ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  Mammograms ဆိုတာ ဘာလဲ! Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Uplift (ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း)

ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုဖြစ်ပြီး ရင်သားမှာ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ပုံသွင်းခြင်း ဖြစ်ပါတယ်။ အရေပြားနဲ့ တစ်သျှူးများကို ငယ်စဉ်ကလိုပဲ တင်းရင်းအောင် ပြန်လည်ပြုပြင် ခွဲစိတ်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နို့သီးခေါင်းပတ်လည်က တဖြည်းဖြည်း ကြီးထွားလာတဲ့ အရောင်မည်းခြင်းကို လျှော့ချနိုင်ပါတယ်။ ရင်သားလျော့ရဲစေတဲ့ အကြောင်းရင်းတွေကတော့ - ကိုယ်ဝန်ရှိခြင်း - ကလေးနို့တိုက်နေခြင်း - ကိုယ်အလေးချိန် အတက်အျကရှိခြင်း - အသက်အရွယ်ကြီးလာခြင်း - မြေဆွဲအား - မျိုးရိုးလိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။   ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း ဘာကြောင့် ပြုလုပ်သလဲ ကိုယ်ဝန်ရှိချိန်၊ နို့တိုက်ချိန်၊ ကိုယ်အလေးချိန် ကျချိန်တွေမှာ ရင်သားတင်းရင်းခြင်းကို အဓိက ပျက်စီးစေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတာနဲ့အမျှ ရင်သားတွေဟာ လျော့ရဲ့လာပါတယ်။ အောက်ပါအခြေအနေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ရင်သားခွဲစိတ်ခြင်းကို လုပ်ဆောင်ပါတယ်။ - ရင်သားနှစ်ဘက် လျော့ရဲတွဲကျနေခြင်း - ရင်သားများ ပျော့အိလျော့ရဲကာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Caesarean Section (ဗိုက်ခွဲမွေးဖွားခြင်း)

အခြေခံအကြောင်းအရာများဗိုက်ခွဲမွေးဖွားခြင်း (C-Section) ဆိုတာဘာလဲ ဗိုက်ခွဲမွေးဖွားခြင်း (C-Section)ဆိုတာ ဝမ်းဗိုက်ကို ခွဲစိတ်ခြင်းအားဖြင့် ကလေးမွေးဖွားစေတဲ့ ခွဲစိတ်မှု တခုပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ပုံမှန်လမ်းကြောင်းကနေ ကလေးမွေးဖွားဖို့ ခက်ခဲတဲ့အခါ ဗိုက်ခွဲမွေးဖွားကြပါတယ်။ ယခင်က ခွဲစိတ်ဖူးရင်လည်း ထပ်မံခွဲစိတ်ရတတ်ပါတယ်။ ပထမဆုံးအကြိမ် ကလေးမွေးတာဆိုရင်တော့ ဗိုက်ခွဲမွေးဖို့ ကိစ္စကို မွေးခန်းထဲမှာ ဆရာဝန်ကပဲ ဆုံးဖြတ်တတ် ကြပါတယ်။ ဗိုက်ခွဲမွေးဖွားခြင်း ဘာကြောင့် လုပ်ဆောင်သလဲ တခါတရံမှာ ဗိုက်ခွဲမွေးဖွားဟာ ဘေးအကင်းဆုံးနည်း ဖြစ်ပါတယ်။ အောက်ပါ အခြေအနေတွေမှာ ဆရာဝန်ဟာ ဗိုက်ခွဲပြီး မွေးပေးနိုင်ပါတယ်။ ကလေးအနေအထား မမှန်ခြင်း ကလေး ဖွံ့ဖြိုးမှုသိပ်မရှိခြင်း၊ အားနည်းခြင်း အချင်းရှေ့ရောက်ခြင်း ဗိုက်ခွဲမွေးဖူးခြင်း ကလေးများများမွေးဖူးခြင်း အခြားပြသနာများရှိပြီး ဗိုက်ခွဲမွေးခြင်းသည် ပိုမိုသင့်တော်ခြင်း သွေးတိုး၊ ဆီးချို စသည့် ရောဂါတမျိုးမျိုးကြောင့် ရိုးရိုးမွေးဖွားစဉ် ပြသနာရှိနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်များဗိုက်ခွဲမွေးဖွားခြင်း ရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ ဗိုက်ခွဲမွေးဖွားခြင်းကို ယနေ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပါတယ်။ ဒီနည်းဟာ ကလေးနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Carpal Tunnel Surgery (ကာပယ်လ်တန်နယ်လ်ရောဂါလက္ခဏာစု ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Carpal tunnel ရောဂါလက္ခဏာစုဟာ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ထုံနေစေပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ဒီလက္ခဏာတွေကို သက်သာစေပြီး အာရုံကြော အမြဲတမ်းပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ Carpal tunnel ရောဂါလက္ခဏာစု ဆိုတာ ဘာလဲ လက်ကောက်ဝတ်နဲ့ လက်ရဲ့ ခံစားမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ median အာရုံကြောအပေါ် ဖိအားဖြစ်စေတဲ့အခါ ဒီပြသနာဖြစ်တတ်ပါတယ်။ အဲ့ဒီအာရုံကြောဟာ လက်ကောက်ဝတ်အတွင်းက carpal tunnel လို့ခေါ်တဲ့ လမ်းကြောင်းအတွင်းမှာ တခြားကြွက်သားအရွတ်တွေနဲ့အတူ တည်ရှိပါတယ်။ အကြောင်းရင်းများခွဲစိတ်မှုရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ခွဲစိတ်မှုရဲ့ ရည်ရွယ်ချက်က median အာရုံကြောပေါ် ဖိအားဖြစ်စေတဲ့ အရွတ်တွေကို ခွဲစိတ်ပြုပြင်ပြီး သက်သာစေဖို့ ဖြစ်ပါတယ်။ လက်မှာဖြစ်ပေါ်နေတဲ့ နာကျင်ခြင်း၊ ထုံကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဘယ်အချိန်မှာ Carpal tunnel ရောဂါလက္ခဏာစုကို ခွဲစိတ်ကုသသင့်သလဲ သင့်ရဲ့လက္ခဏာတွေဟာ မခွဲစိတ်ဘဲ ဆိုးရွားလာရင်၊ ကြာရှည်နေရင် ခွဲစိတ်ကုသမှုခံယူတာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Colposcopy And Cervical Biopsy (သားအိမ်မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Colposcopy နဲ့ cervical biopsy ဆိုတာဘာလဲ? Colposcopy ဆိုတာ မိန်းမ အင်္ဂါ၊ မိန်းမကိုယ် လမ်းကြောင်း နဲ့ သားအိမ်ခေါင်းအ၀ စတဲ့နေရာတွေကို ကြည့်ဖို့အတွက် ဆရာဝန်တွေ အသုံးပြုတဲ့ အထူးချဲ့ထွင်ကြည့်သောကိရိယာ တစ်ခုဖြစ်ပါတယ်။ colposcopy ကြည့်ပြီး ပြသနာတစ်ခုခုတွေ့ရှိပါက အသားစအနည်းငယ်ကို သားအိမ်ခေါင်းအဝမှ ယူနိုင်ပါတယ်။ အဲဒီ အသားစ နမူနာကို Microscope (အနုကြည့်မှန်ပြောင်း)အောက်မှာ ကြည့်နိုင်ပါတယ်။ Colposcopy ကို Pap test စစ်ဆေးချက်အဖြေက ပုံမှန်မဟုတ်ခဲ့ရင် မိန်းမကိုယ် လမ်းကြောင်းနဲ့ သားအိမ်ခေါင်းဝကို ကြည့်ရှုဖို့ လုပ်ဆောင်လေ့ရှိပါတယ်။Pap test စစ်ဆေးချက်အဖြေကို ပုံမှန်မဟုတ်စေတာ အများစုက HPV (human papillomavirus) ဗိုင်းရပ်စ် နဲ့ ဘက်တီယီးယား၊ fungi (မှို) (သို့) protozoa […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Barium Enema (ဘေရီယမ်ဆေးရည်သုံးစစ်ဆေးခြင်း)

အခြေခံအချက်များ။barium ဘေရီယမ်ဆေးရည်သုံးစစ်ဆေးခြင်း ဆိုတာ ဘာလဲ barium ဆေးရည်သုံး စစ်ဆေးခြင်း ဆိုတာ barium sulfate လို့ခေါ်တဲ့ အရည်ကို သင့်အူမထဲကို ထည့်သွင်းပြီး ဓါတ်မှန်ရိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲဒီပစ္စည်းဟာ သိသိသာသာကွဲပြားပြီး မြင်တွေ့နိုင်တဲ့အရာဖြစ်တာမို့ ဓါတ်မှန်ရိုက်ကူးရာမှာ သုံးပါတယ်။ အူမရဲ့ပုံကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပြီး ပုံမှန်မဟုတ်တဲ့အရာများရှိရင်လည်း မြင်နိုင်ပါတယ်။ အကြောင်းရင်းကို သိခြင်း။Barium ဆေးရည်သုံးစစ်ဆေးခြင်း ကို ဘာကြောင့် ပြုလုပ်သလဲ သင့်ရဲ့ဆရာဝန်ဟာ သင့်မှာအောက်ပါ လက္ခဏာတွေရဲ့ အကြောင်းရင်းကို ရှာချင်ရင် Barium ဆေးရည်သုံးစစ်ဆေးဖို့ အကြံပြုပါလိမ့်မယ်။ အစာအိမ်နာခြင်း အူမကြီးမှသွေးထွက်ခြင်း အူလမ်းကြောင်း အလေ့အထ ပြောင်းလာခြင်း အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန် ကျသွားခြင်း ကြာရှည်စွာ ဝမ်းပျက်ခြင်း Barium ဆေးရည်သုံးစစ်ဆေးခြင်းကြောင့် အောက်ပါ ရောဂါအခြေအနေများ ရှိမရှိ သိနိုင်ပါတယ်။ ပုံမှန်မဟုတ်သော အကျိတ်ကြီးထွားမှုများ အူလမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေအန္တရာယ်များ Barium ဆေးရည်သုံးစစ်ဆေးခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ Barium ဆေးရည်သုံးခြင်းမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Augmentation (ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်းအကြောင်း ဘာတွေသိသင့်လဲ ရင်သားကြီးမားရန် ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ရင်သားတွေကို ပိုမိုကြီးထွားပြီး ကြည့်ကောင်းလာအောင် ပြုပြင်တဲ့ အလှအပရေးရာ ခွဲစိတ်မှု ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေအတွက်ပဲ သင့်တော်ပါတယ်။ ရွေးချယ်စရာတွေနဲ့ပတ်သက်လို့ သေချာစဉ်းစားပြီး လက်တွေ့ကျကျပဲ မျှော်လင့်ထားသင့်ပါတယ်။ – ရင်သားကြီးထွားရန် ပြုပြင်ခွဲစိတ်ခြင်း ဆိုတာဘာလဲ ဆီလီကွန် ဒါမှမဟုတ် ဆလိုင်းအရည်ကိုထည့်ပြီး ရင်သားကို ကြီးထွားလာအောင် ကြည့်အောင်းလာအောင် ပြုပြင်တဲ့ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုရဲ့ အကျီုးကျေးဇူးတွေက ဘာတွေလဲ ရင်းသားဟာ ကြီးထွားပြီး ကြည့်ကောင်းလာပါလိမ့်မယ်။ ဘယ်အချိန်မှာ ခွဲစိတ်မှု ခံယူသင့်သလဲ အဓိကရည်ရွယ်ချက် ၂ခုရှိပါတယ်။ ပြန်လည်ပြုပြင်ခြင်း။ ရင်သားကင်ဆာကြောင့် ရင်သားခွဲထုတ်လိုက်ရတဲ့အခါမျိုးမှာ ရင်သားကို ပြန်လည်ပြုပြင်ဖို့ ခွဲစိတ်ပါတယ်။ အလှအပပြုပြင်ခြင်း။ ရင်သားကို ကြီးထွားပြီး ကြည့်ကောင်းလာအောင် ပြုပြင်ခြင်း ဖြစ်ပါတယ်။ အကြောင်းရင်းကိုသိရှိခြင်းဘယ်လိုထည့်သွင်းပစ္စည်းမျိုး ရွေးချယ်သင့်သလဲ အားလုံးရဲ့ အပြင်လွှာဟာ ဆီလီကွန်နဲ့ပဲ ပြုလုပ်ထားပါတယ်။ အထဲမှာတော့ ဆီလီကွန်ဖြစ်ဖြစ် အရည်ဖြစ်ဖြစ် ဖြည့်ထားပါတယ်။ ဆီလီကွန်ဟာ အရည်ပုံစံ ဒါမှမဟုတ် ဂျဲလ်ပုံစံ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကဘာလဲ။ နှာနုရိုးသည် နှာခေါင်းအတွင်းအား အခန်းနှစ်ခုအဖြစ် အညီအမျှပိုင်းခြားပေးသော နံရံတစ်ခုဖြစ်သည်။ ဖြစ်သင့်သည့် နှာနုရိုးသည် အလယ်တည့်တည့်တွင် ရှိရမည်ဖြစ်ပြီး နှာခေါင်းလေဝင်ပေါက်ကို ဘယ်နှင့်ညာ ညီတူမျှတူ ပိုင်းခြားနေရမည်ဖြစ်သည်။ သို့သော် ၈၀ % သော နှာနုရိုးများသည် အလယ်တွင်မဟုတ်ပါ။ ထိုအခြေအနေအား နှာနုရိုးနေရာလွဲခြင်းဟု ခေါ်၏။ နှာခေါင်းအတွင်းပိုင်းပုံစံကြောင့် လေအိတ်များတွင် နာတာရှည်ပိုးကူးစက်မှုကို အလွယ်တကူဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများသည် များသောအားဖြင့် တစ်ဖက်တည်းတွင်သာ အဖြစ်များသည်။ တစ်ခါတစ်ရံတွင် တစ်ကယ်ဖြစ်နေသည့်ဖက်ကမဟုတ်ပဲ တခြားတစ်ဖက်မှာသွားဖြစ်နေတာမျိုးလဲ ရှိသည်။ ဖြစ်ရပ်တစ်ချို့တွင် ကောက်နေသော နှာနုရိုးသည် လေအိတ်များမှ အရည်များစီးဆင်းမှုကို နှောက်ယှက်နိုင်ပြီး လေအိတ်ပိုးဝင်ခြင်း ခဏခဏဖြစ်တတ်ပါသည်။ Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နှာနုရိုးနေရာလွဲခြင်းသည် ကမ္ဘာအနှံ့အဖြစ်များသော အကျိတ် (အမီလိုဘလက်စတိုးမားအကျိတ်)ပြီးနောက် ဒုတိယအဖြစ်များဆုံး ရောဂါဖြစ်သည်။ သို့သော် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ထုံဆေး၊ မေ့ဆေး (Anesthesia) ရဲ့ ရည်ရွယ်ချက်များ

နှစ်တိုင်း ဆေးပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ ပိုပို လုပ်လာရပါတယ်။ လူတွေကို ကုသဖို့ချည်းပဲတော့ မဟုတ်တော့ပါဘူး။ ကုသနေစဉ် နာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတို့ကို လျော့ကျစေဖို့ပါ ပါဝင်လာပါတယ်။ ကုသမှုအားလုံးနည်းပါးအတွက် နာကျင်မှုသက်သာစေဖို့ ဘေးကင်းပြီး ထိရောက်တဲ့ Anesthesia ကို ဖန်တီးလိုက်ပါတယ်။ Anesthesia ဆိုတာဘာလဲ။ Anesthesia ဆိုတာ ဆေးကုသနေစဉ် နာကျင်မှုသက်သာစေတာနဲ့ သက်တောင့်သက်သာမဖြစ်မှုကို လျော့ကျစေတာ၊ အဲ့၂ခုအတွက် ဆေးကို ပေါင်းစပ်အသုံးပြုခြင်းပါပဲ။ Anesthesia အသုံးပြုတဲ့အခါမှာ သင်သတိရှိနိုင်သလို သတိမရှိတာလဲ ဖြစ်တတ်ပါတယ်။ သင့်ကျန်းမာရေး အခြေအနေနဲ့ သင့်ပြုလုပ်ရမယ့် အမျိုးအစားပေါ်မူတည်ပြီး အောက်ဖော်ပြပါ Anesthesia အဓိက၃မျိုးထဲက တစ်ခုကို အသုံးပြုရမှာပါ။ General Anesthesia ဒီအမျိုးအစားက သင့်ကို ကုသနေစဉ် သတိမေ့နေစေမှာပါ။ သင့်ဘေးနားမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်သလို ဘာနာကျင်မှုကိုမှလဲ ခံစားရမှာ မဟုတ်ပါဘူး။ Regional Anesthesia ဒီအမျိုးအစားက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခါးအောက်ပိုင်းထုံရန် ကျောအောက်ဘက်ကို ထိုးရသော ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

