backup og meta

Breast Uplift (ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ

    ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုဖြစ်ပြီး ရင်သားမှာ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ပုံသွင်းခြင်း ဖြစ်ပါတယ်။ အရေပြားနဲ့ တစ်သျှူးများကို ငယ်စဉ်ကလိုပဲ တင်းရင်းအောင် ပြန်လည်ပြုပြင် ခွဲစိတ်ခြင်း ဖြစ်ပါတယ်။

    ဒါ့အပြင် နို့သီးခေါင်းပတ်လည်က တဖြည်းဖြည်း ကြီးထွားလာတဲ့ အရောင်မည်းခြင်းကို လျှော့ချနိုင်ပါတယ်။

    ရင်သားလျော့ရဲစေတဲ့ အကြောင်းရင်းတွေကတော့

    – ကိုယ်ဝန်ရှိခြင်း

    – ကလေးနို့တိုက်နေခြင်း

    – ကိုယ်အလေးချိန် အတက်အျကရှိခြင်း

    – အသက်အရွယ်ကြီးလာခြင်း

    – မြေဆွဲအား

    – မျိုးရိုးလိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း ဘာကြောင့် ပြုလုပ်သလဲ

    ကိုယ်ဝန်ရှိချိန်၊ နို့တိုက်ချိန်၊ ကိုယ်အလေးချိန် ကျချိန်တွေမှာ ရင်သားတင်းရင်းခြင်းကို အဓိက ပျက်စီးစေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတာနဲ့အမျှ ရင်သားတွေဟာ လျော့ရဲ့လာပါတယ်။

    အောက်ပါအခြေအနေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ရင်သားခွဲစိတ်ခြင်းကို လုပ်ဆောင်ပါတယ်။

    – ရင်သားနှစ်ဘက် လျော့ရဲတွဲကျနေခြင်း

    – ရင်သားများ ပျော့အိလျော့ရဲကာ တင်းရင်းမှု မရှိတော့ခြင်း

    – နို့သီးခေါင်းနှစ်ခု အောက်စိုက်နေခြင်း

    – ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်း၍ တင်းအားလျော့ကာ အရေပြားများ တွန့်လာခြင်း

    များသောအားဖြင့် အမျိုးသမီးများဟာ ဒီခွဲစိတ်ခြင်းကို ခံယူပြီးချိန်မှာ ကျေနပ်မှုရှိကြပါတယ်။ ဒါပေမယ့် ရင်သားကြီးမားအောင် ခွဲစိတ်ခြင်းနဲ့ ပေါင်းစပ်ရင် ပိုပြီး ကြည့်ကောင်းပါတယ်။

    ခွဲစိတ်မှုမလုပ်ခင်မှာ သတိပြုရမယ့်အချက်တွေကို သိထားဖို့ အရေးကြီးပါတယ်။ သိလိုတာတွေရှိရင် ဆရာဝန်ကို မေးမြန်းပါ။

    ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း ပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ

    ခွဲစိတ်မှုကို မေ့ဆေးနဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မခွဲစိတ်ခင် ၆နာရီလောက်ကစပြီး အစာမစားဖို့ သင့်ကို ညွှန်ကြားပါလိမ့်မယ်။ အဓိကကတော့ မေ့ဆေးဆရာဝန်ရဲ့ အကြံဉာဏ်ကို လိုက်နာဖို့ပါပဲ။

    ဆေးရုံမှာ သူနာပြုတွေဟာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်း၊ ဆီးစစ်ခြင်း စတာတွေကို လုပ်ဆောင်ပေး ပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်ဟာလည်း ဘယ်တွေပြင်ဆင် ထားရမယ်ဆိုတာ ညွှန်ကြားပါလိမ့်မယ်။ မခွဲစိတ်ခင် ရင်သားဓါတ်မှန် ရိုက်ဖို့ လိုအပ်ပါတယ်။

    ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းကို မပြုလုပ်မီ ဘာတွေ ပြင်ထားရမလဲ

    ခွဲစိတ်မှုကို မေ့ဆေးနဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မခွဲစိတ်ခင် ၆နာရီလောက်ကစပြီး အစာမစားဖို့ သင့်ကို ညွှန်ကြားပါလိမ့်မယ်။ အဓိကကတော့ မေ့ဆေးဆရာဝန်ရဲ့ အကြံဉာဏ်ကို လိုက်နာဖို့ပါပဲ။

    ဆေးရုံမှာ သူနာပြုတွေဟာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်း၊ ဆီးစစ်ခြင်း စတာတွေကို လုပ်ဆောင်ပေး ပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်ဟာလည်း ဘယ်တွေပြင်ဆင် ထားရမယ်ဆိုတာ ညွှန်ကြားပါလိမ့်မယ်။ မခွဲစိတ်ခင် ရင်သားဓါတ်မှန် ရိုက်ဖို့ လိုအပ်ပါတယ်။

    ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းကို ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ

    ခွဲစိတ်မှုဟာ မိနစ် ၉၀ ထိ ကြာနိုင်ပါတယ်။

    ခွဲစိတ်ဆရာဝန်ဟာ နို့သီးခေါင်းပတ်လည်မှာ ခွဲစိတ်ရာပေးပြီး နို့သီးခေါင်းရဲ့ အောက်ခြေကို ခွဲပါလိမ့်မယ်။ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ရင်သားကို ပြန်လည်ပုံသွင်းပါတယ်။ နို့သီးခေါင်းကို ပိုမြင့်လာအောင် မြှင့်တင်ပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ခွဲစိတ်ပြီး ဘာတွေဖြစ်နိုင်သလဲ

    ရင်သားတွေ အရောင်ပြောင်းသွားပြီး တင်းမာပြီး ဖောင်းလာနိုင်ပါတယ်။ ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။

    ၂ပတ်၃ပတ်အတွင်း ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါတယ်။ အလုပ်အမျိုးအစားပေါ် မူတည်ပြီး ၂ပတ်လောက်ကြာရင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။ ၂ပတ်လောက်ကြာပြီးတဲ့အထိ လှုပ်ရှားမှု အမျိုးအစားတွေကို (ဥပမာ ကလေးချီခြင်း) ကန့်သတ်ထားနိုင်ပါတယ်။

    လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်၇ှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ခွဲစိတ်မှုရဲ့ရလာဒ်ဟာ ၆လအတွင်း တဖြည်းဖြည်းနဲ့ သက်သာကောင်းမွန်လာပါလိမ့်မယ်။ ရင်သားများဟာ နူးညံ့လာပြီး သဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement