backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Barium Enema (ဘေရီယမ်ဆေးရည်သုံးစစ်ဆေးခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အခြေခံအချက်များ။

barium ဘေရီယမ်ဆေးရည်သုံးစစ်ဆေးခြင်း ဆိုတာ ဘာလဲ

barium ဆေးရည်သုံး စစ်ဆေးခြင်း ဆိုတာ barium sulfate လို့ခေါ်တဲ့ အရည်ကို သင့်အူမထဲကို ထည့်သွင်းပြီး ဓါတ်မှန်ရိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲဒီပစ္စည်းဟာ သိသိသာသာကွဲပြားပြီး မြင်တွေ့နိုင်တဲ့အရာဖြစ်တာမို့ ဓါတ်မှန်ရိုက်ကူးရာမှာ သုံးပါတယ်။ အူမရဲ့ပုံကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပြီး ပုံမှန်မဟုတ်တဲ့အရာများရှိရင်လည်း မြင်နိုင်ပါတယ်။

အကြောင်းရင်းကို သိခြင်း။

Barium ဆေးရည်သုံးစစ်ဆေးခြင်း ကို ဘာကြောင့် ပြုလုပ်သလဲ

သင့်ရဲ့ဆရာဝန်ဟာ သင့်မှာအောက်ပါ လက္ခဏာတွေရဲ့ အကြောင်းရင်းကို ရှာချင်ရင် Barium ဆေးရည်သုံးစစ်ဆေးဖို့ အကြံပြုပါလိမ့်မယ်။

  • အစာအိမ်နာခြင်း
  • အူမကြီးမှသွေးထွက်ခြင်း
  • အူလမ်းကြောင်း အလေ့အထ ပြောင်းလာခြင်း
  • အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန် ကျသွားခြင်း
  • ကြာရှည်စွာ ဝမ်းပျက်ခြင်း

Barium ဆေးရည်သုံးစစ်ဆေးခြင်းကြောင့် အောက်ပါ ရောဂါအခြေအနေများ ရှိမရှိ သိနိုင်ပါတယ်။

  • ပုံမှန်မဟုတ်သော အကျိတ်ကြီးထွားမှုများ
  • အူလမ်းကြောင်း ရောင်ရမ်းခြင်း

ဖြစ်နိုင်ခြေအန္တရာယ်များ

Barium ဆေးရည်သုံးစစ်ဆေးခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ

Barium ဆေးရည်သုံးခြင်းမှာ အောက်ပါ နောက်ဆက်တွဲပြသနာတွေ ရှိနိုင်ပါတယ်။

  • အူမတဝိုက် တစ်သျှူးများ ရောင်ရမ်းခြင်း
  • အစာအိမ်အူလမ်းကြောင်း ပိတ်ဆို့ခြင်း
  • အူမပေါက်ပြဲခြင်း
  • Barium မတည့်ခြင်း စတာတွေ ဖြစ်ပါတယ်။

Barium ဆေးရည်သုံးစစ်ဆေးခြင်းကို ကိုယ်ဝန်ဆောင်ချိန်မှာ မပြုလုပ်ရပါဘူး။ ဓါတ်မှန်ရိုက်ခြင်းဟာ သန္ဓေသားကို ထိခိုက်စေလို့ ဖြစ်ပါတယ်။

ဒီနည်းလမ်းကို မပြုလုပ်ခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ဆရာဝန်နဲ့ ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း။

Barium ဆေးရည်သုံးစစ်ဆေးခြင်း မပြုလုပ်မီ ဘာတွေ ပြင်ထားရမလဲ

ဒီအစီအစဉ်မတိုင်ခင်မှာ သင့်အူလမ်းကြောင်းကို ရှင်းလင်းသွားစေဖို့ ဆေးပြား (သို့) ဝမ်းနုတ်ဆေးကို ပေးပါလိမ့်မယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ အူမထဲမှာ တခုခုရှိနေရင် ဓါတ်မှန်ပုံရိပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ဆရာဝန်အတွက် ပုံမှန် မဟုတ်တဲ့ ပုံရိပ်တွေလို့ ထင်သွားနိုင်ပါတယ်။

