ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။  Mammograms ဆိုတာ ဘာလဲ! Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Peripheral Nerve Block (စွန်ဖျားအာရုံကြောထုံဆေး)

Peripheral nerve block စွန်ဖျားအာရုံကြောထုံဆေး ဆိုတာဘာလဲ။ Peripheral nerve block ဟာ ထုံဆေးထိုးခြင်းနဲ့ လက်မောင်းကိုသွားတဲ့အဓိက အာရုံကြောများပတ်လည်မှာ နာကျင်မှုကင်းမဲ့စေခြင်းတွေ ပါဝင်တဲ့ ထုံဆေးပေးနည်းတစ်မျိုး ဖြစ်ပါတယ်။ Peripheral nerve block ဟာ နာကျင်မှုသက်သာစေဖို့ အာရုံကြောတွေကို ခဏတာထုံသွားစေပါတယ်။ လက်မောင်းတွင် အာရုံကြောပိတ်ဆို့ခြင်းကို များသောအားဖြင့် သင့်ကို စိတ်ငြိမ်ဆေးပေးပြီး နိုးနေစဉ်မှာ ပြုလုပ်လေ့ရှိပြီး မေ့ဆေးနဲ့လည်း တွဲဖက် ပြုလုပ်နိုင်ပါတယ်။ အာရုံကြောပိတ်ဆို့ခြင်းကို ခွဲစိတ်မှုအတွက် မေ့ဆေးအနေနဲ့အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ နာကျင်မှု သက်သာစေပါတယ်။ ခွဲစိတ်မှုပေါ်မူတည်ပြီး ထိုးသွင်းခြင်းကို လည်ပင်းဘေး၊ ရင်ညွန့်ရိုးနဲ့ ချိုင်းကြားနား၊ လက်မောင်း၊ လက်ဖျံ၊ လက်ကောက်ဝတ်တွေမှာ ထိုးနိုင်ပါတယ်။ ခြေထောက်မှာတော့ ပေါင်၊ ဒူး အနောက်ပိုင်း၊ ခြေချင်းဝတ်၊ ခြေဖဝါးနဲ့ ပေါင်နားမှာ ထိုးနိုင်ပါတယ်။ Peripheral nerve block […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Prostate Disease Surgery (ဆီးကျိတ်ခွဲစိတ်ခြင်း)

Prostate disease surgery ဆိုတာဘာလဲ။ ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်း Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာ အသင့်အတင့်မှ များပြားခြင်းကို လျော့နည်းစေဖို့အတွက် ဆီးကျိတ်ခွဲစိတ်မှု တစ်ခုဖြစ်ပါတယ်။ Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကုသဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ သင့်အတွက် သင့်လျော်လားဆိုတာ သိရှိဖို့အတွက် ဆရာဝန်က နောက်ဆက်တွဲဆိုးကျိုးတွေရဲ့ ပြင်းထန်မှုတွေကို လေ့လာစစ်ဆေးမှာ ဖြစ်ပြီး အခြားရောဂါရှိမရှိ၊ ဆီးကျိတ်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍန်ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ Prostate disease surgery တွေကို ဘာကြောင့် လုပ်ကြတာလဲ။ Transurethral resection of the prostate […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Chest Drain Insertion (ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း)

ရင်ခေါင်းပိုက်ထည့်ခြင်း ရင်ခေါင်းအတွင်းသို့ ပိုက်ထည့်ခြင်းဟာ အဆုတ်နဲ့ ရင်ခေါင်းနံရံကြားက လေနဲ့ အရည်တွေကို ဖယ်ထုတ်ဖို့ ဘေးကင်းပြိး ထိရောက်တဲ့နည်းလမ်းတခု ဖြစ်ပါတယ်။ အခန်း (၁) အဓိပ္ပါယ် - ရင်ခေါင်းအတွင်း ပိုက်ထည့်ခြင်း အဆုတ်နဲ့ ရင်ခေါင်းနံရံကြားနေရာကို ပိုက်သေးသေး တချောင်းထည့်ပြီး အဲဒီနေရာက လေ (သို့) အရည်တွေကို စီးထွက်စေခြင်း ဖြစ်ပါတယ်။ ရင်ခေါင်းအတွင်း လေဝင်ခြင်းဟာ အဆုတ်ပေါက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ နာကျင်ပြီး အသက်ရှူရခက်ပါတယ်။ အရည်ဝင်ခြင်းဟာလည်း အသက်ရှူရခက်ခဲစေပါတယ်။ - ဘယ်အချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်သင့်သလဲ ခွဲစိတ်မှုကြောင့် ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်စေ ရင်ခေါင်းအပေါ် ဖိအားတခုခုသက်ရောက်တဲ့အခါ သွေး ဒါမှမဟုတ် လေတွေ စုလာတတ်ပြီး အဆုတ်ကို အလုပ်မလုပ်နိုင်ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ရင်ခေါင်းအတွင်း ပိုက်ထည့်ပြီး ကုသဖို့ လိုအပ်ပါတယ်။   အခန်း(၂)၊ သတိပေးချက်များ - ရင်ခေါင်းအတွင်း ပိုက်မထည့်မီ ဘာတွေသိထားသင့်လဲ ဓါတ်မှန် ဒါမှမဟုတ် စကင်တမျိုးမျိုးရိုက်ပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Trapeziectomy (လေးထောင့်ရိုးထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trapezium ဆိုတာဘာလဲ Trapezium လေးထောင့်ရိုး ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့ လေးထောင့်ဆတ်ဆတ်အရိုးလေးတစ်ခုဖြစ်ပြီး လက်မရိုးအခြေနဲ့ဆက်ထားသော အရိုးလေးဖြစ်ပါတယ်။ အဆစ်ရောင်ခြင်းရောဂါတွေထဲမှာ အဆစ်တွေထိခိုက်ပျက်စီးသွားတတ်တဲ့ အဆစ်ရောင်ခြင်းအခြေအနေတစ်ခုရှိတယ်။ ထိုအခြေအနေမှာဆိုရင် အဆစ်တွေရဲ့မျက်နှာပြင်ကိုကာထားတဲ့ အရိုးနုတွေ တဖြေးဖြေးစားသွားပြီး အောက်ခံအရိုးပျက်စီးကာ အဆစ်နာခြင်း၊ တောင့်တင်းခြင်း၊ အားနည်းခြင်းများ ဖြစ်လာတတ်ပါတယ်။ အကြောင်းရင်းများTrapeziectomy ကိုဘာလို့လုပ်ကြသလဲ နာကျင်မှုကိုသက်သာစေဖို့နဲ့ လက်မပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ လုပ်ကြပါတယ်။ ဘာတွေဖြစ်နိုင်လဲ လက်မလှုပ်ရှားမှုကိုထိန်းချုပ်ဖို့ သတ္ထုချောင်းတစ်ခုခုနဲ့ ချည်ထားရနိုင်ပါတယ်။ နာကျင်မှုကိုသက်သာဖို့ စတီးရွိုက်ထိုးဆေးတစ်မျိုး ထိုးပါတယ်။ အဆစ်တစ်ခုလုံးကို သတ္ထု၊ ပလတ်စတစ်တို့နဲ့ လုပ်ထားတဲ့ အဆစ်တုနဲ့အစားထိုးလို့ဖြစ်နိုင်ပါတယ်။ ငယ်ရွက်သွက်လက်ဆဲလူများမှာဆိုရင် လို့ခေါ်တဲ့ အရိုးများကိုချိတ်ဆက်ထိန်းချုပ်ထားတဲ့နည်းက ပိုကောင်းပါလိမ့်မယ်။ ခွဲစိတ်မှုမပြုလုပ်ခင်ဖြစ်နိုင်ချေများ၊ အန္တရာယ်များကို ကြိုတင်သိရှိနားလည်ထားတာကောင်းပါလိမ့်မယ်။ သိလိုသည်များရှိပါက ဆရာဝန်၊ ခွဲစိတ်ဆရာဝန်တို့နဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။ ပြင်ဆင်ခြင်းလတ်တလောမှီဝဲနေရတဲ့ဆေးတွေ၊ ရောဂါအခြေအနေတွေကို ဆရာဝန်ကိုပြောပြပါ။ ဓါတ်မတည့်ခြင်းများရှိလျှင်လည်းပြောပြပါ။ ခွဲစိတ်မှုမတိုင်ခင် ရပ်တန့်ရမည့် ဆေးများရှိပါကလည်း သေချာလိုက်နာပါ။ ခွဲစိတ်မှုမတိုင်ခင်မှာ လိုက်နာလုပ်ဆောင်သင့်တဲ့ စည်းကမ်းချက်တွေကို သေချာသိထားတာအကောင်းဆုံးပါ၊ ခွဲစိတ်မှုမတိုင်မီ ဘာတွေစားလို့ရလဲ အပါအဝင်ပေါ့။ များသောအားဖြင့်တော့ ခွဲစိတ်မှုမတိုင်ခင် ၆ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Femoral Hernia Repair (ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း ကို ဘယ်လိုကုသပြုပြင်မလဲ)

အဓိပ္ပါယ်များပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ကုသပြုပြင်တယ်ဆိုတာ ဘာလဲ။ ပေါင်ထိပ်မှာဖြစ်တဲ့ အူကျခြင်း (femoral hernia)ကို ဖယ်ရှားခြင်း ဒါမှမဟုတ် ပြုပြင်ခြင်းကို ဆိုလိုပါတယ်။femoral canal လို့ခေါ်တဲ့ လမ်းကြောင်းလေးအနားမှာရှိတဲ့ ဝမ်းဗိုက်ကြွက်သားနံရံ အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အူကျခြင်း (femoral hernia)ဟာ အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ femoral hernia ဟာ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ သင့်ဝမ်းဗိုက်ကြွက်သားနံရံရဲ့ ကြွက်သားအလွှာတွေထဲမှာ အားနည်းတဲ့နေရာလေးတွေ ဖြစ်ပေါ်လာနိုင်ပြီး ဗိုက်ထဲကအူတွေဟာ အဆိုပါ နေရာလေးတွေကတဆင့် အပြင်ကို တိုးထွက်လာပါတယ်။ ဒီလိုထိုးထွက်လာတဲ့အတွက် အပြင်ဖက်မှာ ဖောင်းဖောင်းလေးဖြစ်လာပြီး ဒါကို အူကျတယ်လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်နဲ့ခြေထောက်ကြား အပြန်အလှန်ဆက်သွယ်နေတဲ့ femoral artery နဲ့vein သွေးကြောတွေဖြတ်သန်းသွားရာ ဝမ်းဗိုက်နံရံရှိ အပေါက်လေးကနေတဆင့် femoral hernia […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Flexible Sigmoidoscopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း)

Flexible sigmoidoscopy ဆိုတာဘာလဲ။ မှန်ပြောင်းအပျော့လေးအသုံးပြုပြီး အူမကြီးရဲ့ ဘယ်ဖက်အောက်ခြေပိုင်းကို ကြည့်ရှုစစ်ဆေးတာကို အူမကြီးမှန်ပြောင်းကြည့်ခြင်း (Flexible sigmoidoscopy) လို့ခေါ်ပါတယ်။ အူမကြီးမှန်ပြောင်းကြည့်ခြင်းဟာ အူမကြီးရဲ့ အောက်ဖက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ နည်းလမ်းကောင်း တခုဖြစ်ပါတယ်။ တခါတရံ အူမကြီးမှာ အလုံးအကျိတ်အသေးလေးတွေ ဖြစ်ပေါ်နေတတ်ပြီး အဆိုပါ အလုံးတွေကို မှန်ပြောင်းကြည့်ရင်းနဲ့ တခါတည်း ဖယ်ရှားပစ်လို့ရပါတယ်။ Flexible sigmoidoscopy မလုပ်ချင်ဖူးဆိုရင် နောက်ထပ်မှန်ပြောင်းကြည့်နည်းတမျိုးဖြစ်တဲ့ colonoscopy လုပ်လို့ရသလို barium လို့ခေါ်တဲ့ ဆေးတမျိုးကို စအိုထဲကတဆင့် အူလမ်းကြောင်းထဲ ထိုးသွင်းပြီး ဓါတ်မှန်ရိုက်တာ ဒါမှမဟုတ် CT ရိုက်တာတို့ကို ပြုလုပ်နိုင်ပါသေးတယ်။ အူမကြီးမှန်ပြောင်းကြည့်တာ ဘာလို့လုပ်ရတာလဲ။ အောက်ပါအခြေအနေတွေမှာ အူမကြီးမှန်ပြောင်းကြည့်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ · အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နေရင်။ ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊သွေးဝမ်းသွားခြင်း၊ဝမ်းသွားတဲ့ အလေ့အထပြောင်းခြင်း၊ကာလကြာရှည် ဝမ်းလျှောခြင်းအပါအဝင် အခြားသော အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရဲ့ အကြောင်းရင်းဇစ်မြစ်ကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

General Anaesthetic (မေ့ဆေးပေးခြင်း)

မေ့ဆေးဆိုတာ ဘာလဲ။ သင့်ကို လုံးဝသတိလစ်မေ့မြောသွားအောင် ဒါမှမဟုတ် ထုံနေအောင်လုပ်ပေးနိုင်တဲ့ ဆေး ဒါမှမဟုတ် အရာဝတ္ထုတွေကို မေ့ဆေးထုံဆေးလို့ခေါ်ပြီး အမျိုးအစားနဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်။ မေ့ဆေးပေးလိုက်ပြီဆိုရင်တော့ လူနာဟာ ခံစားသိရှိမှု လုံးဝပျောက်ကွယ်သွားမှာဖြစ်ပြီး သတိလစ်မေ့မြောသွားမှာပါ။ ဒါမှသာ ခွဲစိတ်နေတာတွေကို မသိမှာ ဖြစ်ပါတယ်။ မေ့ဆေး၊ထုံဆေး အမျိုးအစားအားလုံးဟာ အာရုံကြောတွေရဲ့ သတင်းအချက်အလက် လွှင့်ထုတ်မှုတွေကို တားဆီးနှောင့်ယှက်ပြီး အာနိသင်ပြတယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ဆိုလိုတာက မေ့ဆေး၊ထုံဆေးပေးထားချိန်မှာ ခန္ဓါကိုယ်မှာ ဖြစ်ပေါ်နေတဲ့ လှုံ့ဆော်နှိုးဆွမှုတွေကို ဦးနှောက်က မသိရှိ၊မတုံ့ပြန်နိုင်ဖူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ မေ့ဆေးကို မေ့ဆေးဆရာဝန်ကသာ ကိုင်တွယ်သုံးစွဲသင့်ပြီး ထိုးဆေး ဒါမှမဟုတ် အငွေ့အဖြစ် ပေးနိုင်ပါတယ်။   ဘာလို့မေ့ဆေးပေးရတာလဲ။ အချို့သော ခွဲစိတ်မှုတွေကို ပြုလုပ်တဲ့အခါ မေ့ဆေးပေးရပါတယ်။ ဒါမှသာ ပိုပြီးလုံခြုံစိတ်ချရသလို လူနာအနေနဲ့လည်း ဆရာဝန် ဘာလုပ်နေလဲဆိုတာ မသိနိုင်တော့တဲ့အတွက် ပိုပြီးသက်တောင့်သက်သာရှိမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Haemorrhoidectomy (လိပ်ခေါင်းဖြတ်ခြင်း)

လိပ်ခေါင်းဖြတ်ခြင်း ဆိုတာ ဘာလဲ။ လိပ်ခေါင်းဖြတ်ခြင်းဟာ လိပ်ခေါင်းရောဂါကို ကုသတဲ့ နည်းလမ်းတမျိုးဖြစ်ပါတယ်။ လိပ်ခေါင်းဆိုတာဟာ သင့်စအိုဝမှာရှိနေတဲ့ ခပ်ပျော့ပျော့ အသားလုံးတွေကို ဆိုလိုပြီး ဝမ်းသွားတဲ့အခါ လိပ်ခေါင်းကနေ အလွယ်တကူ သွေးယိုနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်လေ့မရှိပေမယ့် ယားယံမှုကိုတော့ ဖြစ်စေပါတယ်။ လိပ်ခေါင်းဟာ ကြီးလာရင် စအိုကတဆင့် အပြင်ကို ထွက်လာနိုင်တဲ့အတွက် အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အလုံးအဖြစ် စမ်းမိနိုင်ပါတယ်။ လိပ်ခေါင်းတွေဟာ အချိန်အတိုင်းအတာ တခုအတွင်းမှာ တဖြည်းဖြည်း ကြီးလာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းဖြစ်နိုင်သလို မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းတွေ ပိုဆိုးလာလေ့ရှိပါတယ်။   လိပ်ခေါင်းဖြတ်ဖို့ ဘာလို့လိုအပ်တာလဲ။ ရေများများသောက်ခြင်း၊အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များများစားပေးခြင်း အစရှိတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့လည်း လိပ်ခေါင်းရောဂါကို ကုသနိုင်ပြီး ဒီနည်းလမ်းတွေနဲ့ မလုံလောက်တော့ဖူးဆိုရင်တော့ ဆေးခန်းပြဖို့ လိုပါပြီ။ သားရေကွင်းချည်ခြင်း၊ဆေးထိုးခြင်း စတဲ့ နည်းလမ်းတွေနဲ့လည်း လိပ်ခေါင်းကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Reduction Surgery (ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း)

ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ရင်သားမှာ ပိုနေတဲ့ အဆီတွေ၊ အရေပြားတွေကို ဖယ်ထုတ်ပြီး သေးငယ်ပါးလျားစေဖို့ ခွဲစိတ်ပုံသွင်းခြင်း ဖြစ်ပါတယ်။ ရင်သားကြီးမားလွန်းပြီး စိတ်အနှောက်အယှက် ဖြစ်ရသူတွေအတွက် ဒီခွဲစိတ်မှုဟာ အထောက်အကူ ပြုပါတယ်။ ဒီခွဲစိတ်မှုဟာ ကိုယ်ခန္ဓါနဲ့ ရင်သား အချိုးအစား ကိုက်ညီမှုရှိစေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကာ လှုပ်ရှားသွားလာနိုင်စေပါတယ်။ ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း ဘာကြောင့် ပြုလုပ်သလဲ ဒီခွဲစိတ်ခြင်းဟာ သင့်ရဲ့ကိုယ်ပိုင် အလေးထားစရာ ကိစ္စဖြစ်တာမို့ သင့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ အောက်ပါအခြေအနေတွေမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ - ခွဲစိတ်မှုခံယူရန် ကျန်းမာရေးကောင်းမွန်ခြင်း - ဆေးလိပ်မသောက်ခြင်း - ရင်သားများကြီးမားလွန်း၍ စိတ်အနှောက်အယှက် ဖြစ်နေခြင်း - ရင်သားများကြောင့် ကိုယ်လက်လှုပ်ရှားမှု အကန့်အသတ်ရှိနေခြင်း - ရင်သားအလေးချိန်ကြောင့် ကျော၊ လည်ပင်နှင့် ပခုံးများ နာကျင်မှုရှိခြင်း - ရင်သားကြီးခြင်းကြောင့် ဘရာစီယာကြိုးရာများ အမြောင်းလိုက်ပေါ်နေခြင်း - ရင်သားတွန့်သည့်အောက်တွင် အရေပြား […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Uplift (ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း)

ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုဖြစ်ပြီး ရင်သားမှာ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ပုံသွင်းခြင်း ဖြစ်ပါတယ်။ အရေပြားနဲ့ တစ်သျှူးများကို ငယ်စဉ်ကလိုပဲ တင်းရင်းအောင် ပြန်လည်ပြုပြင် ခွဲစိတ်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နို့သီးခေါင်းပတ်လည်က တဖြည်းဖြည်း ကြီးထွားလာတဲ့ အရောင်မည်းခြင်းကို လျှော့ချနိုင်ပါတယ်။ ရင်သားလျော့ရဲစေတဲ့ အကြောင်းရင်းတွေကတော့ - ကိုယ်ဝန်ရှိခြင်း - ကလေးနို့တိုက်နေခြင်း - ကိုယ်အလေးချိန် အတက်အျကရှိခြင်း - အသက်အရွယ်ကြီးလာခြင်း - မြေဆွဲအား - မျိုးရိုးလိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။   ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း ဘာကြောင့် ပြုလုပ်သလဲ ကိုယ်ဝန်ရှိချိန်၊ နို့တိုက်ချိန်၊ ကိုယ်အလေးချိန် ကျချိန်တွေမှာ ရင်သားတင်းရင်းခြင်းကို အဓိက ပျက်စီးစေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတာနဲ့အမျှ ရင်သားတွေဟာ လျော့ရဲ့လာပါတယ်။ အောက်ပါအခြေအနေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ရင်သားခွဲစိတ်ခြင်းကို လုပ်ဆောင်ပါတယ်။ - ရင်သားနှစ်ဘက် လျော့ရဲတွဲကျနေခြင်း - ရင်သားများ ပျော့အိလျော့ရဲကာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း