယူတာ သိုင်းရွိုက်ဂလင်းတစ်ခုတည်းရှိတဲ့အတွက်ကြောင့် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထိခိုက်မှာ မဟုတ်ပါဘူး။
• နောက်ပြီး Radioactive iodine ကို စုပ်ယူလိုက်တဲ့ သိုင်းရွိုက်ဆဲလ်လေးဟာ ပျက်စီးခံလိုက်ရတဲ့အတွက် hyperthyroidism ပြန်ဖြစ်ဖို့ အလားအလာနည်းသွားပါတယ်။
• အကြာကြီးစွဲသောက်စရာမလိုဘဲ အများဆုံး ၂ လလောက်နဲ့တင်ဖြစ်နေတဲ့ သိုင်းရွိုက်ပြဿနာတွေကို ဖြေရှင်းပေးမှာပါ။
အားနည်းချက်
• အားနည်းချက်ကတော့ Radioactive iodine က သိုင်းရွိုက်ဆဲလ်တွေကို လုံးဝဖျက်ဆီးလိုက်တာ ဖြစ်တဲ့အတွက် အများကြီးဖျက်ဆီးလိုက်မိတဲ့အခါမျိုးမှာ သိုင်းရွိုက်ဟော်မုန်းတွေ လုံဝ မထုတ်နိုင်တော့တာဖြစ်တဲ့ hypothyroidism အထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါကျ သိုင်းရွိုက်ဟေ်ာမုန်းလုံးဝမထုတ်နိုင်တော့တာကြောင့် အပြင်ကနေ သိုင်းရွိုက်ဟော်မုန်းဆေးတွေ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်
( ၃ ) သိုင်းရွိုက်ဂလင်းအား ခွဲစိတ်ဖယ်ထုတ်ခြင်း။
hyperthyroidism အတွက် နောက်ကုသနည်းတစ်မျိုးကတော့ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ခွဲစိတ်တ့နေရာမှာ သိုင်းရွိုက်တစ်ခုလုံးကို ထုတ်မှာလား အစိတ်အပိုင်းလေး တစ်ခုကိုပဲ ခွဲစိတ်ပြီးထုတ်မှာလားဆိုတာ ရှိပါသေတယ်။ ဂလင်းတစ်ခုလုံးထုတ်လိုက်ရင် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်နိုင်တော့မှာမဟုတ်တော့လို့ hypothyroidism ကို ကာကွယ်ဖို့ အပြင်ကနေ သိုင်းရွိုက်ဟော်မုန်းဆေးတွေ ပြန်သောက်ရမှာဖြစ်ပြီး အစိတ်အပိုင်း နည်းနည်းလောက်ပိုပဲ ထုတ်မယ်ဆိုရင်တော့ ဟော်မုန်းဆေးတွေ ပြန်သောက်ဖို့ မလိုအပ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။