အူလမ်းကြောင်းရှင်းလင်းသွားစေဖို့ အောက်ပါ အဆင့်အတိုင်း လုပ်ဆောင်ရပါတယ်။

  • ဒီအစီအစဉ်မတိုင်ခင် သီးသန့်အစာများ စားသောက်ရပါမယ်။ ဆရာဝန်ဟာ သင့်ကို ရေ၊ ကော်ဖီ၊ နို့မပါတဲ့လက်ဖက်ရည်၊ စွပ်ပြုတ်၊ အအေး စတာတွေ မသောက်ဖို့ မှာပါလိမ့်မယ်။
  • သန်းခေါင်ယံနောက်ပိုင်းမှာ အစာမစားရပါဘူး။ ညသန်းခေါင်ကနေ Barium ဆေးရည်မသုံးခင်ထိ ဘာကိုမှ မစားမသောက်ရပါဘူး။
  • Barium ဆေးရည်မသုံးခင်ညမှာ ဝမ်းနုတ်ဆေးသောက်ရပါမယ်။ ဆေးရည်ဖြစ်ဖြစ် ဆေးပြားဖြစ်ဖြစ် သောက်နိုင်ပါတယ်။
  • တခါတရံ ဝမ်းချူတဲ့ပစ္စည်းအစုံကို သုံးနိုင်ပါတယ်။ ညနေပိုင်း ဒါမှမဟုတ် စမ်းသပ်မှုမလုပ်ခင် အူမထဲမှာ အကြွင်းအကျန်တွေ မရှိအောင် ပြုလုပ်ထားဖို့ လိုပါလိမ့်မယ်။

စမ်းသပ်မှုမလုပ်ခင် တပတ်လောက်အထိ ဘာဆေးတွေ သောက်ထားတယ်ဆိုတာ ဆရာဝန်ကို ပြောသင့်ပါတယ်။ ဆရာဝန်ဟာ တချို့ဆေးတွေကို ရက်အနည်းငယ် နာရီအနည်းငယ်မျှ သောက်သုံးတာ ရပ်တန့်ဖို့ အကြံပြုနိုင်ပါတယ်။

စမ်းသပ် စစ်ဆေးခြင်း။

Barium ဆေးရည်သုံးစစ်ဆေးနေစဉ် ဘာဖြစ်နိုင်လဲ

ဒီအစီအစဉ်ဟာ မိနစ်၃၀ခန့်ကြာနိုင်ပါတယ်။ ဓါတ်မှန်ဆရာဝန်ဟာ အူမကြီးထဲကို ပြွတ်တခု ထည့်သွင်းပြီး barium ဆေးကို ထည့်ပါလိမ့်မယ်။

ပြီးရင် ဆရာဝန်ဟာ အနေအထားမျိုးစုံနဲ့ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ လိုအပ်တဲ့ဓါတ်မှန်တွေ ရိုက်ပြီးသွားရင် ဆေးထည့်ထားတဲ့ပြွန်ကို ဖယ်လိုက်ပါလိမ့်မယ်။

သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ပြန်လည်သက်သာခြင်း။

Bariumဆေး သုံးစွဲအပြီး ဘာတွေဖြစ်နိုင်သလဲ

ရလာဒ်အတွက် ရက်အနည်းငယ်စောင့်ရပြီး ပြန်ချိန်းပါလိမ့်မယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ရေရှည် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။ သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Barium ဆေးသုံးပြီးနောက် အောက်ပါနောက်ဆက်တွဲ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။

  • အစာအိမ်နာခြင်း၊ မအီမသာဖြစ်ခြင်း
  • သွေးထွက်ခြင်း
  • ရေဒီယိုဓါတ်ရောင်ခြည်ထိတွေ့ခြင်း
  • အူလမ်းကြောင်းပေါက်ပြဲခြင်း
  • လေ (သို့) barium ဆေးကြောင့် သွေးကြောပိတ်ခြင်း
  • အမြင်ဝါးခြင်း
  • ဓါတ်မတည့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement