backup og meta

မေ့ဆေး၏ နောက်ဆက်တွဲပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ဆေး၏ နောက်ဆက်တွဲပြဿနာများ

    မေ့ဆေး (Anesthesia)ဆိုတဲ့ အသုံးအနှုန်းဟာ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး အာရုံခံစားမှုတွေဆုံးရှုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နာကျင်မှုတွေနဲ့ အတွင်းပိုင်းထိခွဲစိတ်ရဖို့တွေလုပ်ရမယ်ဆိုရင်တော့ မေ့ဆေးကို လိုအပ်လာပါပြီ။ ခြုံကြည့်မယ်ဆိုရင်တော့ မေ့ဆေးဟာ အန္တရာယ်ကင်းပေမယ့် နောက်ဆက်တွဲပြဿနာအချို့တော့ ဖြစ်ပွားနိုင်ပါသေးတယ်။

    Anesthesia ဘယ်နှစ်မျိုးရှိသလဲ

    မေ့ဆေး (Anesthesia) မှာ အဓိကအားဖြင့် ၃မျိုးရှိပါတယ်။

  • General Anesthesia : သွေးကြောထဲထည့်ရတဲ့ဆေးတွေနဲ့ ဓါတ်ငွေ့တွေကို သုံးပြီး လူနာကို သက်တောင့်သက်သာနဲ့ တည်ငြိမ်တဲ့ အနေအထားကိုရအောင်လုပ်ပါတယ်။ တစ်ခါတလေမှာတော့ သင့်ကြွက်သားတွေ မလှုပ်ရှားနိုင်တာမျိုးဖြစ်တတ်ပါတယ်။
  • Regional anesthesia : ဒီဆေးကိုတော့ အဓိကအကျဆုံးလို့ပြောလို့ရတဲ့ ကျောရိုးတစ်ဝိုက် သို့မဟုတ် ကျောရိုးထဲကို တိုက်ရိုက်ဆေးတွေထည့်သွင်းလိုက်တာဖြစ်ပြီး ကျောရိုးအာရုံကြောတွေကို ပိတ်ပင်ထားဆီးထားလိုက်တာပါ။ (ဥပမာ- epidural or spinal anaesthesia) ဒီနည်းလမ်းဟာ အာရုံခံစားမှုတွေကို ပိတ်ပစ်နိုင်စွမ်းတော့ သိပ်ပြီးမြင့်မားလှတာမဟုတ်ပါဘူး။ Regional anesthesia တွေမှာ Peripheral တွေလည်း ပါဝင်ပါတယ်။
  • ဥပမာ-
  • Plexus blocks- eg, brachial plexus
  • Nerve blocks – eg, Femoral
  • Intravenous Blocks သတ်မှတ်ထားတဲ့ နေရာမှတစ်ပါး သွေးပြန်ကြောစီးဆင်းမှုကို ကာကွယ်ခြင်း
  • General Anesthesia မှ ရနိုင်တဲ့ နောက်ဆက်တွဲပြဿနာများ

    • Anaphylaxis : ဒါကတော့ anesthesia မှာပါဝင်တဲ့ ဘယ်လို anesthetic agent တွေကြောင့်မဆို ဖြစ်နိုင်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အဖုထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ bronchospasm (လေပြွန်ကျဉ်းခြင်း)၊ သွေးဖိအား ကျလွန်းခြင်း နဲ့ အော့အန်ခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
    • နာကျင်ခြင်း
    • ပျို့ခြင်း နှင့် အော့အန်ခြင်း
    • Aspiration pneumonitis (အဆုတ်ရောင်ရောဂါ) ဒါကတော့ ကလေးတွေမှာ ပိုပြီးအဖြစ်များပါတယ်။
    • လည်ချောင်းနာခြင်း နှင့် laryngeal ပျက်စီးခြင်း
    • သွားပျက်စီးခြင်း
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Respiratory depression)
    • နှလုံးသွေးကြောပိတ်ခြင်း
    • Embolism- လေ၊ thrombus၊ သွေးပြန်ကြော သို့မဟုတ် သွေးလွှတ်ကြော
    • Hypothermia (ခန္ဓါကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်း)
    • အာရုံကြော ထိခိုက်ဒဏ်ရာရမှု
    • Hypoxic brain damage
    • Anesthesia လုပ်နေစဉ် ရုတ်တရက် သတိလည်လာခြင်း
    • ခါးနာခြင်း
    • Central line insertion နဲ့ ဆက်စပ်နေတဲ့ Pneumothorax ကဲ့သို့သော Latrogenic
    • သေဆုံးခြင်း

    Regional anesthesia မှ နောက်ဆက်တွဲပြဿနာများ

    • နာကျင်မှု
    • Cerebrospinal fluid (CSF) ယိုစိမ့်ထွက်ခြင်းမှ Post-dual headache (ခေါင်းကိုက်ခြင်း)
    • တိုက်ရိုက်အာရုံကြောပျက်စီးခြင်း
    • သွေးဖိအားအလွန်နည်းခြင်း နှင့် နှလုံးအလုပ်လုပ်ရာတွင် အဆမတန်နှေးကွေးခြင်း (Breadycardia)
    • Intrathecal bleed သို့မဟုတ် Epidural (သွေးထွက်ခြင်း)
    • ကျောရိုးပိုးဝင်ခြင်း
    • ပိတ်ဆို့မှုအားကောင်းလွန်းခဲ့လျှင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်ခြင်း (Respiratory failure)
    • ခန္ဓါကိုယ်အပူချိန် နိမ့်လွန်းခြင်း
    • ကျောရိုးမကြီးထိခိုက်ပျက်စီးခြင်း – ဒါဟာ ယာယီလည်းဖြစ်နိုင်သလို ရာသက်ပန်ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။
    • Aseptic meningitis ( ဦးနှောက်အမှေးရောင်ခြင်း )
    • ထုံဆေးကြောင့် မူးဝေခြင်း (Anesthetic intoxication)
    • ဆီးကျဉ်ခြင်း (Urinary retention)
    • ကျောရိုးတွင်းသွေးခဲခြင်း (Hematoma of the spinal cord)
    • Anaphylaxi (ဓါတ်မတည့်ခြင်း)
    • Spinal cord infarction ( ကျောရိုးမ ပုပ်ခြင်း )

    Local anesthesia ၏ နောက်ဆက်တွဲ ပြဿနာများ

    • နာကျင်ခြင်း
    • Ischemic Necrosis
    • ပိုးဝင်ခြင်း
    • Direct Injury (တိုက်ရိုက်ထိခိုက်မိခြင်း) ကြောင့် အာရုံကြောဒဏ်ဖြစ်ခြင်း

    အချို့သော ကျန်းမာရေးအခြေအနေများကြောင့် ထိခိုက်နိုင်ခြင်း

    တကယ်လို့သင်က Anesthesia လိုအပ်မယ့် ကျန်းမာရေးဆိုင်ရာကုသမှုတစ်ခုလုပ်ဖို့ ပြင်ဆင်နေပြီဆိုရင် သင့်ကျန်းမာရေးအခြေအနေနဲ့ Anesthesia ကုသမှုကြောင့် ရလာနိုင်တဲ့ အန္တရာယ်အခြေအနေတွေကို စစ်ဆေးရမှာပါ။ သင့်ရဲ့မေ့ဆေးအထူးကုကိုလည်း သင့်ကျန်းမာရေးရာဇဝင်အကြောင်း၊ ဆိုလိုတာက သင်ခွဲစိတ်မှုတစ်ခုခုပြုလုပ်ဖူးရင် အဆိုပါခွဲစိတ်မှုအကြောင်းနဲ့ သင့်ကျန်းမာရေးပြဿနာတွေကို ပြောပြသင့်ပါတယ်။ မေ့ဆေးအထူးကုကို သင့်ကျန်းမာရေးအခြေအနေတွေအားလုံးကို အနုလုံ ပဋိလုံသုံးသပ်နိုင်ပါစေ၊ သင်ကိုယ်ဝန်ဆောင်နေတာပဲဖြစ်ဖြစ်၊ ဆေးလိပ်သို့မဟုတ် အရက် သို့မဟုတ် ဆေးဝါးပြဿနာတစ်ခုခုရှိနေတာပဲ ဖြစ်ဖြစ်အားလုံးပေါ့။ ဒါ့အပြင် anesthesia နဲ့ မတည့်ခဲ့ဖူးတဲ့ ရာဇဝင်ရှိတဲ့ မိသားစုဝင်တွေရှိနေရင်လည်း သူ့ကိုပြောပြပါ။ သင့်ရဲ့မေ့ဆေးအထူးကုကို သင်ပုံမှန်သောက်သုံးနေရတဲ့ဆေးတွေ၊ လောလောလတ်လတ်သုံးစွဲနေရတာတွေ၊ ဆေးညွှန်းအရသောက်ရတဲ့ဆေးတွေ၊ ဗီတာမင်တွေ၊ ဆေးကောင်တာတွေမှာ ဝယ်ယူရရှိနိုင်တဲ့ဆေးတွေ သို့မဟုတ် တိုင်းရင်းဆေးတွေပါ အပါအဝင်ပေါ့။

    တကယ်လို့သင်က anesthesia ကုသမှုခံယူရမယ်ဆိုရင် အချို့သောကျန်းမာရေးပြဿနာတွေက နောက်ဆက်တွဲပြဿနာဖြစ်လာနိုင်ချေကို တိုးမြင့်စေပါတယ်။ ဒီလိုကျန်းမာရေးပြဿနာတွေထဲမှာ

    • လေဖြတ်ခြင်း နှင့် အကြောသေခြင်းကဲ့သို့သော အာရုံကြောဆိုင်ရာ ပြဿနာများ
    • heart attack ဖြစ်ဖူးခြင်း , Angina(နှလုံးစူးအောင့်ခြင်း), နှလုံးရောဂါ၊ သွေးဖိအားမြင့်ခြင်း၊ သို့မဟုတ် Valvular နှလုံးအဆို့ရောဂါ အစရှိတဲ့ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာများ
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ
    • နာတာရှည်အဆုတ်ရောဂါ (COPD) သု့ိမဟုတ် ပန်းနာရင်ကြပ်ရောဂါ
    • အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း
    • ဆီးချို
    • အဝလွန်ခြင်း
    • အသည်းရောဂါ
    • အာရုံကြောကြွက်သားဆိုင်ရာ ရောဂါ (ဥပမာ- ကြွက်သားကြုံလှီခြင်း (Muscular dystrophy))

    စတာတွေ ပါဝင်ပါတယ်။

    Anesthesia နဲ့ပတ်သက်ပြီး သိပ်ပြီးစိုးရိမ်ပူပန်နေစရာမလိုပါဘူး။ သင့်ကိုကုသပေးနေတဲ့ဆရာဝန်တွေက ဒီဆေးနဲ့ပတ်သက်ပြီး သင်ဖြစ်နိုင်တဲ့ အခြေအနေတွေကို ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ သူတို့ဟာ မေ့ဆေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ချေကို လျှော့ချပေးနိုင်ဖို့ သင့်ရဲ့ အရေးပါတဲ့ ခန္ဓါကိုယ်အလုပ်လုပ်ပုံတွေကို အနီးကပ်ဆုံးစောင့်ကြည့်နေမှာဖြစ်ပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement