ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  Mammograms ဆိုတာ ဘာလဲ! Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး အမျိုးအစားများ

ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။ မေ့ဆေးအထူးကုဆရာဝန် မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။ သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။ လူနာ၏ကျန်းမာရေးကို အကဲဖြတ်ရန် ၊ လူ၏အခြေအနေသည် ပြုလုပ်တော့မည့် ခွဲစိတ်မှုအတွက် သင့်တော်၊ မတော်စဉ်စားရန် နှင့် လူနာအတွက် သင့်တော်သော မေ့ဆေးအမျိုးအစားကို ဆုံးဖြတ်ရန်လိုအပ်ပါသည်။ လူနာကို မေ့ဆေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ပေးရန်လိုပြီး လူနာကို စိတ်သက်သာစေရန် ပြုလုပ်ပေးရပါသည်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကလေး အသည်းအစားထိုးမှုနှင့်ပတ်သက်ပြီး မိဘတွေဘာသိသင့်သလဲ

တကယ်လို့ သင့်ဆရာဝန်က သင့်ကလေးရဲ့အသည်းက ပြဿနာရှိနေပြီး ခွဲစိတ်ဖို့လိုမယ်လို့ပြောလာခဲ့မယ်ဆိုရင် သင့်အနေနဲ့ စိုးရိမ်ပူပန်ကြောက်ရွံ့မှုတွေဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်မှုဟာ ကြောက်စရာကောင်းတာမှန်ပေမယ့် အသည်းခွဲစိတ်အစားထိုးမှုပြုလုပ်ပြီးတဲ့ ကလေးအများစုဟာ ပိုမိုကျန်းမာ အသက်ရှည်စွာနေထိုင်နိုင်တယ် ဆိုတာကိုလည်းသိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် အသည်းအစားထိုးမှုလိုအပ်လဲ၊ ခွဲစိတ်စဉ်မှာ ဘာတွေသိသင့်လဲဆိုတာကို ဤဆောင်းပါးတွင် နားလည်အောင်ရှင်းပြထားပါတယ်။ ဘာကြောင့်အသည်းအစားထိုးမှုလိုအပ်တာလဲ။ ကလေးရဲ့အသည်းဟာ သင့်တင့်လျောက်ပတ်စွာ အလုပ်မလုပ်တော့ဘူးဆိုရင် အသည်းအစားထိုးမှုလိုအပ်ပါတယ်။ သင့်ရဲ့ကိုယ်ခန္ဓါမှာ အသည်းကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အစာချေဖျက်မှုအတွက်လိုအပ်တဲ့ သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ ပြီးတော့ ခန္ဓါကိုယ်ထဲမှာ အချိုဓါတ်သိမ်းဆည်းထားမှုမျိုးကိုလည်းပြုလုပ်ပေးပါတယ်။ ကလေးရဲ့ အသည်းက အလုပ်မလုပ်တော့ဘူးဆိုရင် ကလေးက ဆိုးရွားစွာဖျားနာနိုင်ပါတယ်။ အသည်းကိုထိခိုက်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့ • အသည်းရောင်ခြင်း • အသည်းတွင်သံဓါတ်များစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ သံဓါတ်များသောရောဂါ (Hemochromatosis) • အသည်းတွင်ကော့ပါးများစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ (Wilson's disease) • Algile […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Liposuction (အဆီစုပ်ထုတ်ခြင်း)

အဆီစုပ်ထုတ်ခြင်းဆိုတာဘာလဲ။ အဆီစုပ်ထုပ်ခြင်းဆိုတာသင့်အရေပြားအောက်ကအဆီတွေကိုဖယ်ထုတ်ပေးပြီးသင့်ရဲ့ကိုယ်ခန္ဓါကိုပိုမိုသွယ်လျ လှပလာအောင်ဆောင်ရွက်ပေးတဲ့ ပလတ်စတစ်ဆာဂျရီတစ်မျိုးပါ။ အဆီစုပ်ထုတ်ခြင်းကိုအဆီများတဲ့ အောက်ပါနေရာတွေမှာအသုံးပြုနိုင်ပါတယ်။ ပေါင်များ တငပါးများ ဗိုက်နဲ့ခါး လက်မောင်းအပေါ်ပိုင်း ကျော ဒူးအတွင်းပိုင်း ရင်ဘတ် ပါး၊ မေးရိုးနဲ့လည်ပင်း ခြေချင်းဝတ်များ တချို့အခြေအနေတွေမှာအဆီစုပ်ထုတ်ခြင်းကိုတစ်ပိုင်းချင်းစီသက်သက်ခွြဲပီးပြုလုပ်ပါတယ်။ တခြားအခြေအနေတွေမှာတော့တခြားပလတ်စတစ်ဆာဂျရီတွေနဲ့တွဲလုပ်ပါတယ်။ဥပမာ - မေးရိုးပြင်ခြင်း၊ရင်သားသေးခြင်း၊ဗိုက်အဆီလျှော့ခြင်း။ သင့်အနေနဲ့ဒီခွဲစိတ်မှုမပြုလုပ်ခင်အတွင်းကျကျသိထားဖို့လိုပါမယ်။ အဆီစုပ်ထုတ်ခြင်းကိုဘာလို့ပြုလုပ်ကြလဲ။ အဆီစုပ်ထုတ်ခြင်းကိုပြုလုပ်ပြီးတဲ့လူတော်တော်များများကစိတ်ကျေနပ်ကြပါတယ်။ ဒါပေမယ့်လည်းခွဲစိတ်မှုတွေရဲ့ထုံးစံအတိုင်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေတော့ရှိပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့အဆီစုပ်ထုတ်ခြင်းရဲ့ကန့်သတ်ချက်နဲ့ရှုပ်ထွေးမှုတွေကိုသိထားဖို့လိုပါတယ်။ အဆီစုပ်ထုတ်ခြင်း မစခင်မှာသင့်အခြေအနေအပေါ်မူတည်ပြီးဒီနည်းလမ်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုဆုံးဖြတ်ဖို့လိုပါတယ်။ အဆီစုပ်ထုတ်ခြင်း လုပ်ဖူးတဲ့သူငယ်ချင်းတွေရဲစကားကိုဖြစ်ဖြစ်ဆရာဝန်ကိုဖြစ်ဖြစ် နားယောင်ပြီးသူတို့ရဲ့တိုက်တွန်းမှုအတိုင်းမလုပ်ပါနဲ့ဦး။ သင့်အနေနဲ့သင်ကိုယ်တိုင်လက်ခံနိုင်မှသာလုပ်ပါ။ ဒါကအလှအပဆိုင်ရာခွဲစိတ်မှုဖြစ်တဲ့အတွက်ကျန်းမာရေး ဆိုင်ရာ ခွဲစိတ်မှုတွေလိုအလျင်လိုဖို့မလိုပါဘူး။ အဆီစုပ်ထုတ်ခြင်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက် တွေများများသင်စုဆောင်းလေဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်လေဖြစ်ပါတယ်။ ဆိုးကျိုးတွေကလည်းတခြားသူတွေကိုမှဖြစ်တာလို့စိတ်ထဲမတွေးထားပါနဲ့။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုနားလည်ပြီးမှသင်ဆုံးဖြတ်ဖို့ကအရေးကြီးပါတယ်။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ အဆီစုပ်ထုတ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။ တခြားခွဲစိတ်မှုတွေလိုပဲ အဆီစုပ်ထုတ်ခြင်းမှာလည်း နောက်ဆက်တွဲဆိုးကျိုးလေးတွေရှိပါတယ်။ သင့်အနေနဲ့သင့်ခွဲစိတ်ဆရာဝန်ကိုဒီအကြောင်းတွေ သေချာရှင်းပြခိုင်းဖို့လိုပါတယ်။ ခွဲစိတ်မှုတွေအားလုံးမှာဖြစ်လာနိုင်တဲ့ဆိုးကျိုးကမေ့ဆေး၊ထုံဆေးနဲ့ပတ်သက်ပြီးမမျော်လင့်ထားတဲ့သက်ရောက်မှုရှိခြင်း၊ သွေးထွက်လွန်ခြင်း၊ သွေးကြောတွင်း သွေးခဲပိတ်ဆို့ခြင်းတို့ပဲဖြစ်ပါတယ်။ အဆီစုပ်ထုတ်ခြင်းရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ ကိုယ်တွင်းအရည်ဓါတ်ဆုံးရှုံးလွန်ခြင်းကြောင့် ရှော့ခ်ရတဲ့ထိဖြစ်ခြင်း ကိုယ်တွင်းအရည်များ စုပုံလာခြင်း ရောဂါပိုးဝင်ခြင်း၊ဒါကအဆိုးဆုံး နောက်ဆက်တွဲ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)

Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)ဆိုတာဘာလဲ။ Myringplasty ဆိုတာသင့်နားစည်ကအပေါက်ကိုပြန်လည်ပြင်ဆင်ပေးတဲ့ခွဲစိတ်ကုသမှုပါ။ နားစည်အပေါက်က ရောဂါပိုးကူးစက်ခြင်းကြောင့်ဖြစ်တာတာများပါတယ်။ နောက်တစ်ခုကနားရင်းအုပ်ခံရတဲ့အခါမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ နားစည်ပေါက်သွားခြင်းကအကြားအာရုံချို့ယွင်းစတဲ့အပြင် ရောဂါပိုးလည်းကူးစေနိုင်ပါတယ်။ Myringoplasty (နားစည်အပေါက် ဖာထေးခြင်း)ကိုဘာကြောင့်လုပ်လဲ။ တကယ်လို့သင့်နားစည်မှာအပေါက်ဖြစ်နေရင်ဒါမှမဟုတ် ရောဂါပိုးဝင်နိုင်ချေရှိရင်ဆရာဝန်ကသင့်ကို Myringoplasty လုပ်ခိုင်းပါလိမ့်မယ်။ ဒါ့အပြင်ဒီလိုလုပ်လိုက်ခြင်းကသင့်နားကိုနောက်ထပ်ရောဂါပိုးကူးခြင်းမှကာကွယ်ပေးတဲ့အပြင်အကြားအာရုံလည်းပိုကောင်းလာစေပါတယ်။   Myringoplasty ကြောင့်ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ။ ရေချိုးနေစဉ်သင့်နားရွက်ကိုဝါဂွမ်းနဲ့ခြောက်အောင်လုပ်ခြင်းနဲ့သင့်လက်ကိုစင်ကြယ်အောင်ဆေးခြင်းကနားထဲပိုးမဝင်အောင်ကာကွယ်ပေးပါတယ်။ ပိုးဝင်တာကပိုးသတ်ဆေးတွေနဲ့ကုလို့ရတဲ့အပြင်နားနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ကျန်းမာရေးစောင့်ရှောက်သူကလည်းသန့်စင်ပေးနိုင်ပါတယ်။ နားသိပ်မကြားရင်လည်းနားကြားစက်ကကူညီပေးပါလိမ့်မယ်။ ခွဲစိတ်မှုမလုပ်ခင်မှာသတိပေးချက်တွေရှောင်ရန်ဆောင်ရန်တွေကိုနားလည်ထားဖို့လိုပါတယ်။ မေးစရာရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။ ခွဲစိတ်မှုမလုပ်ခင်စွန့်စားရမှာတွေနဲ့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုသိထားဖို့လည်းလိုပါသေးတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့သင့်ဆရာဝန်သို့မဟုတ်ခွဲစိတ်ဆရာဝန်ဆီမေးပါ။   Myrigoplasty အတွက်ဘယ်လိုပြင်ဆင်ရမလဲ။ သင့်ကိုဘာတွေပြင်ဆင်ရမလဲဆိုတာဆရာဝန်ကအနီးကပ်အသေးစိတ်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုမတိုင်ခင်အစားစားလို့ရမရဆိုတာတွေရောပေါ့။ များသောအားဖြင့်ခွဲစိတ်မှုမတိုင်ခင်၆နာရီအလိုမှာသင်အစာစားတာ ရပ်ထားရပါပြီ။ ခွဲစိတ်မှုမတိုင်ခင်နာရီအနည်းငယ်အလိုထိတော့ကော်ဖီလိုမျိုးအရည်တွေသောက်လို့ရပါတယ်။ သင်မကြာခင်ကသောက်နေတဲ့ဆေးတွေ၊သင့်ဓါတ်မတည့်မှုတွေနဲ့တခြားသင့်မှာရှိတဲ့ရောဂါတွေကိုဆရာဝန်ကိုပြောပြထားရပါမယ်။ မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။ Myringoplasy (နားစည်အပေါက်ဖာထေးခြင်း)ခွဲစိတ်မှုလုပ်နေစဉ်မှာဘာတွေဖြစ်လဲ။ ခွဲစိတ်မှုကိုတော့မေ့ဆေးနဲ့ ပြုလုပ်မှာဖြစ်ပြီးတစ်နာရီကနေတစ်နာရီခွဲအထိကြာနိုင်ပါတယ်။ သင့်ရဲ့ခွဲစိတ်ဆရာဝန်ကသင့်နားစည်ကအပေါက်ကိုဖာဖို့တစ်ရှူးအနည်းငယ်လိုပါတယ်။ ဆရာဝန်ကနားရဲ့အရှေ့က(သို့)အနောက်(သို့)နားပေါက်ကခွဲထားတဲ့အပေါက်ကတစ်ဆင့်တစ်ရှူးစကိုထည့်မှာပါ။ သူကနားစည်ကိုမလိုက်ပြီးတစ်ရှူးစကိုအရည်ပျော်တဲ့ရေမြှုပ်နဲ့ထောက်ခံပြီးထည့်မှာပါ။ ပြီးရင်နားစည်ကိုပုံမှန်ပြန်ထားမှာပါ။ Myringoplasty (နားစည်အပေါက်ဖာထေးခြင်း)လုပ်ပြီးရင် သင်ဘာလုပ်သင့်လဲ။ ခွဲစိတ်မှုလုပ်ပြီးတဲ့နေ့မှာဘဲသင်အိမ်ပြန်နိုင်ပါတယ်။ ပတ်တီးသုံးထားရင်တော့ နောက်နေ့မနက်မှာဖြုတ်ပြီးအိမ်ပြန်နိုင်မှာပါ။ သင့်ဆရာဝန်ကသင်ပုံမှန်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ကြောင်းပြောမှာပါ။၂ပတ်အကြာမှာသင်အလုပ်ပြန်သွားနိုင်မှာပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်တာကသင်ပုံမှန်အမြန်ဆုံးပြန်ဖြစ်အောင်ကူညီမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင်ဆရာဝန်ဆီကအကြံဉာဏ်တောင်းပါ။၂ပတ်ကနေ၃ပတ်အကြာမှာနားကိုကာထားတာဖြုတ်ဖို့နဲ့ဖာထားတဲ့တစ်ရှူးစကိုကြည့်ဖို့ဆရာဝန်ဆီပြန်သွားရပါလိမ့်မယ်။ မေးစရာတွေရှိရင်သင့်ခွဲစိတ်ဆရာဝန်နဲ့အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။ Myringoplaty (နားစည်အပေါက်ဖာထေးခြင်း)အပြီးမှာဘာတွေဖြစ်မလဲ။ တခြားခွဲစိတ်မှုတွေလိုဘဲ Myringoplasty ပြီးတဲ့အခါဖြစ်လာနိုင်ချေရှိတဲ့ရှုပ်ထွေးမှုတွေရှိပါတယ်။ သင့်ခွဲစိတ်ဆရာဝန်နဲ့ဒါတွေကသင့်အပေါ်ဘယ်လိုသက်ရောက်လဲဆွေးနွေးပါ။ ဖြစ်လာနိုင်တဲ့ရှုပ်ထွေးမှုတွေကတော့ ဖာထေးထားတဲ့တစ်ရှူးစချို့ယွင်းခြင်း အကြားအာရုံချို့ယွင်းခြင်း နားအူခြင်း အရသာပျက်ခြင်း ဓါတ်မတည့်မှုဖြစ်ခြင်း သင့်အနေနဲ့ခွဲစိတ်မှုအတွက်ပြင်ဆင်ရာမှာဆရာဝန်ညွှန်ကြားမှုအတိုင်းလိုက်နာပြီးရှုပ်ထွေးမှုဖြစ်လာနိုင်ချေကိုလျှော့ချနိုင်ပါတယ်။ဥပမာ - အစားမစားတော့ခြင်းနဲ့ ဆေးသောက်ရပ်ခြင်းတို့ဖြစ်ပါတယ်။ ရှုပ်ထွေးမှုတွေနဲ့ပတ်သက်ပြီး မေးစရာရှိရင်သင့်ဆရာဝန်ကိုအသေးစိတ်မေးပါ။ Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Nephrostomy (ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်ခြင်း)

Nephrostomy (ဆီးပိုက်တပ်ခြင်း)ဆိုတာဘာလဲ ? ဆီးတွေကိုပုံမှန်အားဖြင့်ureters လို့ခေါ်တဲ့ကြွက်သားပြွန်ကတစ်ဆင့်ကျောက်ကပ်ကနေဆီးအိမ်ကိုပို့ပေးပါတယ်။ တစ်ခါတစ်လေမှာဆီးပြွန်တစ်ဖက်ဒါမှမဟုတ်နှစ်ဖက်လုံးပိတ်နေတတ်ပါတယ်။ ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်တယ်ဆိုတာကကျောက်ကပ်ကို အရေပြားကနေတစ်ဆင့် အပေါက်ဖောက်ပြီး ဆီးတွေကို အရေပြားကနေပြွန်နဲ့စုပ်ထုတ်တာပါ။ ဒီကုသမှုကိုဓါတ်မှန်အထူးကုတွေကပြုလုပ်ပါတယ်။ Nephrostomy ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ။ ကင်ဆာရှိတဲ့လူတစ်ယောက်ရဲ့ဆီးပြွန်ကိုကင်ဆာဆဲလ်တွေပိတ်နေတဲ့အခါကျောက်ကပ်အပေါက်ဖောက်ပြီး ဆီးစွန့်နိုင်ဖို့ လိုပါတယ် ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်တပ်ခြင်းကြောင့်ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။ တစ်ခါတစ်လေမှာကျန်းမာရေးပြဿနာတွေကိုခွဲစိတ်ကုသလို့ရပါတယ်။ ဒါတွေကအချိန်ယူဖို့လိုပြီးကျောက်ကပ်အပေါက်ဖောက်ပြီးပိုက်ထည့်ခြင်းကတော့သင့်ကျောက်ကပ်တွေကိုအလုပ်ဆက်လုပ်စေပါတယ်။ တချို့လူတွေကခဏပဲ အပေါက်ဖောက်ဖို့လိုပြီးတချို့ကတော့တစ်သက်လုံး ပိုက်ထည့်ထားရပါတယ်။ သင့်ဆရာဝန်ကသင့်ကိုပိုပြီးအသေးစိတ်ရှင်းပြပါလိမ့်မယ်။ ဒါကိုမလုပ်ခင်သင်အနေနဲ့စွန့်စားရမှာတွေနောက်ဆက်တွဲ ပြဿနာတွေကိုပါနားလည်ထားဖို့အရေးကြီးပါတယ်။ သင့်မှာမေးစရာရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။ ကျောက်ကပ်အပေါက်ဖောက်ပြီး ဆီးပိုက်ထည့်ဖို့ ဘာတွေပြင်ဆင်ရမလဲ။ သင်မကြာခင်ကသောက်ထားတဲ့ဆေးတွေ၊ဓါတ်မတည့်မှုတွေနဲ့ကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြပါ။ ခွဲစိတ်မှုမစခင်မှာလိုက်နာရမယ့်ညွှန်ကြားချက်တွေသင့်ကိုပေးထားမှာပါ။ဥပမာ - နာရီပိုင်းအလိုမှာအစားစားလို့ရမရဆိုတာမျိုးပေါ့။ ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်သွင်းနေချိန်မှာ ဘာတွေဖြစ်လဲ။ ဓါတ်မှန်အထူးကုကသင့်ရဲ့ကျောကတစ်ဆင့်ကျောက်ကပ်ဆီသို့ ပြွန်ကိုအပ်နဲ့လမ်းညွှန်ဝိုင်ယာကြိုးအပျော့ကိုသုံးပြီးထည့်ပါမယ်။ နေရာမှန်သွားပြီဆိုဝိုင်ယာကိုပြွန်နဲ့အစားထိုးလိုက်ပါမယ်။ ပြွန်ကိုဆီးစွန့်ဖို့ပလတ်စတစ်အိတ်နဲ့ဆက်ထားပါတယ်။ ကျောက်ကပ်အပေါက်ဖောက်ပြီး ပိုက်ထည့်ပြီးရင်သင် ဘာလုပ်သင့်လဲ။ သင်နာရီအနည်းငယ်အိပ်ရာထဲမှာနားနေရပါမယ်။ ဆီးပြွန်ပိတ်တာကုသလို့မကောင်းမချင်းဆီးပိုက်တပ်ထားရပါမယ်။ သင့်မှာမေးစရာတွေရှိရင်သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။ ကျောက်ကပ်အပေါက်ဖောက်ပိုက်ထည့်ပြီးရင် ဘာတွေဖြစ်မလဲ။ ကျောက်ကပ်အပေါက်ဖောက် ပိုက်ထည့်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေတော့ နည်းပါတယ်။ ဖြစ်နိုင်ချေရှိတာတွေကတော့ သွေးထွက်ခြင်း ရောဂါပိုးဝင်ခြင်း ဆီးစိမ့်ထွက်ခြင်း ဓါတ်မတည့်ခြင်း နီးစပ်ရာအစိတ်အပိုင်းတွေမှာအပ်ကြောင့် ဒဏ်ရာဖြစ်ခြင်း ကျောက်ကပ်အတွင်း ပိုက်ထည့်မှုမအောင်မြင်ခြင်း ဓါတ်ရောင်ခြည်နဲ့ထိတွေ့ခြင်း သင့်ကိုအနီးကပ်စောင့်ကြည့်နေမှာဖြစ်တဲ့အတွက်တစ်ခုခုမှားယွင်းလာရင်လည်းချက်ချင်းကုသလို့ရပါတယ်။ Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Open Cholecystectomy (ဗိုက်ဖွင့်ပြီးသည်းခြေအိတ်ဖယ်ရှားသော ခွဲစိတ်မှု)

Open cholecystectomyသည်းခြေကျောက်တွေက ယေဘူယျဖြစ်တတ်တဲ့ပြသနာပါ။ ဒီသည်းခြေကျောက်တွေကိုဖယ်ရှားတဲ့ခွဲစိတ်မှုကသင့်ကိုနာကျင်မှုကင်းစေပြီးပုံမှန်စားနိုင်သောက်နိုင်စေပါတယ်။ သည်းခြေကျောက် တွေဆိုတာဘာတွေလဲ။ သည်းခြေကျောက်တွေကသင့်ရဲ့သည်းခြေအိတ်ထဲမှာဖြစ်ကြပါတယ်။ ဒါကအဖြစ်များသလိုမျိုးရိုးလိုက်တတ်ပါတယ်။ သင်အသက်ကြီးလာလေလေ၊သင်အဆီပါတဲ့အစာတွေစားတာများလေလေသည်းခြေကျောက်ဖြစ်လာနိုင်ချေများလေပါဘဲ။ တချို့လူတွေအတွက်သည်းခြေကျောက်တွေကပြင်းထန်တဲ့လက္ခဏာတွေဖြစ်လာစေပါတယ်။ ဗိုက်ဆက်တိုက်နာနေတာမျိုးဖြစ်နိုင်ပါတယ်။   ဘယ်အချိန်မှာ မှန်ပြောင်းနဲ့ သည်းခြေအိတ်ဖယ်ရှားသောခွဲစိတ်မှုကိုလုပ်ရမလဲ။ သင့်မှာသည်းခြေကျောက်တွေကြောင့်နာကျင်မှုတွေပြင်း ထန်လာရင်သင့်ရဲ့ သည်းခြေအိတ်ကိုဖယ်ရှားဖို့ခွဲစိတ်မှုလုပ်သင့်ပါတယ်။   ခွဲစိတ်မှုမလုပ်ခင် သင်ဘာတွေသိထားသင့်လဲ။ ဒီခွဲစိတ်မှုကခွဲရာအကြီးကြီးတစ်ခုလုပ်မယ့်အစားခွဲရာအသေးလေးတွေနဲ့လုပ်ရတာပါ။ တကယ်လို့သင့်မှာအရင်ကသည်းခြေအိတ် ခွဲစိတ်မှုလုပ်ဖူးတာဘဲဖြစ်ဖြစ်၊သင်သွေးထွက်လွန်တာဘဲဖြစ်ဖြစ်ဒါတွေကသင့်ခွဲစိတ်ဆရာဝန်ကိုသင့် သည်းခြေအိတ်ကိုမြင်နိုင်ဖို့ခက်ခဲစေပါတယ်။ ဒါ့ကြောင့်ထိုအခြေအနေမျိုးမှာ ဗိုက်ဖွင့်ခွဲစိတ်တာကပိုသင့်တော်ပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ကသင်ဘယ်လိုခွဲစိတ်မှုနဲ့သင့်တော်လဲဆုံးဖြတ်ပေးပါလိမ့်မယ်။ မှန်ပြောင်းနှင့် သည်းခြေအိတ်ဖယ်ရှားသော ခွဲစိတ်မှုအစားတခြားကုသလို့ရတဲ့နည်းတွေရှိသေးလား။ ဒီသည်းခြေကျောက်တွေကိုအရည်ပျော်အောင်၊ကွဲသွားအောင်လုပ်လို့ရတဲ့ ဆေးတွေရှိပေမယ့်ဒီနည်းလမ်းတွေကသက်တောင့်သက်သာမရှိတဲ့အပြင်ကျရှုံးနိုင်ချေလည်းများပါတယ်။ သင့်ရဲ့သည်းခြေအိတ်ကိုရောဂါပိုးကူးစက်ခြင်းမှကာကွယ်ဖို့ပိုးသတ်ဆေးတွေသုံးလို့ရပါတယ်။ အဆီပါမှုနည်းတဲ့အစာတွေစားခြင်းကလည်းနာကျင်မှုသက်သာစေပါတယ်။ ဒါပေမယ့်ဒီနည်းလမ်းတွေကအပြီးတိုင်မပျောက်ကင်းနိုင်သလိုပြန်ဖြစ်လာနိုင်ချေများပါတယ်။ ခွဲစိတ်မှုမစခင်သင်ဘာလုပ်ရမလဲ။ ခွဲစိတ်မှုမစခင်ရှစ်နာရီအလိုမှာဘာမှမစားမသောက်ရတော့ပါဘူး။ ဒါ့အပြင်သင်အနေနဲ့ ဆေးတွေဥပမာအကိုက်အခဲပျောက်ဆေး တွေလည်းခွဲစိတ်မယ့်နေ့မှာမသောက်သင့်ပါဘူး။ ဒါပေမယ့်လည်းဆရာဝန်က ဆေးတွေသောက်တာရပ်ဖို့မပြောမချင်းမရပ်ပါနဲ့။ ခွဲစိတ်မှုအတွက်ပြင်ဆင်ခြင်းညွှန်ကြားချက်တွေကိုလိုက်နာဖို့ကလည်း အရေးကြီးပါတယ်။ ခွဲစိတ်မှုရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကဘာတွေလဲ။ ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးပြုလုပ်မှာဖြစ်ပြီးတစ်နာရီလောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကသင့်ဗိုက်အပေါ်ပိုင်းမှာခွဲရာလုပ်ပြီးအသက်ရှူလမ်းကြောင်းနဲ့ သွေးလွှတ်ကြောကိုမထိအောင်ခွဲပါမယ်။ သင့်ရဲ့အသည်းကနေ သည်းခြေအိတ်ကိုဖယ်ထုတ်လိုက်ပါမယ်။ ခွဲစိတ်မှုပြီးရင်သင်ဘာလုပ်ရမလဲ ။ ခွဲစိတ်ပြီးနှစ်ရက်ကနေ လေးရက်အကြာမှာသင်အိမ်ပြန်နိုင်ပါတယ်။ ခြောက်ပတ်အကြာဆိုခွဲစိတ်မှုနဲ့သင့်အလုပ်အမျိုးအစားပေါ်မူတည်ပြီးအလုပ်သွားနိုင်ပါပြီ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းကသင့်ကိုပုံမှန်ပြန်ဖြစ်အောင်မြန်နိုင်သမျှအမြန်ဆုံးကူညီပေးပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်သင်ဆရာဝန်ဆီကအကြံတောင်းပါ။ ခွဲစိတ်မှုကြောင့်နောက်ဆက်တွဲ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်သလဲ။ နောက်ဆက်တွဲ ပြဿနာတွေကတော့ သွေးထွက်ခြင်း၊ရောဂါပိုးဝင်ခြင်း၊သည်းခြေရည်တွေကိုသည်းခြေအိတ်ကနေအစာအိမ်ဆီပို့တဲ့ သည်းခြေပြွန်ထိခိုက်ခြင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင်ခွဲစိတ်မှုလုပ်နေစဉ်အတွင်းခွဲစိတ်ကိရိယာတွေဗိုက်ထဲထည့်တဲ့အခါအစာအိမ်နဲ့အဓိကသွေးကြောတွေကိုထိခိုက်နိုင်ပါတယ်။ ဒါတွေကတော့ဖြစ်တာရှားပါတယ်။ တခြားဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ သည်းခြေရည်စိမ့်ထွက်ခြင်း သည်းခြေကျောက်တွေကျန်နေခြင်း ဆက်တိုက်နာကျင်ခြင်း ဝမ်းပျက်ခြင်း ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း ရင်ဘတ်ရောဂါပိုးကူးခြင်း သည်းခြေရည်ပိုက်ထိခိုက်ခြင်း […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Open Incisional Hernia Repair (ခွဲစိတ်ဒဏ်ရာမှတစ်ဆင့်အူကျွံခြင်း ပြပြင်ခွဲစိတ်မှု)

ခွဲစိတ်ဒဏ်ရာမှာအူကျွံခြင်းကသင့်ရဲ့ဝမ်းဗိုက်အားနည်းမှုကြောင့်အရင်ခွဲထားတဲ့ဒဏ်ရာကအနာမကျက်တဲ့အခါဖြစ်ပါတယ်။ တကယ်လို့မကုသဘဲထားခဲ့ရင်ဒီပြဿနာကပြင်းထန်တဲ့ကျန်းမာရေး နောက်ဆက်တွဲ အခြေအနေတွေဖြစ်စေပါတယ်။ ခွဲစိတ်ဒဏ်ရာမှ အူကျွံခြင်းဆိုတာဘာလဲ ။ သင့်ရဲ့ဝမ်းဗိုက်မှာလုပ်တဲ့ခွဲစိတ်မှုတိုင်းကခွဲပြီးအပ်နဲ့ပြန်ချုပ်ရပါတယ်။ တစ်ခါတစ်လေအဲဒီဒဏ်ရာက တော်ရုံမကျက်ပါဘူး။ အဲအခါကျရင်သင့်ဗိုက်ထဲကအရာတွေကအပြင်ကိုတိုးထွက်လာပါတယ်။ အဲဒါကအူကျွံစေပါတယ်။ အူကျွံတာကအနရာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့သင့်ရဲ့အူနဲ့တခြားအစိတ်အပိုင်းတွေကညှပ်ပိတ်နေပြီးသူတို့အတွက် သွေးအထောက်အပံ့လမ်းကြောင်းကိုပိတ်မိသွားသလိုဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ပါက ကျွံနေသော အူအပိုင်းသည် ပုပ်သွားနိုင်ပါတယ်။ ခွဲစိတ်ဒဏ်ရာမှ အူကျွံခြင်းကို ခွဲစိတ်မှုက ဘာအကျိုးရှိမလဲ။ သင့်မှာအူကျွံရောဂါမရှိတော့ပါဘူး။ ဒီခွဲစိတ်မှုကတခြားဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကိုလည်းမဖြစ်စေတော့ပါဘူး။ ဘယ်လိုအချိန်မှာခွဲစိတ်ဒဏ်ရာမှအူကျွံခြင်းကိုဗိုက်ဖွင့်ပြီးခွဲစိတ်ပြုပြင်မှုလုပ်သင့်လဲ။ တကယ်လို့သင့်ရဲ့အူကပိတ်မိနေတာပဲဖြစ်ဖြစ်ပိတ်မိနေတဲ့အူတွေကလိမ်နေပြီး သွေးအထောက်အပံ့မရတော့တာဘဲဖြစ်ဖြစ်ဗိုက်ဖွင့်ပြီးခွဲစိတ်မှုကိုလုပ်ဖို့လိုပါလိမ့်မယ်။ အလွန်အမင်းအဝလွန်နေတဲ့သူတွေလည်းဗိုက်ဖွင့်ပြီးခွဲဖို့ကိုပြုလုပ်ပြီးဗိုက်သားနံရံကနေအဆီတစ်ရှူးတွေကိုဖယ်ထုတ်ဖို့လိုပါတယ်။ မှန်ပြောင်းခွဲစိတ်မှုပဲဖြစ်ဖြစ်၊ ဗိုက်ဖွင့်ပြီးခွဲစိတ်မှုပဲဖြစ်ဖြစ် နှစ်ခုလုံးမှာအူထပ်မကျွံအောင် ဇကာကွက် (mesh)ကိုအသုံးပြုချင်ပြုပါလိမ့်မယ်။အူကျွံတာသည် ပြန်ဖြစ်နိုင်သည်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ ဒီခွဲစိတ်မှုမလုပ်ခင်မှာသင် ဘာသိထားရမလဲ။ ဗိုက်ဖွင့် ခွဲစိတ်မှုမှာက ဆေးရုံမှာအကြာကြီးနေရလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ခွဲစိတ်ပြီးနာကျင်မှု၊ဒဏ်ရာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာများ နဲ့ ပျောက်ကင်းချိန်ကြာခြင်းတွေကြောင့်ဘဲဖြစ်ပါတယ်။ ဒီခွဲစိတ်မှုအစားတခြားကုသနိုင်တဲ့နည်းလမ်းတွေရှိလား။ သင့်အနေနဲ့အူကျွံခြင်းကိုတစ်ခါတစ်လေထိန် း ထားနိုင်ပေမယ့်ခွဲစိတ်မှုမလုပ်ဘဲပြန်ကောင်းလာဖို့တော့မရှိပါဘူး။ ခွဲစိတ်မှုမပြုလုပ်ခင်သင် ဘာလုပ်ရမလဲ။ သင့်အနေနဲ့သင်သိပ်မကြာခင်က သောက်နေတဲ့ဆေးတွေ၊ဓါတ်မတည့်တာတွေနဲ့တခြားကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြထားရပါမယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ခွဲစိတ်မှုမတိုင်ခင်ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။ သင့်ကိုဆရာဝန်ကခွဲစိတ်မှုအတွက်ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။ဥပမာ - ခွဲစိတ်မှုမစခင်အစာစားလို့ရမရဆိုတာမျိုးပေါ့။ အများအားဖြင့်ခွဲစိတ်မှုမစခင်ခြောက်နာရီမှာသင်ဘာမှမစားရတော့ပါဘူး။ နာရီအနည်းငယ်အလိုထိတော့ ကော်ဖီလိုအရည်တွေတော့ သောက်လို့ရပါသေးတယ်။ ဒီခွဲစိတ်မှုရဲ့လုပ်ရိုးလုပ်စဉ်တွေကဘာတွေလဲ။ မေ့ဆေးပေးပြီးပြုလုပ်မှာဖြစ်ပြီးမိနစ်၉၀ လောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကအရင်ခွဲရာအဟောင်းမှာထပ်ခွဲမှာဖြစ်ပါတယ်။ သူတို့ကအားနည်းနေတဲ့တစ်ရှူးတွေကိုချုပ်ရိုးတွေနဲ့ဘဲဖြစ်ဖြစ်ခွဲစိတ်ခန်းသုံးဇကာကွက် (mesh)ကိုသုံးပြီးကြွက်သားတွေနဲ့တွဲချုပ်လိုက်တာဘဲဖြစ်ဖြစ်လုပ်ဆောင်ပါမယ်။ ခွဲစိတ်မှုပြုလုပ်ပြီးရင်သင်ဘာလုပ်ရမလဲ။ ခွဲစိတ်ပြီးတစ်ရက်ကနေလေးရက်အတွင်းသင်အိမ်ပြန်နိုင်ပါပြီ။ ပထမရက်အနည်းငယ်အတွင်းလမ်းတဖြည်းဖြည်းတိုးပြီးလျှောက်သွားပါ။ သင့်ဆရာဝန်ကသင်ဘယ်အချိန်အလုပ်ပြန်သွားနိုင်မလဲ ဆိုတာကိုပြောပါလိမ့်မယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကသင့်ကိုမြန်နိုင်သမျှအမြန်ဆုံးပုံမှန်ပြန်ဖြစ်ဖို့ကူညီပါလိမ့်မယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Otoplasty In Adults (လူကြီးများတွင် နားပြုပြင်ခွဲစိတ်မှု)