Epidural လို့သိကြတဲ့ ခါးအောက်ပိုင်းထုံဖို့ ကျောအောက်ကို ထိုးရတဲ့ ထုံဆေး (Epidural Anesthesis) ဟာ အဓိက တစိတ်တပိုင်းထုံဆေး ၂မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ လူနာတွေ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ကိုယ်ခန္ခါအစိတ်အပိုင်းတွေ အဆင်မပြေတာ နာကျင်တာမရှိအောင် ဆေးပစ္စည်းတွေနဲ့ ထုံအောင် ပြုလုပ်ပေးပါတယ်။ Epidural Anesthesia ဆိုတာဘာလဲ။ Epidural Anesthesia လုပ်ဆောင်ရာမှာ မေ့ဆေးဆရာဝန်တစ်ယောက်ဟာ ဆေးကို အပ်နဲ့ epidural space လို့ခေါ်တဲ့ ကျောနေရာကို ထိုးသွင်းပါတယ်။ ဒီနည်းလမ်းဟာ နေရာတော်တော်များများကို ထုံစေပြီးတော့ ခံစားမှုတွေ၊ နာကျင်မှုတွေကို တားဆီးပေးပါတယ်။ Epidural Anesthesia ကြောင့်ထုံစေနိုင်တဲ့ နေရာတွေက ရင်ဘတ် လူ ခန္ဓါဗေဒ တင်ပဆုံ နေရာ ခြေထောက် ဘေးထွက်ဆိုးကျိုးများ Epidural Anesthesia ဟာ တခါတလေမှာ ကောင်းကောင်းမွန်မွန် အလုပ်မဖြစ်ပါဘူး။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး၏ နောက်ဆက်တွဲပြဿနာများ

မေ့ဆေး (Anesthesia)ဆိုတဲ့ အသုံးအနှုန်းဟာ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး အာရုံခံစားမှုတွေဆုံးရှုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နာကျင်မှုတွေနဲ့ အတွင်းပိုင်းထိခွဲစိတ်ရဖို့တွေလုပ်ရမယ်ဆိုရင်တော့ မေ့ဆေးကို လိုအပ်လာပါပြီ။ ခြုံကြည့်မယ်ဆိုရင်တော့ မေ့ဆေးဟာ အန္တရာယ်ကင်းပေမယ့် နောက်ဆက်တွဲပြဿနာအချို့တော့ ဖြစ်ပွားနိုင်ပါသေးတယ်။ Anesthesia ဘယ်နှစ်မျိုးရှိသလဲ မေ့ဆေး (Anesthesia) မှာ အဓိကအားဖြင့် ၃မျိုးရှိပါတယ်။ General Anesthesia : သွေးကြောထဲထည့်ရတဲ့ဆေးတွေနဲ့ ဓါတ်ငွေ့တွေကို သုံးပြီး လူနာကို သက်တောင့်သက်သာနဲ့ တည်ငြိမ်တဲ့ အနေအထားကိုရအောင်လုပ်ပါတယ်။ တစ်ခါတလေမှာတော့ သင့်ကြွက်သားတွေ မလှုပ်ရှားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ Regional anesthesia : ဒီဆေးကိုတော့ အဓိကအကျဆုံးလို့ပြောလို့ရတဲ့ ကျောရိုးတစ်ဝိုက် သို့မဟုတ် ကျောရိုးထဲကို တိုက်ရိုက်ဆေးတွေထည့်သွင်းလိုက်တာဖြစ်ပြီး ကျောရိုးအာရုံကြောတွေကို ပိတ်ပင်ထားဆီးထားလိုက်တာပါ။ (ဥပမာ- epidural or spinal anaesthesia) ဒီနည်းလမ်းဟာ အာရုံခံစားမှုတွေကို ပိတ်ပစ်နိုင်စွမ်းတော့ သိပ်ပြီးမြင့်မားလှတာမဟုတ်ပါဘူး။ Regional […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း