သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ကတော့
သားအိမ်ခြစ်တယ် ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာ သားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတွေမှာ သွားပြီး လုပ်မှရတာပါ။
သားအိမ်ခြစ်တာကို ဆေးကုသမှုတစ်ခု အနေနဲ့ရော ၊ ရောဂါကို စစ်ဆေးအဖြေရှာဖို့အတွက်ရော အသုံးပြုကြပါတယ်။ သားအိမ်ခြစ်ဖို့ မခြစ်ဖို့ဆိုတာ ဆရာဝန်တွေကသာ ဆုံးဖြတ်ပါတယ်။ သားအိမ်ခြစ်ပြီး ရောဂါကို အဖြေရှာ၊ ရောဂါကို ကုသသင့်တဲ့ အခြေအနေတွေကတော့
သင့်ဆရာဝန်တွေကနေပြီးတော့ သားအိမ်မခြစ်ခင် လိုက်နာရမယ့် အချက်အလက်တွေကို သင့်ကိုကြိုပေးမှာဖြစ်ပြီး သင့်အနေနဲ့တိတိကျကျလိုက်နာဖို့လိုပါတယ်။ ဆေးရုံကို သားအိမ်ခြစ်ဖို့ သွားတဲ့အခါမှာလည်း အနည်းဆုံး အဖော်တစ်ယောက်လောက်ပါသင့်ပါတယ်။
သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာ ဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။
သားအိမ်ခြစ်တယ်ဆိုတာ အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိသလောက်ရှားတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း အခန့်မသင့်ရင်တော့ ဖြစ်တတ်တဲ့ တချို့ဆိုးကျိုးလေးတွေရှိပါတယ်။ ဒါတွေကတော့
Asherman’s syndrome ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းသာစရာတစ်ခုကတော့ Asherman’s syndrome ဟာ မဖြစ်သလောက်ကိုရှားတဲ့ ဆိုးကျိုးတစ်ခုပါ။
ဒါတွေကတော့ သားအိမ်ခြစ်တာနဲ့ ပက်သက်ပြီး သိထားသင့်တဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။