Otoplasty (နားရွက်ပြုပြင် ခွဲစိတ်ခြင်း)ဆိုတာဘာလဲ ။ Otoplasty ဆိုတာကသင့်နားရွက်တွေရဲ့ပုံပန်းသွင်ပြင်ကိုလှပလာအောင်ပြုပြင်ပေးတဲ့ခွဲစိတ်မှုတစ်ခုပါ။ ရည်ရွယ်ချက်ကတော့သင့်ရဲ့ပုံပန်းသွင်ပြင်ကိုသင်စိတ်ကျေနပ်မှုရှိစေပြီးယုံကြည်မှုပိုရှိလာစေဖို့ပါ။ သင့်အနေနဲ့ရွေးချယ်စရာတွေနဲ့လက်တွေ့ကျတဲ့မျှော်လင့်ချက်တွေကို သေချာစဉ်းစားသင့်ပါတယ်။ Otoplasty ကိုဘာကြောင့်လုပ်လဲ။ သင့်အနေနဲ့သင့်နားရွက်နဲ့ပတ်သက်ပြီးအစနောက်ခံနေရရင်၊သင့်နားရွက်တွေ ပုံဆိုးပန်းဆိုးဖြစ်နေရင်နားရွက်ပြုပြင်ခွဲစိတ်မှုကသင့်ကိုစိတ်ကျေနပ်စေမှာပါ။ Otoplasty ရဲ့ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။ အရွယ်ရောက်ပြီးတဲ့ Otoplasty လုပ်မယ့်သူတွေသိထားရမှာကဖွံ့ဖြိုးပြီးသားနားရွက်မှာရှိတဲ့အရိုးနုတွေကကလေးငယ်တွေနားရွက်လိုမျိုးပျော့ပျောင်းမှုမရှိတော့ဘူးဆိုတာပါဘဲ။ တခြားကုသလို့ရတဲ့နည်းတွေရှိလား။ အရွယ်ရောက်ပြီးသူတွေအတွက်ကခွဲစိတ်တာကသာနားရွက်ပုံစံပြောင်းပေးနိုင်မှာပါ။ သင့်အနေနဲ့ဒီခွဲစိတ်မှုရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေရှုပ်ထွေးမှုတွေကိုနားလည်ထားဖို့လိုပါတယ်။ အသေးစိတ်ကိုတော့သင့်ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးပါ။ Otoplasty အတွက်ဘယ်လိုပြင်ဆင်ရမလဲ ။ ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်မှာဖြစ်ပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ကပြင်ဆင်ရမှာတွေကို ပြောပြပါမယ်။ သင့်အနေနဲ့ဘာဆေးတွေသောက်နေလဲပြောပြဖို့အရေးကြီးပါတယ်အထူးသဖြင့် သွေးကျဲဆေးတွေပါ။ ခွဲစိတ်မှုမစခင် ခြောက်နာရီအလိုမှာသင်ဘာမှမစားမသောက်ရတော့ပါဘူး။ သင့်မေ့ဆေးဆရာဝန်စကားကိုနားထောင်ဖို့အရေးကြီးပါတယ်။ မေ့ဆေးမပေးခင်၂၄နာရီအလိုမှာသင်အရက်သောက်ထားလ့ ိုမဖြစ်ပါဘူး။   Otoplasty လုပ်နေစဉ်ဘာတွေဖြစ်သလဲ ။ ခွဲစိတ်မှုကတစ်နာရီလောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကသင့်နားရွက်အနောက်မှာခွဲပြီးအရိုးနုဆီကအရေပြားတချို့ကိုဖယ်ထုတ်လိုက်ပါမယ်။ သူတို့ကသင့်နားရွက်ရဲ့အရိုးနုပုံစံကိုပြောင်းလဲပြီးနားရွက်ကိုပြုပြင်ပေးပါမယ်။ သင့်ခွဲစိတ်ဆရာဝန်ကနားရွက်ကိုပုံစံအသစ်မှာထိန်းထားနိုင်ဖို့နဲ့ အတွန့်အခေါက်ပုံဖော်ဖို့ အတွက်ချုပ်ရိုးတွေလုပ်ဖို့လိုပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ကနားရွက်အရှေ့ဘက်ကိုခွဲပြီးအရေပြားကိုခွဲပါလိမ့်မယ်။ ဒါမှသာအရိုးနုကိုသေချာပုံသွင်းနိုင်မှာပါ။ ဒီနည်းလမ်းကအရိုးနုကိုဦးခေါင်းဘက်ကွေးညွှတ်စေပုံရပါတယ်။ ပြီးရင်ခွဲစိတ်ဆရာဝန်ကသင့်နားရွက်ကိုအထောက်အကူပြုဖို့အတွက်ဦးခေါင်းမှာပတ်တီးလိုမျိုးတစ်ခုခုစည်းပေးပါမယ်။   ခွဲစိတ်မှုပြီးတဲ့အခါသင်ဘာလုပ်ရမလဲ။ ခွဲစိတ်မှုပြီးတဲ့တစ်နေ့တည်းမှာဘဲသင်အိမ်ပြန်လို့ရပါပြီ။ အပတ်အနည်းငယ်တော့အနာရောင်ရမ်းတာကျတဲ့အချိန်တွေမှာအနားယူပြီးအင်အားသုံးရတဲ့လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ ခေါင်းကပတ်တီးဖြေပြီးတဲ့အခါသင်အလုပ်ပြန်သွားနိုင်ပါပြီ။ ခွဲစိတ်ပြီးခြောက်ပတ်အကြာထိသင်အားကစားမလုပ်သင့်ပါဘူး။ Otoplasty ပြီးရင်ဘာဆက်ဖြစ်လဲ ။ နားရွက်ပြုပြင်ခွဲစိတ်မှုကစိတ်ချရတဲ့ခွဲစိတ်မှုပါ။ ဒါပေမယ့်လည်းတခြားခွဲစိတ်မှုတွေလိုဘဲသူ့မှာလည်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေရှိပါတယ်။ ရောဂါပိုးဝင်ခြင်း- ဒါကပုံမှန်အားဖြင့်ပိုးသတ်ဆေးနဲ့ကုသလို့ရပါတယ်။ ထိခိုက်သွားတဲ့နေရာတစ်ဝိုက်ကိုတော့စုပ်ထုတ်ဖို့လိုပါမယ်။ ဒါဟာအနားတစ်ဝိုက်ကခွဲရာတွေကိုလည်း ရောဂါပိုးဝင်စေနိုင်တဲ့အတွက်ပါ။ နောက်ဆုံးနားရွက်လုံးဝပုံပျက်သွားတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကရှားပါတယ်။ နားရွက်အရိုးနုရောင်ခြင်း- ဒါက အရည်တွေ စုပ်ထုတ်ဖို့လိုအပ်ပါတယ်။ သွေးခဲခြင်း - ဒါကနားရွက်အရေပြားထဲမှာဖြစ်ပြီးနားရွက်ပုံပျက်တဲ့ထိဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ကဒါကိုအပ်အသုံးပြုပြီးဖယ်ရှားရပါလိမ့်မယ်။ နားရွက်နောက်အမာရွတ်ကျန်ခြင်း။ အရင်လိုပြန်ဖြစ်ခြင်း - […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု) ကဘာလဲ။ ပြည်တည်နာခွဲစိတ်မှု ဟာ ပြည်တည်နေသော အနာကို ဖယ်ရှားတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ပြည်တည်နာဆိုတာဟာ တစ်ရှူးနံရံ ပတ်ပတ်လည်မှာရှိပြီး အလယ်မှာ ပြည်တွေ စုပြုံနေတဲ့ အနာတစ်ခုဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါက ရောဂါပိုးဝင်ခြင်းကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ပြည်တည်နာ ဖြစ်တတ်ပါတယ်။ သူဟာ နာကျင်တဲ့ အကျိတ်လိုမျိုးဖြစ်ပြီး နေလို့မကောင်းခြင်းကို ဖြစ်စေတတ်ပါတယ်။ ပြည်တည်နာဟာ ကိုယ်ခန္ဓါ အနှံ့အပြားမှာ ဖြစ်နိုင်ပါတယ်။ Abscess Surgery (ပြည်တည်နာခွဲစိတ်ကုသမှု) ကို ဘာကြောင့် လုပ်ကြတာလဲ။ တကယ်လို့ ပြည်တည်နာဟာ ၁ စင်တီမီတာ ထက်ကြီးရင် (သို့) ပိုပိုကြီးလာရင် (သို့) ပိုနာကျင်လာရင် ပြည်တည်နာ ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်မှုလုပ်ပြီးရင် ပြည်တည်နာ ရှိမှာ မဟုတ်တော့ပါဘူး။ ခွဲစိတ်မှုဟာ ပြည်တည်နာက ဖြစ်စေတဲ့ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လက္ခဏာများAbscess […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Bilateral Vasectomy (အမျိုးသား သားကြောဖြတ်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းဆိုတာဘာလဲ အမျိုးသားများသားကြောဖြတ်ခြင်းဆိုတာအမြဲတမ်းကလေးမရနိုင်တော့အောင် ခွဲစိတ်ကုသပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်ခြင်းဟာ ဝှေးစေ့မှာရှိတဲ့ သုက်ပိုးများကိုယောက်ျားတန်ဆာဆီပို့ဆောင်ပေးတဲ့ သုက်ပို့ပြွန်၂ခုကို ဖြတ်တောက်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုက်ပိုးများဟာသုက်ရည်ထဲမရောက်နိုင်တော့ပါဘူး။ သုက်ရည်ထဲသုက်ပိုးမပါတဲ့အခါ မမျိုးဥနဲ့ မပေါင်းနိုင်တော့တာမို့ ဒီနည်းကိုကလေးမရဖို့ သုံးနိုင်ပါတယ်။ ဆောင်ရန်ရှောင်ရန်များအမျိုးသားများသားကြောဖြတ်ရန် ခွဲစိတ်ခြင်းကိုဘယ်အချိန်မှာခံယူသင့်သလဲ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာတခြားသားဆက်ခြားနည်းတွေ မသုံးချင်တော့ရင် ဒီနည်းကိုအသုံးပြုနိုင်ပါတယ်။   အမျိုးသားများသားကြောဖြတ် ခွဲစိတ်ခြင်းမခံယူခင် ဘာတွေသိထားသင့်သလဲ ဒီခွဲစိတ်မှုကြောင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ ခံစားမှုမှာကျဆင်းမသွားပါဘူး။ သုက်ရည်ထွက်မှုလည်းကျမသွားပါဘူး။ ဒီခွဲစိတ်မှုဟာဘေးကင်းတာများပေမယ့် ဖြစ်နိုင်ခြေပြသနာတွေကိုအရင်သိထားဖို့ လိုပါတယ်။ ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။ လုပ်သင့်သည်များသားကြောဖြတ် ခွဲစိတ်မှု မလုပ်ခင် ဘာတွေလုပ်သင့်သလဲ ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ မခွဲခင်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီဆီးခုံမွေးတွေကိုရိတ်သင့်ပါတယ်။ ပြီးရင် သန့်ရှင်းအောင် ဆေးကြောထားရပါမယ်။ သင်ဆန္ဒရှိရင် အစားနည်းနည်းစားနိုင်ပါတယ်။ ရေခဲအိတ်လုပ်ပြီးယူဆောင်သွားဖို့လည်းလိုပါတယ်။ ဆေးရုံကိုသွားရင် အဖော်တယောက်ယောက် ခေါ်သွားသင့်ပါတယ်။ သားကြောဖြတ်ခွဲစိတ်မှုရဲ့ ပုံမှန်အဆင့်တွေကဘာတွေလဲ ခွဲစိတ်မှုမှာမေ့ဆေးပေးခြင်း ပါဝင်ပြီး ၁၅မိနစ်ကနေ မိနစ်၂၀ထိ ကြာနိုင်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်